25 C
Yangon

ကုန်းတွင်းပိတ် လာအိုနိုင်ငံရှိ အထည်ချုပ်၊ ကုန်ထုတ်စက်ရုံများနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများ ရန်ကုန်လေဆိပ်မှ စတင်စေလွှတ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ကုန်းတွင်းပိတ် လာအိုနိုင်ငံရှိ အထည်ချုပ်စက်ရုံ၊ ကုန်ထုတ်စက်ရုံများနှင့် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းခွင်များသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများကို ရန်ကုန်လေဆိပ်မှ စတင်စေလွှတ်နေပြီဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်းက ပြောဆိုသည်။

နိုဝင်ဘာလဆန်းပိုင်းမှစတင်၍ ပြည်ပအလုပ်အကိုင်အေဂျင်စီများက လာအိုနိုင်ငံသို့ MOU စနစ်ဖြင့် ပထဆုံးအကြိမ်အဖြစ် အလုပ်သမားများ စတင်စေလွှတ်နေခြင်းဖြစ်ပြီး အလုပ်သမားအရေအတွက် ၅၀၀ ဝန်းကျင် လာအိုနိုင်ငံသို့ ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း၊ ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း လာအိုနိုင်ငံရှိ အထည်ချုပ်စက်ရုံများသို့ မြန်မာအလုပ်သမား ၅၀ ဦးဝန်းကျင် ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားကြောင်း သိရှိရသည်။

“အေဂျင်စီ ဝန်ဆောင်ခက Zero Cost ပေမယ့် အေဂျင်စီတချို့က ငွေ ၁၀ သိန်းယူပါတယ်။ သူတို့ဝန်ဆောင်ခအဖြစ်ယူတာပါ။ စိုက်ပျိုးရေး လုပ်ငန်း အထူးသဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ အထည်ချုပ်စက်ရုံ၊ သစ်ချောထည်စက်ရုံတွေနဲ့ အခြားစက်မှု ကုန်ထုတ်စက်ရုံတွေက ခေါ်တာ။ တရုတ်တွေ ရင်းနှီးမြှုပ်နှံထားတဲ့စက်ရုံတွေပါ။ လစာကတော့ မြန်မာငွေနဲ့ဆိုရင် တစ်လကို အနည်းဆုံး ၁၀ သိန်းကျော်လောက်တော့စရတယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး မြင့်နောင်နှင့် လာအို အလုပ် သမားရေးဝန်ကြီး Mrs Baykham Khattiya တို့အကြား နားလည်မှု စာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ပြီးနောက် ယခုနိုဝင်ဘာလဆန်းပိုင်းတွင် MOU စနစ်ဖြင့် လာအိုနိုင်ငံသို့ တရားဝင် ရန်ကုန်လေဆိပ်မှ စတင်စေလွှတ်ခြင်းဖြစ်သည်။

ယခင်ကတည်းက လာအိုနိုင်ငံသို့ မြန်မာ-လာအိုနယ်စပ်ရှိ မဲခေါင်မြစ်ကိုကူး၍ သွားရောက် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား အရေတွက် သောင်းချီရှိနေပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာအလုပ်သမားများ လာအိုနိုင်ငံသို့ MOU စနစ်ဖြင့် စေလွှတ်မှုမှာမူ ယခု နိုဝင်ဘာလအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ အေဂျင်စီဝန်ဆောင်ခ နည်းပါးခြင်း၊ အလုပ်အကိုင်ခေါ်ယူမှု ပေါများခြင်းတို့ကြောင့် လာမည့် လအနည်းငယ်အတွင်း လာအိုနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမား ထောင်ချီ သွားရောက်ကြရန် ရှိနေကြောင်း သိရှိရသည်။

“အမျိုးသမီးတွေ တော်တော်များတယ်။ လာအိုသွားကြမှာက ။ အခုလည်း တင်နေကြပြီ။ လပိုင်းအတွင်းမှာ လာအိုကို မြန်မာအလုပ်သမား သွားရောက်တဲ့ အရေအတွက် ထောင်နဲ့ချီနိုင်တယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီ တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။

အာဆီယံဒေသတွင်း နိုင်ငံတစ်ခုဖြစ်သော လာအိုနိုင်ငံတွင် ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားသား အလုပ် သမားအရေအတွက် ၅၄၀၀၀ ရှိနေပြီး အလုပ်သမား ၂၄၀၀၀ မှာ တရားမဝင် အလုပ်လုပ်နေကြကြောင်း၊ လာအိုနိုင်ငံတွင် လုပ်ခလစာ နည်းပါးသဖြင့် လာအိုနိုင်ငံသားများမှာ ပြည်ပတိုင်းပြည်များသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသဖြင့် လာအိုနိုင်ငံတွင် အလုပ်သမားပြတ်လပ်မှုများရှိနေကြောင်း၊ လာအိုအစိုးရက ယခုနှစ် ဧပြီလတွင် တရား မဝင် နိုင်ငံခြားသား အလုပ်သမားများအား ဗီဇာထုတ်ပေးခြင်းနှင့် တရားဝင်နိုင်ငံခြားသား အလုပ်သမားများအတွက် အလုပ်လုပ်ခွင့် သက်တမ်းတိုးပေးခြင်းတို့ကို လွယ်ကူချောမွေ့စေမည့် အစီအမံအသစ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း လာအိုအစိုးရက တရားဝင် သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လွန်ခဲ့သော လပိုင်းအတွင်း မြန်မာအမျိုးသမီး အလုပ်သမားများကို တွေ့ဆုံနေသော စစ်ကောင်စီ အလုပ်သမားဝန်ကြီး မြင့်နောင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

လွန်ခဲ့သော လပိုင်းအတွင်း မြန်မာအမျိုးသမီး အလုပ်သမားများကို တွေ့ဆုံနေသော စစ်ကောင်စီ အလုပ်သမားဝန်ကြီး မြင့်နောင်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article