25.3 C
Yangon
- Advertisement -spot_img

TAG

news

စလင်းမြို့နယ်တွင် စစ်တပ် ကင်းပုန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး PDF ရဲဘော် ၁ ဦးကျဆုံး၊ စစ်တပ်က ထပ်မံစစ်ကြောင်းနေ၍ တိုက်ပွဲများ ဖြစ်ပွားနေ

ရန်ကုန်၊ အောက်တိုဘာ ၂၉ မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး စစ်တပ်က ထပ်မံစစ်ကြောင်းနေ၍ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေါင်းစစ်အောင် (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ အောက်တိုဘာလ ၂၆ ရက်နေ့တွင်...

လားရှိုးမြို့ကို ယနေ့ တစ်ရက်တည်း လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ပြီး သာသနာ ၂၅၀၀ တောင်ကုန်းနှင့်ဘုန်းကြီးကျောင်းကိုပါ လေယာဉ်ဖြင့် ဗုံးကျဲဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၉ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ယနေ့ တစ်ရက်တည်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ပြီး လားရှိုးမြို့ ၊သာသနာ ၂၅၀၀ တောင်ကုန်းနှင့်ဘုန်းကြီးကျောင်းကိုပါ စစ်လေယာဉ်ဖြင့် ဗုံးကျဲသွားကြောင်း လားရှိုးအခြေစိုက် ဒေသသတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် လေကြောင်းကင်းထောက် NAS ၏ ထုတ်ပြန်ချက်အရ...

စလင်းတွင် အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် တရားခံ ဦးစံ ကို PDF တပ်ဖွဲ့က ဖမ်းဆီးပြီး ပုဒ်မ ၂ ခုဖြင့် အမှုဖွင့် အရေးယူထား

ရန်ကုန်၊ အောက်တိုဘာ ၂၉ မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော တရားခံ ဦးစံ ကို PDF တပ်ဖွဲ့က ဖမ်းဆီးပြီး ပုဒ်မ ၂ ခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ...

စစ်ကောင်စီက ဆိုက်ဘာ ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေပြီး အွန်လိုင်းလိမ်လည်မှုနှင့်ဆက်စပ်သူ တချို့ကို စစ်ခေါင်းဆောင်က ဂုဏ်ပြုတံဆိပ်များပင် ချီးမြှင့်နေဟု ကုလသမဂ္ဂတွင် သံအမတ်ကြီး ပြော

ရန်ကုန်၊ အောက်တိုဘာ ၂၉ အကြမ်းဖက် စစ်ကောင်စီက ဆိုက်ဘာ ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေပြီး အွန်လိုင်းလိမ်လည်မှနှင့်ဆက်စပ်သူတချို့ကို စစ်အုပ်စုအကြီးအကဲက ဂုဏ်ပြုတံဆိပ်များပင် ချီးမြှင့်နေကြောင်း ကုလသမဂ္ဂအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။ အောက်တိုဘာလ ၂၅ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ ၏...

လောင်းလုံးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် တိုက်ခိုက်မှု စစ်သား ၁၃ ဦးထက်မနည်း သေဆုံး၊ စစ်တပ်က ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့

ရန်ကုန်၊ အောက်တိုဘာ ၂၉ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၃ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ ထံမှ သိရသည်။ အောက်တိုဘာလ ၁၂ ရက်နေ့မှ စ၍ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာ ဘုန်းကြီးကျောင်း အတွင်းတပ်စွဲရန်...

နိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် သန်းခေါင်စာရင်းပုံစံ အကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူနေပြီး မဲစာရင်းအဖြစ် အသုံးချ မဲလိမ်မည်ကို နိုင်/ကျဉ်းများ စိုးရိမ်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၉ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် အကျဉ်းသား၊အကျဥ်းသူများ၏ အချက်အလက်များကို ထောင်အာဏာပိုင်များက မေးမြန်းမှုများ ပြုလုပ်လျက်ရှိ၍ အကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်များကို အသုံးချ၍ မဲမသမာမှုများ လုပ်ဆောင်မည်ကို နိုင်ငံရေးအကျဉ်းသားများ စိုးရိမ်ပူပန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ စစ်ကောင်စီ၏ အကျဉ်းဦးစီးဌာန...

နတ်တလင်းတွင် စစ်တပ်နှင့်ရဲများ၏ ဆိုင်ကယ်ယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၉ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက်စစ်သားများနှင့် ရဲများ စီးနင်းလာသော ဆိုင်ကယ်ယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ - Phoenix D F...

ချောက်တွင် ၄ ရက်ကြာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ဦးကျဆုံး၊ စစ်ကောင်စီတပ်က ပြည်သူ ၂ ဦးကိုသတ်ဖြတ်ပြီး နေအိမ် အလုံး ၅၀ ကျော်မီးရှို့ဖျက်ဆီး

ရန်ကုန်၊ အောက်တိုဘာ ၂၉ မကွေးတိုင်း၊ ချောက်မြို့နယ်တွင် ၄ ရက်ကြာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး တော် လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးကြောင်း၊ စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ နေအိမ်အလုံး ၅၀ ကျော် ကို မီးရှို့ဖျက်ဆီးသွားကြောင်း Chauck...

နောင်ချိုနှင့်လာရှိုးမြို့တို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ၊ MDY PDF ထိန်းသိမ်းထားသော စစ်သုံ့ပန်း ၈ ဦး အပါအဝင် လူ ၁၂ ဦးသေဆုံးပြီး လူ ၆၀ ဦးထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၉ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုနှင့်လာရှိုးမြို့တို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။ ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၅၈ မိနစ်အချိန် လားရှိုးမြို့ကို လေယာဉ်ဖြင့် ဗုံးကျဲချသွားခဲ့ပြီး နေရာ အတိအကျ မသိရှိရသေးကြောင်း၊...

ရွှေတောင်မြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် စာရင်း လာရောက်ကောက်ယူသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေး အေးမင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး၊ “PDF မကြောက်၍ တစ်ယောက်တည်းသွားလာနေတာကွ” ဟု စာရေး အေးမင်းနိုင်က ကြွေးကြော်ခဲ့

ရန်ကုန်၊ အောက်တိုဘာ ၂၉ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် စာရင်း လာရောက်ကောက်ယူသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေး အေးမင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်းမှ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်...

Latest news

- Advertisement -spot_img