NUCC Archives - Khit Thit Media

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ဆက်လက် အသိအမှတ်ပြုထားဆဲဟု NUCC က ကြေညာ
ရန်ကုန်၊ ဧပြီ ၁၈

အကြမ်းဖက် စစ်တပ်၏ မတရားဖမ်းဆီးထားရာမှ မိသားစုနှင့်ပြန်လည် ဆုံစည်းနိုင်ပြီဖြစ်သော နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်ကို ကြိုဆို နှုတ်ခွန်းဆက်လိုက်ပြီး မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ဆက်လက် အသိအမှတ်ပြုထားဆဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ- NUCC က ကြေ ညာသည်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား မြန်မာနိုင်ငံ၏ သမ္မတအဖြစ် တရားဝင် ဆက်လက်အသိအမှတ်ပြုထားဆဲဖြစ်ကြောင်းနှင့် ၎င်းပြန်လည်လွတ်မြောက်လာမှုအပေါ် ဝမ်းမြောက်စွာ ကြိုဆိုနှုတ်ခွန်းဆက်ကြောင်း ယမန်နေ့တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်သူလူထုက ဒီမိုကရေစီနည်းလမ်းကျ အပ်နှင်းထားသော တာဝန်များကို ထမ်းဆောင်နေစဉ်အတွင်း အကြမ်းဖက်စစ်အုပ်စုက ၎င်းတို့ကိုယ်တိုင် ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကာ နိုင်ငံတော်ပုန်ကန်မှုကျူးလွန်၍ မတရားဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သမ္မတကြီးအနေဖြင့် ကျန်းမာစွာဖြင့် မိသားစုနှင့် ပြန်လည်ဆုံစည်းရသည့်အတွက် NUCC အနေဖြင့် ပြည်သူလူထုနှင့်ထပ်တူ ဝမ်းမြောက်ရကြောင်း ဆိုသည်။

ထို့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို မြန်မာနိုင်ငံ၏ တရားဝင်သမ္မတအဖြစ် ဆက်လက်အသိ အမှတ်ပြုထားကြောင်းလည်း NUCC က အလေးအနက် အတည်ပြုထားသည်။

NUCC အနေဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု ဆိုသည်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံး၊ တော်လှန်ရေးအင်အားစုအားလုံးနှင့် လက်တွဲကာ နွေဦးတော်လှန်ရေး အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးသစ္စာဖြင့် ထုတ်ပြန်ကြေညာထားသည်။

ဓာတ်ပုံ- နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်။ (ပုံအဟောင်းဖြစ်ပါသည်။)

The post နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ဆက်လက် အသိအမှတ်ပြုထားဆဲဟု NUCC က ကြေညာ appeared first on Khit Thit Media.

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ နှင့်အတူ NUCC ဆက်လက်တည်ရှိနေ
ရန်ကုန်၊ ဧပြီ ၁

တိုင်းရင်းသားများလက်နက်ကိုင်အဖွဲ့များ စုပေါင်း ပါ၀င်နေသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီမှာ စစ်ရေး၊ နိုင်ငံ ရေး၊ နိုင်ငံ တကာ ဆက်ဆံရေး လိုအပ်ချက်အရ ပေါ်ပေါက်လာခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ- NUCC မှာလည်း လိုအပ်ချက်အရ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း NUCC အဖွဲ့ဝင် ဦးနောင်ချိုက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ် အ စိတ်အပိုင်း ၁ နှင့် ၂ ပါ ပြဋ္ဌာန်းချက်များ အရ ပေးအပ်ထားသော တာဝန်များကို တာဝန်ယူမှု၊ တာဝန် ခံမှုရှိစွာ ကျေပွန်အောင် ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်ပြီး ထိုသို့ ပဋိညာဉ်ပါ တာဝန်များကို ထမ်းဆောင်ရာ၌ နယ်ပယ်အသီးသီးတွင် လက်ရှိ ဦးဆောင်မှုပြု ဆောင်ရွက်နေကြသည့် အစုအဖွဲ့ များနှင့်လည်းကောင်း၊ တော်လှန်ရေး လက်တွေ့ လိုအပ်ချက်များအရ အခါအားလျော်စွာ ပေါ်ပေါက် လာသော ဦးဆောင်မှု အစုအဖွဲ့များ နှင့်လည်းကောင်း လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုများ လုပ် ဆောင်ရာတွင် ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ လိုက်နာကျင့်သုံး ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ယမန်နေ့ မတ်လ ၃၁ ရက်နေ့က ဖက်ဒရယ်ဒီမိုကရေစီ ပဋိ ညာဉ် အတည်ပြုပြဋ္ဌာန်းခြင်း ၅ နှစ်ပြည့် ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

