28 C
Yangon
- Advertisement -spot_img

TAG

news

မြန်မာစစ်အုပ်စု က လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများကို မြေလှန်ဖျက်ဆီးနေဟု HRW ပြော

ရန်ကုန်၊ ဇန်နဝါရီ ၁၇ မြန်မာစစ်အုပ်စု ဟာ သူတို့လက်လွှတ်ဆုံးရှုံး လိုက်ရတဲ့ မြို့တွေ ကို မြေလှန်ဖျက်ဆီးတဲ့ နည်းဗျူဟာပိုမိုအသုံးပြုလာတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က မနေ့ဇန်နဝါရီ ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေမှာ အထိနာပြီး ဆုံးရှုံးမှုတွေ ဆက်တိုက်ဖြစ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေမှာ...

မြ၀တီတွင် တရုတ်နိုင်ငံသားများ လူကုန်ကူးခံရပြီးနောက် ထိုင်းအစိုးရနှင့်ထိုင်းစစ်တပ်က တရုတ်ခရီးသွားများကို ပြန် လည် ဆွဲဆောင်ရန် ဘေးကင်းလုံခြုံရေး စီမံချက်များ ချမှတ် အကောင်အထည်ဖော်

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်အခြမ်းရှိ တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းများက တရုတ်နိုင်ငံသားများကို လူကုန်ကူးမှုများဖြစ်ပွားပြီးနောက် ထိုင်းအစိုးရနှင့်ထိုင်းစစ်တပ်က တရုတ်ခရီးသွားများကို ပြန်လည် ဆွဲဆောင်ရေးနှင့် တရုတ်ခရီးသည်များ ဘေးကင်းလုံခြုံရေး စီမံချက်များ ချမှတ် အကောင်အထည်ဖော်နေကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ထိုင်းခရီးသွားအာဏာပိုင်များ၊ ထိုင်းရဲ၊ စစ်တပ်နှင့်...

ကော့သောင်း မြို့အဝင် စစ်ဆေးရေးဂိတ်တွင် စကခ ၂၀ ဌာနချုပ် ရန်ပုံငွေ အဖြစ် အရာခံ ဗိုလ်စိုးနိုင်က ပြည်သူများ ထံမှ ငွေကျပ် သိန်းချီ အတင်းအဓမ္မ ကောက်ခံနေ

ရန်ကုန်၊ ဇန်နဝါ ၁၇ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် အမှတ် ၂၀ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ရန်ပုံငွေ အတွက်ဟုဆိုကာ မြို့အဝင် စစ်ဆေးရေးဂိတ်တွင် အရာခံ ဗိုလ်စိုးနိုင်က ပြည်သူများ ထံမှ ငွေကျပ် သိန်းချီ အတင်းအဓမ္မ ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့...

KIA နှင့် PDF ပူးတွဲသိမ်းပိုက်ထားသော မော်လူးမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှု အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး အဆောက်အအုံနှင့်နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၁၇ စစ်ကိုင်းတိုင်း၊အင်းတော်မြို့ကို မော်လူးမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှု အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး အဆောက်အအုံနှင့် နေအိမ်အများအပြားပျက်စီးကြောင်း KIA သတင်းရင်းမြစ်နှင့်PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့...

သာယာဝတီထောင်တွင် အကျဉ်းချခံနေရသည့် နိုင်ငံရေးအကျဉ်းသား ကိုသူရအောင် ရုတ်တရက် ကွယ်လွန်သွားခဲ့မှု စုံစမ်းစစ်ဆေးရေးလုပ်ရန် လိုအပ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ကိုသူရအောင်(ခ)ကိုကုလားကြီးသည် ဇန်နဝါရီလ ၅ ရက်နေ့တွင် ရုတ်တရက်နှလုံးဖောက်ခြင်းရောဂါကြောင့် ကျဆုံးခဲ့ရသည်ဟု အကျဥ်းထောင်အာဏာပိုင်များ၏ ထုတ်ပြန်ချက်ကို စုံစမ်းစိစစ် လိုအပ်လျက်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ နိုင်ငံရေးအကျဉ်းသား ကိုသူရအောင်သည် အသက် ၃၂...

နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်းက စစ်အာဏာရှင်ချေမှုန်းရေးဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်းက ဦးဆောင်ကာ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေးဆန္ဒပြခဲ့ကြောင်း သိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia...

ရေစကြိုမြို့နယ်၊ သာဂေါင်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက် ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၇ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာဂေါင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့...

ဖျာပုံ၊ ဒေါငြိမ်းရွာထိပ်တွင် စစ်တပ်က ဂိတ်ဖွင့်ပြီး အဝင်အထွက်လုပ်သော ကားနှင့် ဆိုင်ကယ်များကို ဖမ်းဆီးငွေညှစ်

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် ဒေါငြိမ်းရွာထိပ်တွင် အကြမ်းဖက် စစ်တပ်က ဂိတ်ဖွင့်ပြီး ကားနှင့် ဆိုင်ကယ်များကို ငွေညှစ်နေ၍ ပြည်သူများ ရွာပြင်မထွက်ရဲတော့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလပိုင်းမှ စတင်ပြီး ဖျာပုံမြို့နယ်၊ ဒေါငြိမ်းရွာတွင် အကြမ်းဖက် စစ်သားများနှင့် ဒေါငြိမ်း ရဲကင်းမှူး တို့...

မြ၀တီမြို့သို့ ထိုးစစ်ဆင်နေသော အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခုကို သိမ်းပိုက်မှု လက်နက်ခဲယမ်းအများအပြား ရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ မြဝတီမြို့သို့ ချီတက်ထိုးစစ်ဆင်နေသည့် စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခုကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိနေသော အကြမ်းဖက်...

ခင်ဦးမြို့နယ်၊ အင်တိုင်းကြီးအုပ်စုရှိ ရွှေကူတဲစုရွာကို စစ်တပ်နှင့် ပျူစောထီးများက ဝင်ရောက် မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၁၇ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်တိုင်းကြီးအုပ်စု ရွှေကူတဲစုရွာကို အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး စစ်ကြောင်းဝင်ရောက်ကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဇန်နဝါရီလ ၁၇ရက် နံနက်အစောပိုင်း ၄ နာရီဝန်းကျင်တွင် စစ်ကြောင်းထိုး ဝင်လာပြီး ရွှေကူတဲစုရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကာ...

Latest news

- Advertisement -spot_img