24.2 C
Yangon
- Advertisement -spot_img

TAG

news

ဆောမြို့နယ်၊ ကံချောင်းကျေးရွာအနီးသို့ စစ်တပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၁၃ မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်၊ ကံချောင်းကျေးရွာအနီးသို့ အကြမ်းဖက်စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိုဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စပါးခင်းများပျက်စီးခဲ့ကြောင်း ယောအလင်း တန်းမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်...

ပင်လောင်းနှင့် ဖယ်ခုံတွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး ပြည်သူ ၂၀၀ ကျော်ကိုလည်း စစ်တပ်က ဖမ်းဆီးထား

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့်ဖယ်ခုံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး ပြည်သူ ၂၀၀ ကျော်ကိုလည်း စစ်တပ်က ဖမ်းဆီးထားကြောင်း KNDF ဗဟို...

တနင်္သာရီတိုင်း၊ ခမောက်ကြီးတွင် ခြေလျင်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၃ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီးတွင် အကြမ်း ဖက်စစ်တပ် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ကော့ သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်...

မြောင်မြို့နယ်၊ မကျည်းဘုတ် နှင့် တွင်းကြီးကျေးရွာအကြားသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၁ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၁၃ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မကျည်းဘုတ်ကျေးရွာနှင့် တွင်းကြီးကျေးရွာအကြားရှိ ပြည်သူပိုင် ကြက်ခြံကို အကြမ်းဖက်စစ်တပ်က လေ ယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၁ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ကြက်ခြံမီးလောင်ကာ ကြက်များစွာသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၂...

သပိတ်ကျင်းရှိ အမှတ် ၁၃ တပ်မတော် တန်းမြှင့်သင်တန်းကျောင်း၊ ၇ မိုင်စခန်းနှင့်ကျောက်ကြီးစခန်း တို့ကို ပိတ်ဆို့တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၁၃ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၁၃ တပ်မတော် တန်းမြင့်သင်တန်းကျောင်း၊ ၇ မိုင်စခန်းနှင့်ကျောက်ကြီးစခန်းတို့ကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိ ကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော် - PLA က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၇ နာရီအချိန်...

မင်းတပ်နှင့်ဖလမ်းမြို့တို့ကို ချင်းညီနောင်တပ်များနှင့် မဟာမိတ်အဖွဲ့ တချို့ တို့က တိုက်ခိုက်နေပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ချင်းပြည်နယ်၊ မင်းတပ်နှင့်ဖလမ်းမြို့တို့ကို ချင်းညီနောင်တပ်များနှင့် မဟာမိတ်အဖွဲ့ တချို့ တို့က တိုက်ခိုက်နေပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်နေကြောင်း ချင်းညီ နောင်တပ်ဖွဲ့မှ တာဝန်ရှိသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။ နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ မင်းတပ်မြို့နှင့် ဖလမ်းမြို့ရှိ စစ်ကောင်စီအခြေပြု စစ်စခန်းများကို တစ်ပြိုင်နက်တည်း...

ကုန်းတွင်းပိတ် လာအိုနိုင်ငံရှိ အထည်ချုပ်၊ ကုန်ထုတ်စက်ရုံများနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများ ရန်ကုန်လေဆိပ်မှ စတင်စေလွှတ်

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ကုန်းတွင်းပိတ် လာအိုနိုင်ငံရှိ အထည်ချုပ်စက်ရုံ၊ ကုန်ထုတ်စက်ရုံများနှင့် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းခွင်များသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများကို ရန်ကုန်လေဆိပ်မှ စတင်စေလွှတ်နေပြီဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်းက ပြောဆိုသည်။ နိုဝင်ဘာလဆန်းပိုင်းမှစတင်၍ ပြည်ပအလုပ်အကိုင်အေဂျင်စီများက လာအိုနိုင်ငံသို့ MOU စနစ်ဖြင့် ပထဆုံးအကြိမ်အဖြစ် အလုပ်သမားများ စတင်စေလွှတ်နေခြင်းဖြစ်ပြီး အလုပ်သမားအရေအတွက် ၅၀၀...

အုတ်ဖို၊ ရေကာတာကျေးရွာမှ ကျန်းမာရေးမကောင်း၍ အိပ်ရာထဲလဲနေသူ လူငယ် ၁ ဦးကို စစ်မှုထမ်း အပတ်စဉ် ၇ တွင် နာမည်စာရင်းပါသည်ဟုဆိုကာ စစ်တပ်က ခေါ်ဆောင် ဖမ်းဆီးသွား၊ မင်းလှနှင့်ပေါင်းတည်တို့တွင် စစ်တပ်က ပေါ်တာဆွဲမှုနှင့်ငွေတောင်းမှုများ လုပ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရေကာတာကျေးရွာမှ ကျန်းမာရေးမကောင်း၍ အိပ်ရာထဲလဲနေသူ လူငယ် ၁ ဦးကို စစ်မှုထမ်း အပတ်စဉ် ၇ တွင် နာမည်စာရင်းပါသည်ဟုဆိုကာ စစ်တပ်က ခေါ်ဆောင် ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသော လူငယ်၏ မိတ်ဆွေတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နို၀င်ဘာလ ၈...

မင်းအောင်လှိုင် တရုတ်မှ ပြန်လာပြီးနောက် ကရင်နီ၊ ရခိုင်နှင့် ရှမ်းမြောက်တို့ တွင် စစ်ကူ အင်အား အလုံးအရင်းဖြင့် ဖြည့်ဆည်းလာ၊ နိုဝင်ဘာလ တာဝန်ချဇယားအရ စစ်လေယာဉ်အတက်အဆင်း များပြားနေ၍ လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်နိုင်

ရန်ကုန်၊ နိုဝင်ဘာ ၁၃ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံတွင် မဲခေါင်အစည်းအဝေး တက်ရောက်၍ မြန်မာနိုင်ငံ ပြန်လည် ရောက်ရှိလာပြီးနောက် ကယား(ကရင်နီ)၊ ရခိုင်နှင့် ရှမ်းမြောက်တို့တွင် စစ်ကူအင်အားများ အလုံးအရင်းဖြင့် ဖြည့်ဆည်းလာကြောင်း ဒေသတင်းရင်းမြစ်များနှင့် တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မဲခေါင်အစည်းဝေး တက်ရောက်ပြီး...

မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာအုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်မှု စစ်ကောင်စီလက်အောက်ခံတချို့ ထိခိုက်မှုရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်လမ်း(ဘိုခြံလမ်း) ပေါ်ရှိ ၏ ရွှေနံ့သာအုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံတချို့ ထိခိုက်မှုရှိကြောင်း Operation Flame (OF)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီ...

Latest news

- Advertisement -spot_img