“အခုလက်ရှိ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီပေါ်လာတဲ့နောက် မှာ NUCC ရဲ့အခန်းကဏ္ဍက ဘယ်ရောက်သွားလဲဆိုတဲ့ မေးခွန်းတွေလည်းရှိကြတယ်။ NUCC မရှိ တော့ဘူးလားဆိုတဲ့ ဟာမျိုးတွေလည်း ရှိကြတယ်။ ဒါပေမယ့် လက်ရှိ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီနဲ့ NUCC နဲ့ကြားထဲမှာ သဘောသဘာဝနဲ့ တာဝန်နဲ့လုပ်ပိုင် ခွင့်တွေကတော့ သိပ်မတူဘူးလို့ ကျနော်တို့ကတော့ မြင်တယ်။ အခုလက်ရှိ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီက တော်လှန်ရေးရဲ့ ပကတိလိုအပ်ချက်တွေ၊ စစ်ရေး၊ နိုင်ငံရေးရဲ့ လိုအပ်ချက်တွေ၊ နိုင်ငံတကာနဲ့ ဆက်ဆံရေး လိုအပ်ချက်တွေအရ ပေါ်ပေါက်လာတာလို့ ကျနော်တို့က မြင်တယ်။ ဒါပေမယ့် နိုင်ငံရေး ကတိကဝတ်တွေ၊ တော် လှန်ရေး ကတိကဝတ်တွေ အားလုံးကတော့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ်ထဲမှာပဲ ရှိနေတာဖြစ်တယ်။ NUG ရဲ့ တာဝန်နဲ့လုပ် ပိုင်ခွင့်တွေကလည်း ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ်ထဲမှာပဲ ရှိနေတာဖြစ်တယ်၊ အဲဒါကြောင့် NUCC ရဲ့အခန်းကဏ္ဍကလည်း ချာတာအတိုင်းပဲ ဆက်ပြီးတော့ ရှိနေပါတယ်။ ဒါကတော့ ဖက်ဒရယ် ဒီမို ကရေစီ ပဋိဉာဉ်ကို ရေးဆွဲနိုင်ခဲ့ပြီးတော့ ထုတ်ပြန်ကြေညာနိုင်ခဲ့တဲ့နှစ်ပတ်လည်နေ့ဖြစ်တာပေါ့၊ ၅ နှစ်ပြည့်တဲ့နေ့မှာ ကျနော်တို့က အလားတူမေးခွန်းတွေပါ တပါတည်းဖြေရှင်းပြီးသားဖြစ်အောင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။” ဟု NUCC အဖွဲ့ဝင် ဦးနောင်ချိုက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အား ၅ နှစ်တာ ကာလအတွင်း အင်အားစုအသီးသီးမှ စုပေါင်းခေါင်း ဆောင်မှုဖြင့် အကောင် အထည်ဖော်ကြရာတွင် ထင်ရှားသော ရလဒ်များ အဖြစ် အမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီ (NUCC) အား ဖွဲ့စည်းခြင်း၊ ကြားကာလအတွက် ဖက်ဒရယ်ပြည်ထောင်စု ၏ ဥပဒေပြုရေးအာဏာကို ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေး ကောက်ပွဲတွင် ရွေးကောက်ခံရပြီး အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုသော ပြည်ထောင်စုအဆင့် လွှတ်တော် ကိုယ်စားလှယ်များအား အပ်နှင်းခြင်း၊ ယင်းလွှတ်တော်ကိုယ်စားလှယ်များဖြင့် ပြည် ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဖွဲ့စည်းမှုအား အတည်ပြုခြင်း၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ ညှိနှိုင်း သဘောတူညီချက်ဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အား ဖွဲ့စည်းခြင်း၊ ပြည် နယ်/ ဖက်ဒရယ်ယူနစ်အခြေပြု နှင့် လူမျိုးအခြေပြု ကောင်စီများ အပါအဝင် ဖက်ဒရယ်ယူနစ် အစိုးရ များ ပေါ်ထွန်းလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပဋိညာဉ် အစိတ်အပိုင်း (၁) ပါ လမ်းပြမြေပုံ ပြဋ္ဌာန်းချက် အရ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ (တနည်းအားဖြင့်) ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အ ခြေခံဥပဒေ (Articles of Federal Transitional Arrangements – AFTA) ကိုလည်း မကြာမီတွင် အပြီးသတ် ရေးဆွဲ၍ အတည်ပြုနိုင်မည်ဖြစ်ကြောင်း NUCC က ပြောဆိုထားသည်။

“တော်လှန်ရေး လိုအပ်ချက်တွေအရ အဖွဲ့အစည်းတွေ စုဖွဲ့ကြတယ်၊ စစ်ရေးလိုအပ်ချက်အရ စုဖွဲ့ကြ တယ်ဆိုတာ ရှိကြပါတယ်။ အခုလက်ရှိ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ ဆိုတာက ဒီလိုမျိုးပေါ်လာတာပေါ့၊ ဒါပေမယ့် ကျနော်တို့အနေနဲ့က ၂၀၀၈ ဖွဲ့စည်းပုံ ဖျက် သိမ်းထားပြီးဖြစ်တယ်၊ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံကို အစားထိုးထားတဲ့ တော်လှန်ရေး ကာလရော၊ တော် လှန်ရေး အလွန်ကာလရော အတွက် ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ် အစိတ်အပိုင်း ၁ နဲ့ အစိတ်အ ပိုင်း ၂ ကို ရေးခဲ့တယ်။ အခုတော်လှန်ရေးကာလအတွက်ကတော့ အစိတ်အပိုင်း ၂ ကိုပဲ ကျင့်သုံးတာ ပေါ့၊အစိတ်အပိုင်း ၁ ကတော့ မူသဘောဆန်တဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေး အတွက် အခြေခံအချက်တွေကို သဘောတူညီ ကတိကဝတ်ပြုခဲ့တာပေါ့။ ကျနော်တို့ NUCC ရဲ့ လုပ်ငန်းတာဝန်တွေဆိုတာကလည်း ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်ထဲမှာ ပါတဲ့ ပြဌာန်းထားတဲ့ အ တိုင်း ဆောင်ရွက်ရတာပါ။ အဲလိုပဲ NUG ရဲ့ လုပ်ငန်းတာဝန်တွေကလည်း ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ်မှာ ပါတဲ့အတိုင်း ပြဌာန်းထားတဲ့အတိုင်း ဆောင်ရွက်ကြရတာဖြစ်ပါ တယ်။ အလားတူပဲ CRPH လည်း ဒီလိုသဘောပဲ။” ဟု NUCC အဖွဲ့ဝင် ဦးနောင်ချိုက ရှင်းပြသည်။

