31.1 C
Yangon
- Advertisement -spot_img

TAG

news

စစ်ကောင်စီက ဓာတုပစ္စည်းများ အသုံးပြု တိုက်ခိုက်နေသည့် အထောက်အထားများ ရှိနေပြီးကုလသမဂ္ဂ နှင့်OPCW စာချုပ်အဖွဲ့က စုံစမ်းစစ်ဆေးအရေးယူရန် သံအမတ်ကြီးဦးကျော်မိုးထွန်း တောင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၂၄ မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် စစ်ကောင်စီက ဓာတုပစ္စည်းများ အသုံးပြု တိုက်ခိုက်နေသည့် မှတ်တမ်းအထောက်အထားများ ရှိနေပြီး နိုင်ငံတကာနှင့် ဓာတုလက်နက်အသုံးပြုမှု ပိတ်ပင်ရေးဆိုင်ရာအဖွဲ့အစည်း (OPCW) နှင့် စာချုပ်အဖွဲ့ဝင်နိုင်ငံများက စုံစမ်းစစ် ဆေးအရေးယူရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။ ယမန်နေ့ အောက်တိုဘာလ...

ကလေးမြို့တွင် ပျူစောထီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်သွား

ရန်ကုန်၊ အောက်တိုဘာ ၂၄ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အောက်တိုဘာ ၂၂ ရက်နေ့ညနေပိုင်း ကလေးမြို့တောင်ဘက်အထွက် စစ်တပ်စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့ ပျူစောထီးတစ်ဦး သေနတ်နဲ့မိမိကိုယ်ကို အဆုံးစီရင် သတ်သေသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ "မြို့တောင်ဘက် ဖောင်ကူးတံတားမှာ သတ်သေသွားတာ။ ဘာကြောင့်ဆိုတာတော့မသိရဘူး" လို့ ကလေးမြို့ခံတစ်ဦးကပြောပါတယ်။ ကလေးမြို့မှာ စစ်ကောင်စီက ပြည်သူတွေကို ရှောင်တခင်စစ်ဆေးတာ၊...

ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှ အသက် ၆၀ ကျော်အရွယ် ဦးကြောင်ပိုကို စစ်တပ်က ခေါင်းဖြတ်သတ်ဖြတ်သည့်အပြင် အမျိုးသားလိင်အင်္ဂါကို ဖြတ်တောက်ကာ ဦးခေါင်းပြတ်၏ ပါးစပ်ထဲသို့ ထိုးထည့်ထားခဲ့

ရန်ကုန်၊ အောက်တိုဘာ ၂၄ အကြမ်းဖက်စစ်တပ်က ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှ အသက် ၆၀ ကျော်အရွယ် ဦးကြောင်ပိုကို စစ်တပ်က ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည့်အပြင် ၎င်း၏ အမျိုးသားလိင်အင်္ဂါကိုပါ ဖြတ်တောက်၍ ဦးခေါင်းပြတ်၏ ပါးစပ်ထဲထိုးထည့်ကာ ခေါင်းပြတ်ကို ခြံစည်းရိုးတွင် ချိတ်ဆွဲခဲ့ကြောင်း ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှ ကျေးရွာပကဖ တာဝန်ခံ ကိုမိုးသောက်က...

မိုးညှင်းထောင်တွင် နိုင်/ကျဉ်းများများထံမှ ထောင်အာဏာပိုင်များက ခြိမ်းခြောက် ငွေတောင်းသည့်အပြင် ကျန်းမာရေးမကောင်းလျှင် ဆေးဝါးကုသခွင့်မရ ၊ မိတ္တီလာအကျဉ်းထောင်တွင် သန့်ရှင်းမှုရှိသော သောက်ရေနှင့်ချိုးရေ မရဖြစ်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၄ ကချင်ပြည်နယ် မိုးညှင်းဗဟိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသူအကျဉ်းသားအားလုံးကို ထောင်အာဏာပိုင်များက အကြောင်းအမျိုးမျိုးပြ ငွေကြေးတောင်းခံခြင်းအပြင် ကျန်းမာရေးမကောင်းမွန်ချိန် ဆေးဝါးကုသခွင့်လည်း မရရှိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ထောင်အာဏာပိုင်များက ထောင်အတွက်ကုန်ကျစရိတ်များ အပါအဝင် ထောင်တွင်း အဆောက်အအုံပြင်ဆင်မှုပိုင်းဆိုင်ရာကုန်ကျစရိတ်များအတွက်ကိုပါ အကျဉ်းသားများထံမှ အကြောင်းအမျိုးမျိုးပြ ငွေကြေးတောင်းခံနေကြောင်း သိရှိရသည်။ "...

