27.4 C
Yangon
- Advertisement -spot_img

TAG

news

မြစ်ကြီးနားနှင့်သံဖြူဇရပ်မြို့နယ်တို့တွင် စစ်တပ်နှင့်ဒေသအုပ်ချုပ်ရေးအဖွဲ့များက လောင်းကစားဝိုင်းများကို ဆက်ကြေးယူပြီး အကြီးအကျယ် ဖွင့်လှစ်ခွင့်ပြုနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တို့တွင် စစ်တပ်နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များက လောင်းကစားဝိုင်းများကို ဆက်ကြေးယူပြီး အကြီးအကျယ် ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုနေကြောင်း ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုဖေဖော်ဝါလနှောင်းပိုင်းအတွင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်တွင် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရန် အချိန်နီးကပ်နေသော်လည်း ခေမာသီရိရပ်ကွက်အတွင်း၌ ညကြီးအချိန်မတော်အထိ ဇာတ်ပွဲများနှင့်...

မြန်မာနိုင်ငံက ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်လာပြီး မြန်မာစစ်တပ်က ပြည်သူများကို ဖမ်းဆီးကာ လူသားမိုင်းရှာစက်အဖြစ် အသုံးပြုနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံက ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်လာကြောင်း ကမ္ဘာ့မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ Landmine and Cluster Munition Monitor ၏ နောက်ဆုံးထုတ်ပြန်သော အစီရင်ခံစာအရ သိရှိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ...

ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲ အများစု အနိုင်ရရှိထားသော်လည်း အစိုးရအဖွဲ့သစ်တွင် အခြားနိုင်ငံ ရေးပါတီများနှင့် တိုင်းရင်းသားများပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရအဖြစ် ဖွဲ့စည်းရန် ဆွေးနွေးနေဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲ အများစု အနိုင်ရရှိထားသော်လည်း အစိုးရသစ်တွင် အခြားနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားများပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်းရန် ဆွေးနွေးမှုများရှိနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖြစ်ပေါ်လာမည့် အစိုးရသစ်တွင် ပါဝင်မည့် နိုင်ငံရေး ရာထူး ဝန်ကြီး၊ ဒုဝန်ကြီးများ...

ရန်ကုန်-မန္တလေး အမြန်လမ်း ၃၉ မိုင် ဘောနက်ကြီးဂိတ်တွင် ခရီးသည်များကို တစ်ဦးလျှင် ငွေကျပ် ၃ သောင်းနှုန်း တောင်းယူပြီး မပေးနိုင်သူများကို စစ်မှုထမ်းအဖြစ် ဖမ်းဆီး ၊ ညောင်ရွှေတွင် လူငယ် ၃၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရန်ကုန်-မန္တလေး အမြန်လမ်းမ ၃၉ မိုင်ရှိ ဘောနက်ကြီးစစ်ဆေးရေးဂိတ်တွင် စစ်တပ်က ခရီးသွားပြည်သူများကို အကြောင်းအမျိုးမျိုးပြ၍ အဆမတန် ငွေညှစ်မှုများ ပြုလုပ်နေသည့်အပြင် ငွေမပေးနိုင်သော လူငယ်များကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ခရီးသည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ရန်ကုန်-မန္တလေးအမြန်လမ်း ၃၉ မိုင်မှ ပဲခူးမြို့၊ဘုရားကြီးဘက်သို့...

အင်းလေးတွင် တော်လှန်ရေးတပ်များနှင့် လူမှုအဖွဲ့များ ပူးပေါင်းပြီး ဒေသန္တရအုပ်ချုပ်ရေး အကောင် အထည်ဖော်သွားမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့ -IRLO ကို IPDF အပါအဝင် အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့များ ပူးပေါင်းဖွဲ့စည်းလိုက်ပြီး ဒေသန္တရ အုပ်ချုပ်ရေး ကို အ ကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သ တင်းဌာထံသို့ ပြောကြားသည်။ ယနေ့ မြန်မာ့နွေဦးတော်လှန်ရေး၏ အရှိန်အဟုန်မှာ အဆုံးအဖြတ်ပေးမည့် အဆင့်သို့...

တောင်ကြီး၊ မုံရွာနှင့် မော်လမြိုင်မြို့တို့တွင် စစ်မှုထမ်း အမျိုးသမီးစာရင်းများ စတင်ကောက်ယူနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ မြို့ကြီးများတွင် အမျိုးသမီးများကို စစ်မှုထမ်းရန် စာရင်းများ အတင်းအဓမ္မ လိုက်လံကောက်ယူလျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ တောင်ကြီး၊ မုံရွာနှင့် မော်လမြိုင်မြို့တို့တွင် စစ်မှုထမ်းရန်ဟုဆိုကာ ယခုဇန်နဝါရီလဆန်းပိုင်းမှစတင်၍ အမျိုးသမီးစာရင်းများကို မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက လိုက်လံကောက်ယူနေကြောင်း၊ စစ်မှုထမ်း...

မြို့သစ်မြို့နယ်တွင် စစ်တပ်၏ ကပစ ၁၇ ကင်းစခန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး၊ ဝမ်းတွင်းမြို့မ ရဲစခန်းတွင် ရဲအချင်းချင်းပစ်ခတ်မှု ဖြစ်ပွားပြီး နယ်ထိန်းရဲ ၁ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ မကွေးတိုင်း၊ မြို့သစ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ကပစ ၁၇ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီ ၄၅...

NUG ဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့်ခင်ပွန်းတွင် အဂတိလိုက်စားမှုမရှိဘဲ ဝန်ထမ်းများအပေါ် ချိုသာစွာ ပြောဆိုဆက်ဆံရန် ပြင်းထန်စွာ သတိပေးအမိန့်ချမှတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့်ခင်ပွန်းတွင် အဂတိလိုက်စားမှုမရှိဘဲ ဝန်ထမ်းများအပေါ် ချိုသာစွာ ဆက်ဆံရန် ပြင်းထန်စွာ သတိပေးအမိန့်ချလိုက်ကြောင်း NUG ဝန်ကြီးချုပ်ရုံးက အမိန့်ထုတ်ပြန်သည်။ NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်း ဦးညီညီမင်းတို့အပေါ် တိုင်ကြားထားသည့်အမှုကို NUGဝန်ကြီးချုပ်ရုံးက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက်...

မုဒိမ်းမှု၊ လူသတ်မှုများဖြင့် အမှုဖွင့်ခံထားရသော BNRA အဖွဲ့ ခေါင်းဆောင် နိုင်လင်း (ခေါ်) နဂါးက စစ်တပ်နှင့်ပူးပေါင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ BNRA အဖွဲ့ ခေါင်းဆောင် နိုင်လင်း (ခေါ်) နဂါးက အလင်းဝင်ရောက်လာကြောင်း အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း (ခေါ်) နဂါးသည် ၎င်း၏...

ရေစကြိုမြို့နယ်၊ သမန္တပို့ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၀ ကျော်ပြာကျ၊ စစ်ကြောင်းက ကျေးရွာများကို ဆက်လက်ဝင်ရောက်နေ၍ ပြည်သူများ ရွာလုံးကျွတ်တိမ်းရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သမန္တပို့ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၃၀ ကျော်ပြာကျခဲ့ပြီး စစ်ကြောင်းက ကျေးရွာများကို ဆက်လက်ဝင်ရောက်နေ၍ ပြည်သူများ ရွာလုံးကျွတ်တိမ်းရှောင်နေရကြောင်း နွေဦးသစ္စာဆေးအဖွဲ့နှင့် Yesagyo Township Info Committee မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ်...

Latest news

- Advertisement -spot_img