တော်လှန်ရေးအင်အားစုများ အချင်းချင်းကြား အားပြိုင်မှု၊ လွှမ်းမိုးမှု မရှိစေရေး အတွက် ချာတာ အ စိတ်အပိုင်း ၁ တွင် ပြဋ္ဌာန်းထားသော ပြည်ထောင်စု စံတန်ဖိုးတွင် ပါဝင်သည့် လူနည်းစုအခွင့်အရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စုပေါင်းခေါင်း ဆောင်မှု၊ စုံလင်ကွဲပြားမှုကို အပြန်အလှန်လေးစား အသိအမှတ်ပြုခြင်းတို့ကို အင်အားစုအသီးသီးက မည်သို့မျှ ခွဲခြားဆက်ဆံမှုမရှိဘဲ တော်လှန်ရေး၏ စံတန်ဖိုးများ အဖြစ် အလေးအနက်ပြု လိုက်နာကျင့်သုံးသွားကြရန် လိုအပ်ပါကြောင်း ဆက်လက် တိုက်တွန်းထားသည်။

“တော်လှန်ရေးအင်အားစုတွေကြားထဲမှာတော့ အားပြိုင်ကြတာတွေ၊ အားစမ်းကြတာတွေကတော့ ရှိကြမှာပဲ။ အခုလက်ရှိမှာ နယ်မြေရတဲ့သူကလည်း နယ်မြေကို အခြေခံပြီးတော့ အားပြတာပေါ့၊ တပ် ရှိတဲ့သူကလည်း တပ်ကိုအခြေခံပြီးတော့ အားပြတာပေါ့၊ အစိုးရရှိတဲ့သူကလည်း အစိုးရကို အခြေခံ ပြီးတော့ အားပြတာပေါ့၊ လူထုထောက်ခံမှုရှိတဲ့သူကလည်း လူထုထောက်ခံမှုကို အခြေခံပြီးတော့ အားပြချင်ကြတာပေါ့၊ ဒါပေမယ့် ဘယ်လိုပဲ အားပြိုင်မှုတွေပဲဖြစ်ဖြစ် ကျနော်တို့ တော်လှန်ရေးလုပ် ကြတယ်ဆိုတဲ့ဟာမှာ အားလုံးကတညီတညွတ်တည်း ကျနော်တို့ ရည်မှန်းထားတဲ့ အနာဂတ်ဖက် ဒရယ် ပြည်ထောင်စုကို သွားကြတာပဲ။ အဲဒီအချိန်မှာ အားစမ်းကြတာတွေ၊တဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ ရှိနေတဲ့ နိုင်ငံရေး မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေ ကွဲနေတဲ့ဟာတွေ ဒါတွေအားလုံးက ကျနော် တို့မှာ ဘုံပန်းတိုင်တူတယ်၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဆိုတာ တူတယ်။ ဖက်ဒရယ် ဒီမိုက ရေစီ ပြည်ထောင်စုတည်ဆောက်မယ်ဆိုတာ တူတယ်ဆိုရင် ကျော်လွှားဖြေရှင်းနိုင်ကြဖို့ပဲ ကျနော် တို့ကတော့ တိုက်တွန်းချင်တာပါပဲ။” ဟု NUCC အဖွဲ့ဝင် ဦးနောင်ချိုက ပြောဆိုသည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ပူးပေါင်းပါဝင် ရေးဆွဲ အတည်ပြုခဲ့ကြပြီး ပြည်သူ့ တော်လှန်ရေး ကြီး၏ ရှေ့မှောက်တွင် အတူဝန်ခံ ကတိပြုခဲ့ကြခြင်းနှင့် သဘောတူ အတည်ပြု (ratify) ခဲ့ကြသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၏ အဖွဲ့ဝင်အဖွဲ့အစည်းများ အပါအဝင် အင် အားစု အသီးသီး အနေဖြင့် ပဋိညာဉ်၏ ပြဋ္ဌာန်းချက်များနှင့် ပေးအပ်ထားသော တာဝန်များကို တာ ဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် ကတိသစ္စာတည်ကြည်စွာ လိုက်နာကျင့်သုံးသွားကြရန် ထပ်မံ တိုက် တွန်းထားသည်။

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်သည် ပြည်ထောင်စုအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ အရင်းခံ ပြ ဿနာများကို အပြီးသတ် ချုပ်ငြိမ်းစေနိုင်ရန်အတွက် လည်းကောင်း၊ တိုင်းရင်းသားပြည်သူလူထု တ ရပ်လုံး ပူးပေါင်းပါဝင်လက်တွဲနိုင်ရန်အတွက် လည်း ကောင်း၊ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးပြီး တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုတွင် ပြည်ထောင် စုဝင်လူမျိုးများအားလုံး၊ နိုင်ငံသားများ အားလုံးလွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းတို့ ကို အခြေခံကာ အပြန်အလှန် အသိအမှတ်ပြု လေးစားမှု၊ ချစ်ကြည်ရိုင်းပင်းမှု၊ သွေးစည်းညီညွတ်မှု တို့ကို တည်ဆောက်ပြီး ငြိမ်းချမ်းစွာ အေးအတူပူအမျှ အတူတကွ ယှဥ်တွဲနေထိုင်နိုင်သော သာယာဝ ပြော သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား တည်ဆောက်ရန် ရည်ရွယ်ခဲ့ကြောင်း သိရ သည်။