ပြည်သူ ၆ ဦးသေဆုံးခဲ့သော မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာအပေါ် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပြီးတွင်လည်း ဒေသပြည်သူများ စိုးရိမ်ထိတ်လန့် စစ်ဘေးရှောင်နေရဆဲ

ရန်ကုန်၊ အောက်တိုဘာ ၂၄ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၁၀ တန်းကျောင်းသူ ၁ ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီးနောက် ပြည်သူများမှာ လေကြောင်းအန္တရာယ်ကြောက်ရွံ့၍ ဆက်လက် စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း ဒေသ ပြည်သူများ...

“စီးပွားရေးတွေ ဦးမော့လာပြီ”

ကာတွန်း-ဝေယံ(တောင်ကြီး) #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကုန်းတွင်းပိတ် လာအိုနိုင်ငံသို့ မြန်မာအလုပ်သမားများ MOU စနစ်ဖြင့် စေလွှတ် အလုပ်လုပ်ခွင့်ရေး စစ်ကောင်စီနှင့်လာအိုတို့အကြား လက်မှတ်ရေးထိုး

ရန်ကုန်၊ အောက်တိုဘာ ၂၄ ယခင်က မြန်မာနိုင်ငံထက် များစွာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့သော ကုန်းတွင်းပိတ် လာအိုနိုင်ငံသို့ ယခုအခါ မြန်မာအလုပ်သမားစေလွှတ်နိုင်ရေးအတွက် လာအိုနိုင်ငံနှင့် စစ်ကောင်စီတို့အကြား နားလည်မှု စာချွန်လွှာ(MOU) လက်မှတ်ရေးထိုးလိုက်ကြောင်း သိရှိရသည်။ အောက်တိုဘာလ ၂၁ ရက်နေ့ စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး မြင့်နောင်နှင့် လာအို အလုပ်သမားရေးဝန်ကြီး...

ပေါင်းတည်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်၊ ထန်တလန်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ

ရန်ကုန်၊ အောက်တိုဘာ ၂၄ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်းမှ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၂၂ ရက်နေ့ ည ၉ နာရီခွဲအချိန် ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့တွင် စစ်အင်အား...

မြန်မာနိုင်ငံတစ်ဝန်း ၃ လအတွင်း စစ်ပွဲများနှင့် စစ်တပ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂၄၄ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၃ မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လမှ စက်တင်ဘာလအထိ ၃ လအတွင်း တိုက်ပွဲများနှင့် စစ်တပ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂၄၄ ဦးသေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က ၂၀၂၄ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးသူ ၁၀၄၄...

မန္တလေးတွင် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဟုဆိုကာ စည်ပင်၊ စစ်တပ်နှင့်ရဲ အပါအဝင် အဖွဲ့ပေါင်းစုံက ကုန်သိုလှောင်ရုံနှင့်ဂိုဒေါင်များ ဝင်ဖောက်၊ တရားဝင် တင်သွင်းထားသော ကုန် ပစ္စည်းများကိုပါ ဖမ်းဆီးပြီး မဖမ်းစေလိုပါက ဆက်ကြေးပေးရမည်ဟု ခြိမ်းခြောက်တောင်း

ရန်ကုန်၊ အောက်တိုဘာ ၂၄ မန္တလေးတွင် စျေးချို အပါအဝင် ကုန်တိုက်များ၊ စတိုးဆိုင်များ၊ အရောင်းဆိုင်များတွင် တရားမဝင်ကုန်စည်တိုက်ဖျက်ရေးဟုဆိုကာ စည်ပင်၊ စစ်တပ်နှင့်ရဲ အပါအဝင် အဖွဲ့ပေါင်းစုံက ကုန်သိုလှောင်ရုံနှင့်ဂိုဒေါင်များ ဝင်ဖောက်စစ်ဆေးပြီး တရားဝင် တင်သွင်းထားသော ကုန်ပစ္စည်းများကိုပါ ဖမ်းဆီးသိမ်းဆည်းမှုများ လုပ်ဆောင်နေကြောင်း မန္တလေးမှ ကုန်စုံဆိုင်များနှင့် ကုန်စည်ဒိုင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

Latest news

- Advertisement -spot_img