23 C
Yangon
- Advertisement -spot_img

TAG

NUG

တစ်နိုင်ငံလုံး လွှမ်းခြုံသော မဟာဗျူဟာမြောက် စစ်ဆင်ရေး စီမံချက်ကို နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုက ရေးဆွဲနေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ မြန်မာတစ်နိုင်ငံလုံး လွှမ်းခြုံသော မဟာဗျူဟာမြောက် စစ်ဆင်ရေး စီမံချက်ကို နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုက ရေးဆွဲနေကြောင်း အဆိုပါ တပ်ပေါင်းစု၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် ဒုတိယဥက္ကဋ္ဌ ၁ လည်းဖြစ်သူ ရဲဘော် မင်းဟန်ထက် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံပြောဆိုသည်။ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance...

ကျားဖြန့်အရေး KNU ကို ထိုင်းနိုင်ငံက ဆက်ဆံခြင်းမပြုရေး ဖိအားပေးရန် တရုတ်ကို အကြမ်းဖက်စစ်တပ်က အကူအညီတောင်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ကျားဖြန့်အရေးနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး- KNU ကို ထိုင်းနိုင်ငံက ဆက်ဆံခြင်းမပြုရေး ဖိအားပေးရန် တရုတ်ကို အကြမ်းဖက်စစ်တပ်က အကူအညီတောင်းလိုက်ကြောင်း သိရှိရသည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ မြန်မာနိုင်ငံရှိ ကျားဖြန့်တိုက်ဖျက်ရေး လုပ်ငန်းများသို့ လာရောက် လေ့လာဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော...

“လက်ရှိအချိန်မှာ မဟာဗျူမြောက်တဲ့ စစ်ဆင်ရေးတွေဖော်ဆောင်နိုင်ဖို့ရေးဆွဲနေတာရှိတယ်။ တပ်ပေါင်းစုမှာ မဟာမိတ်တွေအချိုးကျပါဝင်တဲ့ ကော်မတီ တစ်ရပ်ရှိတယ်။အဲဒီကော်မတီ ပိုပြီး ကျစ်လစ်တဲ့ပုံစံ မကြာခင်မှာ စစ်ဆင်ရေးတွေ ဆောင်ရွက်မယ်”

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက် နှင့် တွေ့ဆုံမေးမြန်းခြင်း By ရန်ကုန်ခေတ်သစ် ကရင်နီ-KNDF၊ BPLA ၊ ချင်းညီနောင် - CB၊ မွန်တော်လှန်ရေးတပ် အပါအဝင် တော်လှန်ရေးတပ် ၁၉ ဖွဲ့နဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ် ပေါင်းစုကို စတင်ဖွဲ့စည်းလိုက်ပါတယ်။ လူထုအပေါ် အကြမ်းဖက် စစ်အုပ်စုက နည်းလမ်းမျိုးစုံနဲ့...

ကုလသမဂ္ဂအထွေထွေညီလာခံက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက် အတည်ပြု

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ကုလသမဂ္ဂအထွေထွေညီလာခံက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက် အတည်ပြုလိုက်ကြောင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့အခြေစိုက် ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သော ၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးက...

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးမှုခံနေရတဲ့ ကျန်းမာရေး မကောင်းမွန်တဲ့ အမေဖြစ်သူနဲ့ အဆက်အသွယ် မရတော့တာကြောင့် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သွားတာမျိုးဖြစ်နိုင်တယ်လို သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ရိုက်တာသတင်းဌာနကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကရင်ပြည်နယ်၊ မြ၀တီမြိုမှာပြုလုပ်တဲ့ တရုတ်၊...