ထို့ကြောင့် စစ်အာဏာရှင် စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပြီးသတ် ဖျက်သိမ်းရေး ၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ၊ အရပ်သား ပြည်သူ့ အစိုးရ ပေါ်ထွန်းရေး ဟူသည့် လုပ်ငန်းများကိုဆောင်ရွက်သွားရန် လက်ခံ သ ဘောတူ ရေးဆွဲ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးအဆက်ဆက်၏ မျှော်မှန်းချက်များကို ဘုံရည်မှန်းချက်များအဖြစ် ဆက်ခံအကောင် ထည်ဖော်ရန်၊ အဖိနှိပ်ခံ ပြည်သူအသီးသီးတို့၏ နစ်နာဆုံးရှုံးမှုများအတွက် တရားမျှတမှုရှာဖွေရန် နှင့် အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် တည်ရှိနေသော မတရားမှုများကို ဖြိုချရန် ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေး ဆင်နွှဲရာတွင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်သည် မိမိတို့၏ အသက်သွေးကြောပင် ဖြစ်သည်ဟု ဆိုသည်။

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်တွင် အစိတ်အပိုင်း ၂ ရပ်ပါဝင်ပြီး အစိတ်အပိုင်း ၁ သည် ပြည်ထောင် စု မျှော်ရည်ချက်နှင့် စံတန်ဖိုးများ၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူများ၊ အခြေခံမူဝါဒများ၊ အကောင် အထည်ဖော်မည့် လုပ်ငန်းစဥ် (သို့မဟုတ်) နိုင် ငံရေးလမ်းပြမြေပုံတို့ကို တိကျ ရှင်းလင်းစွာ ဖော်ပြထားပြီး “ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ကြေညာစာတမ်း” အဖြစ် ဝန်ခံကတိပြုထားကြောင်း သိရသည်။

အစိတ်အပိုင်း ၂ သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြေညာစာတမ်းပါ ဦးတည်ချက်၊ ရည် ရွယ်ချက်များကို လက်တွေ့အကောင်အထည်ဖော်ရန်နှင့် ရှေ့ဆက် သွားမည့် နိုင်ငံရေးလမ်းပြ မြေပုံ အဆင့်ဆင့်အား လက်တွေ့အကောင်အထည်ဖော်ခြင်းဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန် အလို့ငှာ ကြားကာလတွင် အခြေခံရမည့် “ကြားကာလဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ အစီအမံများ – Interim Constitutional Arrangements” အဖြစ် သဘောတူ အတည်ပြု (ratify) ထားကြောင်း သိရသည်။

The post ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ နှင့်အတူ NUCC ဆက်လက်တည်ရှိနေ appeared first on Khit Thit Media.

စစ်တပ်၏ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ပယ်ဖျက်ပြီးဖြစ်၍ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး တော်လှန်ရေး ဆက်ဆင်နွှဲသွားမည်ဟု NUG နှင့် NUCC က ပူးတွဲ ကြေညာ
ရန်ကုန်၊ ဒီဇင်ဘာ ၂၈

အကြမ်းဖက် စစ်တပ်၏ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ပယ်ဖျက်ပြီးဖြစ်၍ နိုင်ငံရေးလမ်းပြ မြေပုံအတိုင်း ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး တော်လှန်ရေးကို ဆက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC တို့က ပူးတွဲ ကြေညာသည်။

မတရားအာဏာသိမ်းထားသော တရားမဝင် စစ်အုပ်စုသည် ရွေးကောက်ပွဲ ကျင်းပပိုင်ခွင့်မရှိကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ကျင်းပသော တရားမဝင် အတုအယောင် ရွေးကောက်ပွဲမှာ မြန်မာ့နိုင်ငံ ရေး ပြဿနာ (Political Crisis) ကို ဖြေရှင်းနိုင်မည့် ထွက်ပေါက် မဟုတ်သကဲ့သို့ တိုင်းရင်သား ပြည်သူလူထု မျှော်မှန်းထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ရည်မှန်းချက် ပန်းတိုင်ကို လုံး၀ ရရှိနိုင်မည်မဟုတ်ကြောင်း နှစ်ဖက် ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) က ပယ်ဖျက်ခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေ အောက်တွင်လည်း မြန်မာ့နိုင်ငံရေးပြဿနာများကို မဖြေရှင်းနိုင်ခဲ့ကြောင်း၊ တော်လှန်ရေး၏ ပင်မ နိုင်ငံရေး လမ်း ကြောင်း ဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ် အပိုင်း ၁ ၊ အပိုင်း ၂ ၊ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ပြည်သူများအနေဖြင့် မတရားအာဏာသိမ်းထားသည့် အကြမ်းဖက်စစ်တပ်၏ တရားမဝင် အတု အယောင် ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲ ဆန့်ကျင်ကြရန် မေတ္တာရပ်ခံလိုက်ပြီး ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်မှာ နိုင်ငံရေးအရ တရားဝင်မှု ရှိနေဆဲဖြစ်ကြောင်း၊ ရွေးကောက်ခံ ကိုယ်စားလှယ် များနှင့် မဲဆန္ဒရှင် ပြည်သူတို့၏သဘောဆန္ဒမပါဘဲ တရားမဝင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်းမှာ ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ခြင်းအပြင် ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးစားခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။

တရားမဝင် အတုအယောင် ရွေးကောက်ပွဲ အလွန်ကာလတွင်လည်း တော်လှန်ရေး အင်အားစုများ အနေဖြင့် နိုင်ငံရေးရည်မှန်းချက် ၆ ချက်ကို ရရှိသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

အဆိုပါ နိုင်ငံရေးရည်မှန်းချက် ၆ ချက်မှာ –

(၁)စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေးတွင်ပါဝင်နေခြင်းအား အဆုံး သတ်ရန်။

(၂)၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကိုပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်။

(၃) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းရန်။

(၄)လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်။

(၅)ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်။

(၆) ပဋိပက္ခအတွင်း “လိင်နှင့် ကျားမအပေါ် အခြေခံသော အကြမ်းဖက်မှုများအပါအဝင်” မတရား ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်ရန် တို့ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုသည့် သဘောထားကို အတုအယောင် ရွေးကောက်ပွဲအလွန်ကာလအထိ ခိုင်ခိုင်မြဲမြဲ ဆက်လက် ရပ်တည်ပေးကြပါရန်၊ အတုအယောင် ရွေးကောက်ပွဲမှ ပေါ်ထွက်လာမည့် ရလဒ်များကိုလည်း အသိ အမှတ်မပြုကြပါရန် အလေးအနက် တိုက်တွန်းထားသည်။

The post စစ်တပ်၏ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ပယ်ဖျက်ပြီးဖြစ်၍ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး တော်လှန်ရေး ဆက်ဆင်နွှဲသွားမည်ဟု NUG နှင့် NUCC က ပူးတွဲ ကြေညာ appeared first on Khit Thit Media.

