28 C
Yangon
- Advertisement -spot_img

TAG

khit thit news

ဟိုပင်မြို့ပေါ်တွင် ကလေး ၂ ဦး အပါအဝင် မိသားစုဝင် ၆ ဦး အသတ်ခံရသည့် ၆ လောင်းပြိုင် လူသတ်မှုဖြစ်ပွား

ရန်ကုန်၊ မတ် ၅ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ မြသာယာရပ်ကွက်တွင် ကလေးငယ် ၂ ဦးအပါအဝင် မိသားစု ၆ ဦး ရက် ရက်စက်စက် သတ်ဖြတ်ခံလိုက်ရသည့် ၆ လောင်းပြိုင် လူသတ်မှုဖြစ်ပွားကြောင်း ဟိုပင်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။ ယမန်နေ့ မတ်လ...

ပန်းတောင်းမြို့နယ် ကပစ ၁၆ ကို AA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေ၊ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲခုခံ နေ

ရန်ကုန်၊ မတ် ၅ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ကပစ ၁၆ ကို AA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ခုခံတိုက်ခိုက်နေကြောင်း တော်လှန်ရေးစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လဆန်းပိုင်းမှ စတင်ပြီး ပန်းတောင်းမြို့နယ် အခြေစိုက်...

စစ်အုပ်စုက CEIR စနစ်ဖြင့် မိုဘိုင်းလ်ဖုန်းအသုံးပြုမှုများကို စောင့်ကြည့်သည့်အပြင် မိုဘိုင်းလ်ဖုန်းဟန်းဆက်များအပေါ် အခွန်ကောက်မည်

ရန်ကုန်၊ မတ် ၅ အကြမ်းဖက်စစ်အုပ်စုက ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ Central Equipment Identity Register (CEIR) စနစ်ကို စတင်အသုံးပြုပြီး မိုဘိုင်းလ်ဖုန်းအသုံးပြုသူများကို စောင့်ကြည့်မည့်အပြင် ဖုန်းဟန်းဆက်များအပေါ်တွင်လည်း အခွန်များ ကောက်ခံသွားမည်ဖြစ်ကြောင်း စစ်တပ်၏ ယနေ့ ထုတ်ပြန်ချက်အရ သိရှိရသည်။ CEIR...

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၂ ဦးကို ဖမ်းဆီးရရှိ

ရန်ကုန်၊ မတ် ၅ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်တွင် တရားမဝင် ခိုးဝင်လာသော မြန်မာနိုင်ငံသားများကို ကားဖြင့် သယ်ဆောင်လာစဉ် ထိုင်းအာဏာပိုင်များက ကြားဖြတ်ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။ ယမန်နေ့ မတ်လ ၄ ရက် ည ၁၁ နာရီအချိန် မဲဆောက်မြို့နယ်၊ မဲကုကျေးရွာအုပ်စုရှိ မဲကုသစ်-သာ့ဆွန်း လမ်းပိုင်းတွင်...

မြင်းခြံနှင့် ပုလဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု အသက် ၇ နှစ်အရွယ် ကလေး ၁ ဦးပါအဝင် ပြည်သူ ၆ ဦးသေဆုံး

ရန်ကုန်၊ မတ် ၅ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က နဘူးအိုင်ကျေးရွာ ဘုန်းကြီးကျောင်းသို့ ဒရုန်းဖြင့် ဗုံးကျဲခြင်းကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယမန်နေ့ မတ်လ...

မြန်မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုများ ပိုမိုပြင်းထန်စွာ ချမှတ်မည့် BRAVE Burma Act ဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော်သို့ အမတ် ၄ ဦးက တင်သွင်း၊ အောက်လွှတ်တော်တွင် အတည်ပြုပြီး အထက် လွှတ်တော်သို့ ဥပဒေကြမ်း ရောက်ရှိလာ

ရန်ကုန်၊ မတ် ၅ မြန်မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုများ ပိုမိုပြင်းထန်စွာ ချမှတ်ရေးအတွက် BRAVE Burma Act ဥပဒေ ကြမ်းကို အမေရိကန်အထက်လွှတ်တော်သို့ တင်သွင်းလိုက်ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ်များက သတင်းထုတ်ပြန်သည်။ မတ်လ ၄ ရက်နေ့တွင် အမေရိကန်အထက်လွှတ်တော်အမတ်များဖြစ်ကြသည့် Chris Van Hollen နှင့် Todd Young...

အကြမ်းဖက် ဇော်မင်းထွန်းက စက်သုံးဆီ ပြတ်လပ်စရာမရှိဘဲ လုံလောက်သည်ဟု​ ပြောဆိုသော်လည်း ဆီဆိုင်များတွင် လိုသလောက်ဝယ်မရတော့ဘဲ ကြိတ်ကြိတ်တိုး တန်းစီနေရပြန်

ရန်ကုန် ၊ မတ် ၅ အကြမ်းဖက် ဇော်မင်းထွန်းက မြန်မာနိုင်ငံတွင် စက်သုံးဆီ ပြတ်လပ်ရန် မရှိဘဲ အလုံအလောက်ရှိသည်ဟု ယမန်နေ့ ပြောဆိုခဲ့သော်လည်း ပြည်သူများက ယုံကြည်ခြင်းမရှိဘဲ ယနေ့တွင်လည်း နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန် အပါအဝင် တစ်နိုင်ငံလုံးရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီရရှိရေး တိုးကြိတ် ဝယ်ယူနေရကာ...

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲ အသိအမှတ်မပြုရန်နှင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရေး တားဆီးပေးရန် CHRO က ဩစတြေးလျလွှတ်တော်တွင် သက်သေထွက်ဆိုရင်း တောင်းဆို

ရန်ကုန်၊ မတ် ၅ မြန်မာစစ်တပ်၏ ရွေးကောက်ပွဲ တရားမဝင်ဘဲ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရေး ကူညီပေးရန် ချင်းလူ့အခွင့်အရေးအဖွဲ့-CHRO က ဩစတြေးလျလွှတ်တော်တွင် သက်သေထွက် တောင်းဆိုလိုက်သည်။ မတ်လ ၃ ရက်နေ့ ဩစတြေးလျ အထက်လွှတ်တော်၊ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကော်မတီက ပြုလုပ်သည့် "မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့်...

စစ်တပ်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ၅ နှစ် သက်တမ်း ၁ ကြိမ်သာလျှင် တာဝန်ထမ်းဆောင်ရန် သတ်မှတ်မည်ဟုဆို

ရန်ကုန်၊ မတ် ၅ အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို တာဝန်ထမ်းဆောင်မည့် နောက်တိုး မျိုးဆက်သစ် စစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၅ နှစ်သက်တမ်း ၁ ကြိမ်သာလျှင် တာဝန်ထမ်းဆောင်ရန် သတ်မှတ်မည်ဟု သိရှိရကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ စစ်အာဏာရှင် သန်းရွှေ၏ ရွေးချယ်မှုဖြင့်...

တနင်္သာရီမြို့နယ်၊ တမုတ်ချုံရွာတွင် တပ်စွဲထားသော စစ်တပ်နှင့် PDF တပ်များ ၈ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ မတ် ၄ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် PDF တပ်များ ၈ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပကဖ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ...

Latest news

- Advertisement -spot_img