ကရင်နီ-KNDF၊ BPLA ၊ ချင်းညီနောင် – CB၊ မွန်တော်လှန်ရေး တပ် အပါအဝင် တော်လှန်ရေးတပ် ၁၉ ဖွဲ့ဖြင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုကို စတင်ဖွဲ့စည်းလိုက်ပြီး NUG နှင့်ပါ ချိတ်ဆက်ဆောင်ရွက်သွားမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ကရင်နီ-KNDF၊ BPLA ၊ ချင်းညီနောင် - CB၊ မွန်တော်လှန်ရေး တပ် အပါအဝင် တော်လှန်ရေးတပ် ၁၉ ဖွဲ့ဖြင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုကို စတင်ဖွဲ့စည်းလိုက်ပြီး အမျိုးသားညီညွတ်ရးအစိုး ရ- NUG နှင့်ပါ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောင်းသားလက်ရုံးတပ်တော် - SAFမှ...

ရန်ကုန်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်သူနာပြု သင်တန်းဆင်းပွဲလာတက်ချိန် မင်္ဂလာဒုံနှင့်မြောက်ဥက္ကလာပအတွင်းရှိ ရပ်ကွက်များတွင် Anti Drone-Guard နှင့် Jammer စက်ကြီးများ ချပြီး ဖုန်းနှင့်အင်တာနက်လိုင်းများ ယာယီဖြတ်တောက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရန်ကုန်မြို့တွင် ယမန်နေ့ အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက စစ်သူနာပြုသင်တန်းဆင်းပွဲ လာရောက်တက်ချိန် မင်္ဂလာ ဒုံ နှင့်မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်တချို့တွင် Drone-Guard နှင့် Jammer စက်ကြီးများ ချပြီး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ယာယီဖြတ်တောက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများနှင့် တပ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၅...

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ရုရှားနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံမှာ မြန်မာအကြမ်းဖက် စစ်တပ်က မြေကွက်နဲ့ အဆောက်အအုံတချို့ ဝယ်ယူထားပြီး မင်းအောင်လှိုင်ကိုယ်တိုင် မြေကွက်တွေကို စိတ်ကြိုက် စိစစ်ဝယ်ယူခဲ့တာဖြစ်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ မြန်မာနိုင်ငံက ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ရာထူးအတွက်...

မြ၀တီမြို့တွင် ပြုလုပ်သည့် ကျားဖြန့်နှိမ်နင်းရေး ၃ နိုင်ငံအစည်းအဝေးပွဲသို့ တက်မည့် ဒုရဲချုပ် ၂ ရဲဗိုလ်ချုပ် မျိုးမင်းထိုက် ဘန်ကောက်-မဲဆောက်လေယာဉ်စီးသွားပြီး ထိုင်းဘက်မှ မြ၀တီသို့ ဝင်ရောက် ၊ တရုတ်လုံခြုံရေး လက်ထောက်ဝန်ကြီးက ကျားဖြန့် ဖြိုဖျက်အဆောက်အအုံများ သွားကြည့်

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် ပြုလုပ်သည့် တရုတ်၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့ ပါဝင်သော ကျားဖြန့်နှိမ်နင်းရေး ၃ နိုင်ငံအစည်းအဝေးပွဲသို့ တက်ရောက်မည့် မြန်မာစစ်တပ်ဘက်မှ ဒုရဲချုပ် ၂ ရဲဗိုလ်ချုပ် မျိုးမင်းထိုက်မှာ ရန်ကုန်မှ ဘန်ကောက်-မဲဆောက်သို့ လေယာဉ် စီးသွားပြီး ထိုင်းဘက်မှတစ်ဆင့် မြ၀တီသို့...

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ AA နယ်စပ်လုံခြုံရေးစခန်းကို ARSA နှင့် RSOက အလစ်အငိုက် တိုက်ခိုက်ပြီးဘင်္ဂလားဒေ့ရှ်ထဲသို့ ဝင်ပြေးဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရခိုင်ပြည်နယ်၊ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ AA တပ်ဖွဲ့ဝင်များနှင့် နယ်စပ်လုံခြုံရေးစခန်းတစ်ခုကို ARSA နှင့် RSO က အလစ်အငိုက်ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းသို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း AA က သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၃၀...

Latest news

- Advertisement -spot_img