TNLA အပေါ် ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီက ခြိမ်းခြောက်စာ ပေးပို့မှု မြန်မာပြည်သူများ၏ တော်လှန်ရေးအပေါ် ရိုင်းပျစွာ ခြိမ်းခြောက် စော်ကားမှုအဖြစ် NUCC က ပြင်းထန်စွာရှုတ်ချ
TNLA အပေါ် ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီက ခြိမ်းခြောက်စာ ပေးပို့မှု မြန်မာပြည်သူများ၏ တော်လှန်ရေးအပေါ် ရိုင်းပျစွာ ခြိမ်းခြောက် စော်ကားမှုအဖြစ် NUCC က ပြင်းထန်စွာရှုတ်ချ

ရန်ကုန်၊ ဩဂုတ် ၃၁

တအာင်းအမျိုးသားတပ်မတော် (TNLA) အပေါ် ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီက ပေးပို့သည့် ခြိမ်းခြောက်စာသည် မြန်မာပြည်သူများ၏ တော်လှန်ရေးအပေါ် ရိုင်းပျစွာ ခြိမ်းခြောက်စော်ကားမှုအဖြစ် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ပြင်းထန်စွာရှုတ်ချကြောင်း သဘောထားကြေညာချက်ထုတ်ပြန်သည်။

မြန်မာပြည်သည် ပြည်တွင်းနိုင်ငံရေး ပဋိပက္ခများ ရှိနေသော်လည်း နိုင်ငံတွင်းမှီတင်း နေထိုင်ကြသော လူမျိုးဘာသာစုံ ပြည်သူများ၏ အချုပ် အခြာ အာဏာပိုင် နိုင်ငံတစ်ခု ဖြစ်ကြောင်း၊ နိုင်ငံ၏ ဒေသအသီးသီးရှိ လူမျိုးများနှင့် ၎င်းတို့၏ ပြည်နယ်များ၊ နယ်မြေများ သည်လည်း သက် ဆိုင်ရာလူမျိုးများနှင့် ဒေသခံပြည်သူများ၏ အချုပ်အခြာအာဏာပိုင် ပြည်နယ်များ၊ နယ်မြေပိုင်နက်များ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတနိုင်ငံလုံးကိုသော်လည်းကောင်း၊ နိုင်ငံအတွင်းရှိလူမျိုးတမျိုး၊ ပြည်နယ် တခု၊ နယ်မြေဒေသတခုကိုသော်လည်းကောင်း မည်သည့် တိုင်းတပါးနိုင်ငံကမှ နိုင်ငံရေးအရ ဖြစ်စေ၊ စစ်ရေးအရဖြစ်စေ၊ ခြိမ်းခြောက်အကျပ်ကိုင် ကန့်သတ်ပိတ်ပင် ဟန့်တားခြင်းများ ပြုလုပ်ခွင့် မရှိကြောင်း NUCC က ထုတ်ပြန်သည်။

မြန်မာတအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်ဟု လိပ်မူ၍ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ ရက်စွဲဖြင့် ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီမှ စစ်ရေးလေ့ကျင့်မှု အကြောင်းကြား ကြော်ငြာချက်ဟု ခေါင်းစဉ်တပ်ထားသည့် သတိပေး ခြိမ်းခြောက်စာတစောင် ပေးပို့ခဲ့ကြောင်း ၊ စာပါအချက် အလက် များအရ ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်ဟု ရိုင်းပျစော်ကားသည့် အသုံးအနှုန်းများဖြင့် ရေးသားထား သည်ကို တွေ့ရကြောင်း၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အနေ ဖြင့် မိမိတို့၏ မဟာမိတ် တော်လှန်ရေး အင်အားစုတခု ဖြစ်သည့်အပြင် အချုပ်အခြာအာဏာပိုင် လူမျိုးတမျိုးဖြစ်သည့် တအာင်း အမျိုးသားတို့၏ တပ်မတော် အပေါ်နှင့် မိမိတို့ပြည်သူများ၏ တော်လှန်ရေးအပေါ် ယခုကဲ့သို့ ရိုင်းပျစွာ ခြိမ်းခြောက်စော်ကားမှုကို ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ဖော်ကြေညာ သည်။

အဆိုပါစာကိုပေးပို့ခဲ့သော ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီ အနေဖြင့် စာပေး ပို့မှုကို ပြန်လည်ရုပ်သိမ်းရန်၊ မြန်မာနိုင်ငံနှင့် သက် ဆိုင်ရာ လူမျိုးများ၊ ပြည်သူများ အပေါ် နိုင်ငံတကာဥပဒေများ၊ ကျင့်ဝတ်များနှင့်အညီ လေးစားအသိအမှတ်ပြုရန် တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံရှိ လူမျိုးစုံ ပြည်သူများသည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးတို့အပြင် အိမ်နီးချင်း နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို အထူးတန်ဖိုးထားလိုလားသူများဖြစ်ပြီး၊ စစ်အာဏာရှင် များ၏ ရက်စက်ကြမ်းကြုတ်မှုများ မတရားဖိနှိပ်မှုများကြောင့် မလွှဲမရှောင်သာဘဲ တော်လှန်ရေး ဆင်နွှဲနေရခြင်းသာ ဖြစ်ကြောင်း ​NUCC ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်စပ်ဒေသ အာဏာပိုင်များအနေဖြင့် မြန်မာနိုင်ငံမှ လူမျိုးစုံပြည်သူများ စစ်တပ်၏ မတရားအနိုင်ကျင့်ခံနေရမှုကို စာနာနားလည်၍ ကူညီပံ့ပိုး ပေးခြင်းဖြင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရန် ကြိုးစားသင့်ကြောင်း NUCC က အကြံပြုတိုက်တွန်းထားသည်။

