25 C
Yangon
- Advertisement -spot_img

TAG

NUG

ချောင်းဦးမြို့ထွေအုပ်ရုံးနှင့် ဘောလုံးကွင်းအတွင်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့် စစ်အုပ်စုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်

ရန်ကုန်၊ ဒီဇင်ဘာလ ၁၁ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ထွေအုပ်ရုံးနှင့်ဘောလုံးကွင်းအတွင်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေသည့် စစ်အုပ်စုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း စစ်ကိုင်းခရိုင် အမှတ် ၁၈၂၅ ဒရုန်းတပ်ရင်း -SDDF တပ်ဖွဲ့မှ မြေပြင်ထေက်လှမ်းရေးတာဝန်ခံ ရဲဘော် မာဝီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဒီဇင်ဘာလ ၈...

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ လွတ်လပ် တရားမျှတမှု မရှိနိုင်ဘူးလို့ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဗြိတိန်နဲ့ ဩစတြေးလျအစိုးရတို့က မနေ့ကကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းရွာက ပျူစောထီးတွေ...

ရန်ကုန်ရှိ အမှတ် ၁ သန်လျင် ရေနံချက်စက်ရုံ ပြန်လည် လည်ပတ်ရေးနှင့် စက်ရုံသစ် စီမံကိန်းတွင် မင်းအောင်လှိုင်သား အောင်ပြည့်စုံ၊ သိန်းစိန်၏ သမီးရှယ်ယာပါသော Myan Oilကုမ္ပဏီနှင့် Heyday ကုမ္ပဏီတို့ လုပ်ကိုင်ခွင့်ရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အမှတ် ၁ သန်လျင် ရေနံချက်စက်ရုံ ပြန်လည် လည်ပတ်ရေးနှင့် စက်ရုံသစ်စီမံကိန်းအတွက် မင်းအောင်လှိုင်၏သားဖြစ်သူ အောင်ပြည့်စုံ၊ သမ္မတဟောင်း သိန်းစိန်သမီး ၁ ဦး ရှယ်ယာပါဝင်နေသော Myan Oil ကုမ္ပဏီနှင့် Heyday ကုမ္ပဏီတို့က လုပ်ပိုင်ခွင့်ရရှိထားကြောင်း...

အရပ်သားများ ဆေးကုသမှု ခံယူနေသော မြောက်ဦး ဆေးရုံကြီးကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချမှု ပြည်သူ ၃၀ နီးပါးသေဆုံးပြီး အများအပြားဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ပြည်သူများ ဆေးကုသမှု ခံယူနေသော မြောက်ဦး ဆေးရုံကြီးကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချခဲ့ရာ လူ ၃၀ နီးပါးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း ရခိုင်ဒေသတွင် လူမှုကူညီရေး ဆောင်ရွက်နေသူ စာရေးဆရာဝေဟင်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်လုံးကျွတ် အသံတတိတ်သပိတ်ကို ရန်ကုန် မန္တလေးလို မြို့ကြီးတွေအပါအဝင် တနိုင်ငံလုံးပါဝင်ဆင်နွဲခဲ့ကြပြီး အောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့ သပိတ်အင်အားစုတွေကပြောပါတယ်။ ရန်ကုန်မြို့က အသံတိတ်သပိတ်နဲ့ပက်သက်ပြီး ဒီကနေ့ အသံတိတ်သပိတ်...

ချောင်းဦး၊ ချောက်မြို့နယ်နှင့် သံဖြူဇရပ်တို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကျီကုန်းရွာရှိ နေအိမ်များကို မီးရှို့ဖျက်စီးနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး ကျဲချတိုက်ခိုက်ခဲ့ကြောင်း Burmese Peacock Defense Force-BPDF (မြိုင်-ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၉ ရက်နေ့...

ဟုမ္မလင်းမြို့အခြေစိုက် ခလရ ၂၂၂ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦးနှင့် ပျူစောထီး ၄ ဦးတို့ သေနတ် ၄ လက်၊ ခဲယမ်းများ ယူဆောင် အလင်းဝင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမြို့အခြေစိုက် ခလရ ၂၂၂ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦးနှင့် ပျူစောထီး ၄ ဦးတို့က သေနတ် ၄ လက်နှင့်ခဲယမ်းများ ယူဆောင် အလင်းဝင်လာကြောင်း Mawlaik Revolution မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ အောက်တိုဘာလနှင့် ဒီဇင်ဘာလ ၇...

ထိုင်းနိုင်ငံတွင်း ရှိ မြန်မာ အပါအဝင် တရားမဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့် ဘတ်အသစ်ကို ဒီဇင်ဘာ ၁၂ ရက်နေ့ စဖွင့်ပေးမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ထိုင်းနိုင်ငံ အလုပ်သမားနှင့် လူဝင်မှုဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ထိုင်းနိုင်ငံတွင်း တရားမဝင်အလုပ်လုပ်ကိုင်နေကြသော မြန်မာ၊ လာအို၊ ဗီယက်နမ် နိုင်ငံသားများအတွက် အလုပ်လုပ်ခွင့် (Work permit / ဘတ်) လျှောက်ထားနိုင်မည့် အစီအစဉ်ကို ဒီဇင်ဘာ ၁၂ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါအစီအစဉ်သည်...

မေမြို့၊ ဘုရားသုံးဆူမြို့၊ ယင်းမာပင်မြို့နယ်နှင့် ဆောမြို့တို့တွင် ပြည်သူများက အသံတိတ်သပိတ် ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ မန္တလေးတိုင်း မေမြို့၊ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၊ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နှင့် မကွေးတိုင်း ဆောမြို့တို့တွင် ပြည်သူများက အသံတိတ်သပိတ်ပြုလုပ်နေပြီး လမ်းသွားလမ်းလာပြည်သူများမရှိတော့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တနိုင်လုံးအတိုင်းအတာဖြင့် ပြုလုပ်နေသော အသံတိတ် သပိတ်၌ မေမြို့၊...

တောင်ငူအခြေစိုက် ကေတုမတီလေတပ်စခန်း ဆီသိုလှောင်ကန်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု ပစ်မှတ်ကို ထိထိမိမိတိုက်ခိုက်နိုင်ခဲ့ပြီး နာရီဝက်ခန့်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် ကေတုမတီလေတပ်စခန်းရှိ ဆီသိုလှောင်ကန်များကို ၁၀၇ မမ ရှော့တိုက်ဒုံးမျာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့ပြီး နာရီဝက်ခန့် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့...

Latest news

- Advertisement -spot_img