32 C
Yangon
- Advertisement -spot_img

TAG

NUG

လာအိုနိုင်ငံတွင် အလုပ်လုပ်နေရာမှ နေရပ်ပြန်ကြသည့် “၀” လူမျိုးတချို့ ယမန်နေ့ လှေမှောက်မှု ဖြစ်ပွားပြီး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၃ လာအိုနိုင်ငံ၊ ရွှေတြိဂံဒေသတွင် အလုပ်လုပ်နေကြသည့် "၀" လူမျိုးများသည် နေရပ်ပြန်ကြစဉ် လှေမှောက်ရာမှ သေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း လာအိုနိုင်ငံမှ မြန်မာအလုပ်သမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့ လာအိုနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်အခြမ်းသို့ ပြန်ရန် လှေဖြင့် ကူးကြစဉ် လှေတိမ်းမှောက်ခဲ့ကြောင်း၊ လှေမှောက်မှုကြောင့်...

မင်းလှမြို့နယ်၊ ဦးတိုမြန်မာစုကျေးရွာတွင် ညအချိန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားများက ရွှေပြည်အေး အောင်တော်မူစေတီတော်ကြီးမှ စိန်ဖူးတော်ကို ခိုးယူသွား

ရန်ကုန်၊ စက်တင်ဘာ ၃ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဦးတိုမြန်မာစု ကျေးရွာတွင် ညအချိန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားများက ရွှေပြည်အေး အောင်တော်မူစေတီတော်ကြီးမှ စိန်ဖူးတော်ကို ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ ဩဂုတ်လ ၃၀ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဦးတိုမြန်မာစုကျေးရွာရှိ ရွှေပြည်အေး...

ခင်ဦး၊ မဒေါင်းလှရွာကို စစ်ကူလာသည့် စစ်ကြောင်းက ကျေးရွာများကို စီးနင်းမီးရှို့နေပြီး စစ်စခန်း မကျဆုံးရှုံးရေး အပြင်းအထန် ခုခံနေ၊ စစ်တပ်က လေကြောင်းဖြင့် ရိက္ခာထုပ်များ ကျဲချပို့ဆောင်နေ

ရန်ကုန်၊ စက်တင်ဘာ ၃ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာကို စစ်ကူလာသည့် စစ်ကြောင်းက ကျေးရွာများကို စီးနင်းမီးရှို့နေပြီး စစ်စခန်း မကျဆုံးရှုံးရေး အပြင်းအထန် ခုခံနေကာ စစ်တပ်က လေကြောင်းဖြင့် ရိက္ခာထုပ်များ ကျဲချပို့ဆောင်နေကြောင်း ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)...

အားမာန်သစ် လူထု သပိတ် စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၃ ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် လူထု သပိတ်‌ စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၃ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage...

ပခုက္ကူ အင်ပင်ရွာ စစ်တပ်ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ၊ တောင်ငူတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို KNU ကွန်မန်ဒိုတပ်က တိုက် ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၃ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း Shwe Nyar Myae PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်း...

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မန္တလေးမြို့ပေါ်က မြောက်ပြင်ဘက်မှာ ဒီကနေ့ မနက် ၄ နာရီဝန်းကျင်လောက်ကပဲ ရှော့တိုက်ဒုံး ပစ်ခတ်သံတွေနဲ့အတူ ပေါက်ကွဲသံတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပြီးနောက် ပစ်ခတ်မှုအတွင်း အဆောက်အအုံတချို့ပါ ထိခိုက်မှုရှိထားတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းက ကန်ကြီးထောင့်မြို့နယ်မှာ အကြမ်းဖက်...

နေပြည်တော် တပ်ကုန်းတွင် အိပ်ရာထဲလဲနေသော ကျန်းမာရေးမကောင်းသူကို စစ်မှုထမ်းရန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး တီဘီရောဂါပိုး စစ်ဆေးတွေ့ရှိသောအခါမှ နေအိမ်ပြန်ပို့

ရန်ကုန်၊ စက်တင်ဘာ ၃ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် အိပ်ရာထဲလဲနေသော ကျန်းမာရေးမကောင်းသူကို စစ်မှုထမ်းရန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး တီဘီရောဂါပိုး စစ်ဆေးတွေ့ရှိသောအခါမှ နေအိမ်ပြန်ပို့လာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ နှောင်းပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရွှေမြို့ဘူတာကျေးရွာတွင် အိပ်ရာထဲလဲနေသော ကျန်းမာရေးမကောင်းမွန်သူ ကိုကျော်ဆန်းမိုးကို စစ်မှုထမ်းရမည်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူး...

မန္တလေး၊ နန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့ဒုံး ၁၀ လုံး ဖြင့်ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၁၈ ဦးဒဏ်ရာရဟုဆို၊ စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ်များ ထိမှန်

ရန်ကုန်၊ စက်တင်ဘာ ၃ မန္တလေး၊ နန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ယနေ့ နံနက်ပိုင်း ၁၀၇ မမ ရှော့ဒုံး ၁၀ လုံး ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၃...

ကရင်နီပြည်တွင် ဩဂုတ်လ တိုက်ပွဲများအတွင်း စစ်သား ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ၊ စစ်တပ်က လူနေအိမ် ၄၀ ကျော် ကို မီးရှို့ဖျက်ဆီးခဲ့

ရန်ကုန်၊ စက်တင်ဘာ ၃ ကရင်နီပြည်နယ်တွင် ဩဂုတ်လတိုက်ပွဲများအတွင်း စစ်သား ၆ ဦးသေဆုံး ကာ အကြမ်းဖက်စစ်ကောင်စီတပ်က လူနေအိမ် ၄၀ ကျော်ကို မီးရှို့ဖက်ဆီးခဲ့ကြောင်း KNDF သတင်း နှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။ ဩဂုတ်လ ၁ ရကနေ့မှ ၃၁ ရက်နေ့အထိ ကရင်နီပြည်နယ်၊ လွိင်ကော် -...

မကွေးတိုင်းတွင် ပခုက္ကူ၊ မြိုင် အပါအဝင် မြို့နယ်များမှ စွန့်ခွာ ထွက်ပြေးလာသော ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး တာဝန် ပြန်ထမ်းဆောင်ရန် ဖိအားပေးကာ ရှေ့တန်းပြန်စေလွှတ်သဖြင့် ရဲအများစု ထွက်ပြေး တိမ်းရှောင်

ရန်ကုန်၊ စက်တင်ဘာ ၃ မကွေးတိုင်း၊ ပခုက္ကူ၊ မြိုင်မြို့နယ် အပါအဝင် မြို့နယ်များမှ ဆုတ်ခွာလာသော ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးအချုပ်ချပြီး တာဝန် ပြန်ထမ်းဆောင်ရန် ဖိအားပေးကာ ရှေ့တန်းပြန်စေလွှတ်သဖြင့် ရဲအများစု ထွက် ပြေး တိမ်းရှောင်နေကြကြောင်း မကွေးတိုင်းရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မကွေးတိုင်းအတွင်း...

Latest news

- Advertisement -spot_img