The post TNLA အပေါ် ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီက ခြိမ်းခြောက်စာ ပေးပို့မှု မြန်မာပြည်သူများ၏ တော်လှန်ရေးအပေါ် ရိုင်းပျစွာ ခြိမ်းခြောက် စော်ကားမှုအဖြစ် NUCC က ပြင်းထန်စွာရှုတ်ချ appeared first on Khit Thit Media.

နွေဦးတော်လှန်ရေးတွင် လူငယ်များ ပြတ်ပြတ်သားသား ပါဝင်ကြရန် NUCC က တိုက်တွန်း
နွေဦးတော်လှန်ရေးတွင် လူငယ်များ ပြတ်ပြတ်သားသား ပါဝင်ကြရန် NUCC က တိုက်တွန်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

အကြမ်းဖက် စစ်ကောင်စီတွင် စစ်မှုထမ်းရန် အတင်းအဓမ္မစုဆောင်းမခံလိုသော လူငယ်များ အနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ကာ နွေဦးတော်လှန်ရေးတွင် ပြတ်ပြတ်သားသား ပါဝင်ကြရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် တိုက် တွန်းလိုက်သည်။

တရားမဝင် အကြမ်းဖက် စစ်အုပ်စုသည် စစ်အာဏာရှင်များ ပြဌာန်းခဲ့သော ပြည်သူစစ်မှုထမ်း ဥပဒေ ၂၀၁၀ ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင် အသက်ဝင်သည်ဟု ကြေညာခဲ့ကြောင်း၊ အကြမ်းဖက် စစ်အုပ်စု၏ ထိုသို့ သွေးရူးသွေးတန်းလုပ်ဆောင်ချက်သည် ပြိုကျပျက်စီးအဆုံးသတ်တော့မည့် ၎င်းတို့၏အခြေအနေကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပြီး ၎င်းတို့ ဖန်တီးထားသည့် အထွေထွေ အကြပ်အတည်းများကြားတွင် ဒုက္ခပင်လယ်ဝေနေသည့် ပြည်သူလူထုတရပ်လုံးကို ပိုမိုပြင်း ထန်စွာဖိနှိပ်လိုက်ခြင်းဖြစ်ကြောင်း၊ ပြည်သူ လူထုကို အတင်းအဓမ္မ အစဖျောက်ရန်ကြိုတင် ပြင်ဆင်လာ ခြင်းဖြစ်သည်ဟု NUCC က ပြောသည်။

ယင်းဥပဒေကို အသက်သွင်းခြင်းသည် တိုင်းပြည်၏ အနာဂတ်ဖြစ်သော ကျောင်း သား၊ လူငယ်များကို စစ်မြေပြင်သို့ အတင်းအကျပ် တွန်းပို့ခြင်း၊ လူသား ဒိုင်းအဖြစ် အသုံးပြုရန် ကြံစည်ခြင်းဖြစ်ပြီး၊ စစ်ရာဇဝတ်မှုကို ဗြောင်ကျကျ ကျူးလွန်ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်အုပ်စုက ကျူးလွန်သော ရာဇဝတ်မှုများကို နိုင်ငံတကာက ထိရောက်စွာ ဟန့်တား အရေးယူနိုင်ခြင်းမရှိသောကြောင့် ယခုကဲ့သို့ ပိုမိုပြင်းထန်သော ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန် လာခြင်းဖြစ်ကြောင်း၊ ယင်းတို့သည် အကြမ်းဖက်စစ်အုပ်စုကြောင့်ဖြစ်သော ဒေသတွင်း မတည်ငြိမ်မှုကို ပို၍ ပြင်းထန်ဆိုးရွားစေမည်ဖြစ်ရာ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံ တကာ အစိုးရများအနေဖြင့် အလျင်အမြန်တုံ့ပြန်ရမည်ဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စုကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန်နှင့် ပြည်ပနိုင်ငံများသို့ ထွက် ပြေး တိမ်းရှောင် ရသည့် ပြည်သူ များနှင့် လူငယ်များအား လူသားချင်းစာနာ ထောက်ထားမှုဖြင့် ကူညီကာကွယ်ပေးကြရန် တိုက်တွန်းလိုက်ကြောင်း NUCC က ဆိုသည်။

တိုင်းပြည်၏ အနာဂတ်ဖြစ်သော ကျောင်း သား၊ လူငယ်များကို စစ်မြေပြင်သို့ အတင်းအကျပ် တွန်းပို့ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုရန် ကြံစည်ခြင်းဖြစ်ပြီး၊ စစ်ရာဇဝတ်မှုကို ဗြောင်ကျကျ ကျူးလွန်ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်အုပ်စုက ကျူးလွန်သော ရာဇဝတ်မှုများကို နိုင်ငံတကာက ထိရောက်စွာ ဟန့် တား အရေးယူနိုင်ခြင်းမရှိသောကြောင့် ယခုကဲ့သို့ ပိုမိုပြင်းထန်သော ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန် လာခြင်းဖြစ်ကြောင်း NUCC က ထောက်ပြ သည်။

ယင်းတို့သည် အကြမ်းဖက်စစ်အုပ်စုကြောင့်ဖြစ်သော ဒေသတွင်း မတည်ငြိမ်မှုကို ပို၍ ပြင်းထန်ဆိုးရွားစေမည်ဖြစ်ရာ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံ တကာ အစိုးရများအနေဖြင့် အလျှင် အမြန်တုံ့ပြန်ရမည်ဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စုကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန်နှင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင် ရသည့် ပြည်သူ များနှင့် လူငယ်များအား လူသားချင်းစာနာ ထောက်ထားမှုဖြင့် ကူညီကာကွယ်ပေးကြရန် NUCC က တိုက်တွန်းသည်။

တော်လှန်ရေးအင်အားစုများ အနေဖြင့်လည်း မိမိတို့၏ လုံခြုံရေးစည်းကို မကျိုးပေါက်စေဘဲ ထိုအခြေအနေကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်ရန် အသင့်ပြင်ဆင်ထားကြရမည်ဖြစ်ပြီး လူငယ်များ၊ ပြည်သူများ အနေဖြင့် စစ်မှုထမ်းရန် အတင်းအဓမ္မစုဆောင်းမခံလိုလျှင် တော်လှန်ရေး အင်အားစုများနှင့် ချိတ်ဆက်ပြီး လွတ်မြောက်နယ်မြေများကို လာရောက်ပူးပေါင်း၍ နွေဦးတော်လှန်ရေးတွင် ပြတ်ပြတ်သားသား ပါဝင်ကြရန် တိုက်တွန်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ ပြည်သူလူထုနှင့် လူငယ်များကို အကာအကွယ်ပေးနိုင်ရန် လိုအပ်သည့် လုပ်ငန်းစဉ်နှင့် အစီအမံများကို အမြန်ဆုံး ဖော်ဆောင်သွားမည်ဟု ထုတ်ပြန်ချက် အဆုံးတွင် ပါရှိသည်။

The post နွေဦးတော်လှန်ရေးတွင် လူငယ်များ ပြတ်ပြတ်သားသား ပါဝင်ကြရန် NUCC က တိုက်တွန်း appeared first on Khit Thit Media.

NUG ၊ NUCC နှင့် CRPH ကို ထောက်ခံရန်၊ PDF နှင့် EAO များကို အကူ အညီ ပေး ရန်၊ MOGE နှင့်စစ်တပ်၏ ဝင်ငွေများကို ပိတ်ဆို့ရေး ပါဝင်သည့် အမေရိကန် အမျိုးသား ကာကွယ်ရေး ဥပဒေကို အထက် လွှတ် တော်က အတည်ပြု၊ သမ္မတ လက်မှတ်ထိုး ထုတ်ပြန်ရန်သာ ကျန်ရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၁၆

NUG ၊ NUCC နှင့် CRPH ကို ထောက်ခံရန်၊ PDF နှင့် EAO များကို နည်း ပညာ အကူ အညီ ပေး ရန်၊ MOGE ၊ စစ်တပ်၏ ဝင်ငွေများကို ပိတ်ဆို့ ရန် ပါဝင် သည့် အမေရိကန် အမျိုး သား ကာကွယ်ရေး ဥပဒေကို အမေရိကန် အထက် လွှတ် တော်က အတည်ပြုလိုက်ပြီး အမေရိကန်သမ္မတဘိုင်ဒင်က လက်မှတ်ထိုး ထုတ်ပြန်ရန်သာ ကျန်ရှိတော့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၆ ရက်နေ့) တွင် အမေရိကန်အထက်လွှတ်တော်က အမေရိကန်အမျိုးသားကာကွယ်ရေးNDAA 2023 ကို ထောက်ခံမဲ ၈၃ မဲ၊ ကန့်ကွက်မဲ ၁၁ မဲဖြင့် အတည်ပြု ပြဋ္ဌာန်း လိုက်ခြင်းဖြစ်ပြီး သမ္မတဘိုင်ဒင် လက်မှတ်ရေးထိုး အတည်ပြုရန် ပေးပို့ ထားပြီဖြစ်ကြောင်း၊ အဆိုပါဥပေဒတွင် ပါဝင်သော မြန်မာ့အရေး ပြဋ္ဌာန်း ချက်များနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ပြင်ဆင်မှုမရှိကြောင်း သိရှိရသည်။

အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေတွင် စာမျက်နှာ ၄၄၀၈ မျက်နှာ ပါ ဝင် ပြီး မြန်မာ့အရေး ကိုင်တွယ်ရန် စာမျက်နှာ ၂၅ မျက်နှာ ပြဋ္ဌာန်းထားသည်။ ထိုဥပဒေတွင် အမေရိကန်ပြည်ထောင်စု၏ မြန်မာ့အရေးမူဝါဒ အဖြစ် အချက် ၈ ချက်ပါဝင်နေသည်။

၁-မြန်မာပြည်သူများ၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု တိုက်ပွဲဝင် နေမှုကို ဆက်လက်ထောက်ခံအားပေးရန်။

၂- စစ်အာဏာရှင်ဆန့်ကျင်ရေး ၊ စစ်အာဏာရှင် အဆုံးသတ်ရေး တိုက်ပွဲဝင် နေသော မြန်မာနိုင်ငံအတွင်းနှင့် မြန်မာနိုင်ငံ ပြင်ပမှ NUG ၊ NUCC ၊ CRPH နှင့် CDM လှုပ်ရှားမှု၊ အခြားအဖွဲ့အစည်းများ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးရန်။

၃- လူထုရွေးကောက်ထားသော အရပ်သားအစိုးရလက်သို့ အာဏာပြန်အပ်ရေး၊ စစ်တပ်သည် အရပ်သားအုပ်ချုပ်မှုအောက်တွင် ရှိရမည်ဖြစ်ပြီး ထိုအရပ်သား အုပ်ချုပ်မှုသည် ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် လူနည်းတိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်သော အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေး နှင့်စီးပွားရေး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရန်။

၄-အာဏာသိမ်းပြီးနောက် မြန်မာပြည်သူများအပေါ် ကျူးလွန်သော လူအခွင့် အရေး ချိုးဖောက်မှုများ၊ တိုင်းရင်းသားများအပေါ်ကျူးလွန်သော လူ့အခွင့် အရေးချိုးဖောက်မှုများအတွက် ကျူးလွန်သူများကို တာဝန်ခံမှုရှိစေရေး ဆောင် ရွက်ရန်။

၅-စစ်တပ်ကို ထောက်ခံနေသော တရုတ်နှင့်ရုရှားကို တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ရန်။

၆-စစ်တပ်၏ ကျူးလွန်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မြန်မာ ပြည်သူများအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဆက်လက် ပေးရန်။

၇-နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည် လွတ်မြောက်ရေးဆောင်ရွက်ရန်။

၈-ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၊ မြန်မာပြည်တွင်းမှပြည်သူများအတွက် လူသားချင်း စာနာ ထောက် ထားမှု အကူအညီများကို စစ်တပ်ထံ ဖြတ်သန်းခြင်းမပြုဘဲ ထောက်ပံ့ကူညီနိုင်ရန် တို့ပါဝင်သည်။

စစ်တပ်၊ စစ်ဗိုလ်ချုပ်များ၊ စီးပွားရေးလုပ်ငန်းများကို အရေးယူခြင်း

အမေရိကန် အမျိုးသားကာကွယ်ရေးဥပဒေ အတည်ပြုပြီးသည်နှင့် မြန်မာ စစ်တပ်ဗိုလ်ချုပ်များ၊ စီးပွားရေးကုမ္ပဏီများ၊ ဆက်နွယ်နေသော ပြည်ပ ကုမ္ပဏီများနှင့်လူပုဂ္ဂိုလ်များ၊ စစ်တပ်အတွက် ငွေရှာပေးနေသည့် မြန်မာ့ ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE အပါအဝင် စီးပွားရေးများ၊ လူပုဂ္ဂိုလ်များ ၊ အဖွဲ့အစည်းများကို အမေရိကန်က အရေးယူရန် ဖော်ပြထားသည်။

ဒဏ်ခတ်အရေးယူမှုများသည် ၈ နှစ်တာကာလအထိ တည်ရှိနေမည်ဖြစ်ပြီး ယင်းအရေးယူမှုများကို ရပ်ဆိုင်းလိုပါက သမ္မတက ကွန်ကရက်ကို တင်ပြ၍ ဆောင်ရွက်ရန်လည်း ပြဋ္ဌာန်းထားသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို လုံး၀ ပိတ်ဆို့အရေးယူရန် ကုလ သမဂ္ဂလုံခြုံရေးကောင်စီမှတစ်ဆင့် ရှုတ်ချခြင်း၊ ပိတ်ပင်ခြင်းများ လုပ်ဆောင်ရန် ပါဝင်သည်။

PDF နှင့် EAOများကို အမေရိကန်က နည်းပညာနှင့်လက်နက်မဟုတ်သော အကူအညီပေးမည်

မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များ(EAO)၊ People’s Defense Forces (PDF) များ၊ ဒီမိုကရေစီရေး လှုပ်ရှား နေကြ သည့် အဖွဲ့ အ စည်း များအတွက် ဆက်သွယ်ရေး၊ အမိန့်ပေး ထိန်းချုပ် ကွပ်ကဲမှုနှင့် ပူး ပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်း ခိုင်မာလာ စေရန် နည်းပညာနှင့် လက် နက် မဟုတ်သော အထောက်အပံ့များပေးရန်ဥပဒေတွင် ပါဝင်သည်။

ထို့ပြင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အရပ်ဘက်အုပ်ချုပ်ရေး ပြန်ထူ ထောင်ရန်အားပေးသော မြန်မာစစ်တပ်မှတပ်ဖွဲ့ဝင်ဟောင်း များနှင့် ပတ် သက်သည့် အစီအစဉ်များ၊ လှုပ်ရှားဆောင်ရွက်မှုများကို ကူညီရန်လည်း ပါဝင်သည်။

ဖက်ဒရယ်စနစ်အားကောင်းစေရေး အမေရိကန်ကထောက်ပံ့အကူအညီပေးရေး၊ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများကို စုံစမ်းဖော်ထုတ်သည့် CSO များကို အကူအညီပေးရေး၊ နိုင်ငံရေးအကျဉ်းသားများကို ကူညီနေသည့် CSO များ၊ ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်နေသည့် CSO များကို ကူညီရန်လည်း ပါဝင်သည်။

အဆိုပါအကူအညီများသည် လာမည့် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် ဘဏ္ဍာရေး နှစ် အလိုက် ဆောင်ရွက်ရန်ဖြစ်ကြောင်း သိရှိရသည်။

The post NUG ၊ NUCC နှင့် CRPH ကို ထောက်ခံရန်၊ PDF နှင့် EAO များကို အကူ အညီ ပေး ရန်၊ MOGE နှင့်စစ်တပ်၏ ဝင်ငွေများကို ပိတ်ဆို့ရေး ပါဝင်သည့် အမေရိကန် အမျိုးသား ကာကွယ်ရေး ဥပဒေကို အထက် လွှတ် တော်က အတည်ပြု၊ သမ္မတ လက်မှတ်ထိုး ထုတ်ပြန်ရန်သာ ကျန်ရှိ appeared first on Khit Thit Media.