32 C
Yangon
- Advertisement -spot_img

TAG

NUG

တနင်္သာရီတိုင်းတွင် စက်တင်ဘာလအတွင်း စစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ပြည်သူ ၈ ဦး ထက်မနည်းသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၉ တနင်္သာရီတိုင်းတွင် စက်တင်ဘာလ အတွင်း အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ပြည်သူ ၈ ဦး ထက်မနည်းသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ စစ်တင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ထိခိုက်သေဆုံးခဲ့ရသည့် ဖြစ်စဥ်...

နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော စစ်ကောင်စီ၏ ထောက်ခံသူများက လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားစေရေး ပိုမိုဖန်တီးလာနေ

ရန်ကုန်| အောက်တိုဘာ ၉ မြန်မာနိုင်ငံတွင် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခဖန်တီးမှုများ ပိုမိုများပြားလာပြီး စစ်လော်ဘီများက အဓိက ဖန်တီးနေကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီ လော်ဘီများ၏ လူမျိုးရေးပဋိပက္ခဖန်တီးမှု၊ ဘာသာရေးပဋိပက္ခဖန်တီးမှုနှင့် ထိုပဋိပက္ခများ...

ကျောက်တံခါးနှင့် သရက်ချောင်း မြို့နယ်တို့တွင် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်ယူသူများကို အရေးယူမည်ဟု PDF တပ်ဖွဲ့များ အသိပေး

ရန်ကုန်၊ အောက်တိုဘာ ၉ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း၌ အကြမ်းဖက် စစ်ကောာင်စီ၏ အတုအယောင်ရွေးကောက်ပွဲ အတွက် သန်းခေါင်စာရင်းကောက်ယူသူများကို အရေးယူမည်ဖြစ်ကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ ယခုအခါ အကြမ်းဖက် စစ်ကောင်စီသည် အတုယောင် ရွေးကောက်ပွဲကို အကြောင်းပြကာ အောက် တိုဘာလ ၁ ရက်နေ့မှစ၍ ပြည်သူများ၏ ကိုယ်ရေးအချက်အလက်...

ခင်ဦးမြို့ပေါ် ဆေးရုံတွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု

ရန်ကုန်၊ အောက်တိုဘာ ၉ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ် ဆေးရုံတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း FUTURE HERO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အောက်တိုဘာလ ၆ ရက်နေ့တွင်...

လာအိုတွင် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေပြီး ထိုင်းနိုင်ငံက မြန်မာ့အရေး ဖြေရှင်းရေး နည်းလမ်းသစ် အဆိုပြုမည်၊ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတစ်ခုကို ထိုင်းကဦးဆောင် ၍ ဒီဇင်ဘာလတွင် ကျင်းပမည်

ရန်ကုန်၊ အောက်တိုဘာ ၉ လာအိုနိုင်ငံတွင် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေပြီး အာဆီယံနိုင်ငံများမှ နိုင်ငံ့ခေါင်း ဆောင်များ တက်ရောက်နေကာ ထိုင်းနိုင်ငံက မြန်မာ့အရေး ဖြေရှင်းရေး နည်းလမ်းသစ် အဆိုပြုမည်ဖြစ်ကြောင်း ရိုက်တာနှင့် AP သတင်းများအရ သိရှိရသည်။ ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ လာအိုနိုင်ငံတွင် ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲတွင်...

စစ်တွေထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၃၆၀ ကျော်ကို ရန်ကုန်နှင့် ဧရာဝတီရှိ အကျဉ်းထောင်များသို့ ပြောင်းရွှေ့

ရန်ကုန်| အောက်တိုဘာ ၉ ရခိုင်ပြည် စစ်တွေ အကျဉ်းထောင်က အကျဉ်းသား ၃၆၆ ဦးကို ရန်ကုန်နှင့် ဧရာဝတီရှိ အကျဉ်းထောင်များသို့ စစ်ကောင်စီက ယမန်နေ့ အောက်တိုဘာလ ၈ ရက်ညတွင် ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံရေးအမှုအပါအဝင် အကြမ်းဖက်အမှုဖြင့် အကျဉ်းကျခံနေရသူများပါဝင်ပြီး အများစုမှာ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသားများဖြစ်ကြောင်း...

ထိုင်းနိုင်ငံတွင် MOU စာချုပ်ပါ အလုပ်မရဘဲ ဒုက္ခရောက်နေသည့် မြန်မာ အလုပ်သမား ၂၀၀ ကျော်ကို စာချုပ်ပါ လစာ၏ ၇၅ ရာခိုင်နှုန်းပေးရန်နှင့် အလုပ်သစ် ရှာပေးရန် အေဂျင်စီဘက်က သဘောတူ လက်မှတ်ရေးထိုး

ရန်ကုန်၊ အောက်တိုဘာ ၉ ထိုင်းနိုင်ငံ၊ ချွန်ပူလီမြို့တွင် MOU စာချုပ်ပါ အလုပ်မရဘဲ ဒုက္ခရောက်နေသည့် အလုပ်သမားများအတွက် အလုပ်ရှာပေးရန်နှင့် အလုပ်ရှာမပေးနိုင်သေးပါက စာချုပ် လုပ်ခလစာ၏ ၇၅ ရာခိုင်နှုန်း ပေးရန် အလုပ်အကိုင်အေဂျင်စီ ZIN TUN WIN 999 ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း Worker...

မြင်းခြံ၊ ကျောက်ကန်ပျူစောထီးရွာသို့ စစ်ကူလာသည့် စစ်ကြောင်းကို ဖြတ်တောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၉ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူစောထီးရွာ စခန်းသိမ်းတိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။ အောက်တိုဘာလ ၇ ရက်...

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ စစ်တိုင်းတိုင်းက ပင်လည်ဘူးမြို့ကို KIA - PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးတဲ့နောက်မှာပဲ စစ်ကောင်စီတပ်စခန်းတွေကနေ ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါးတွေကိုပါ သိမ်းဆည်းရရှိခဲ့သလို ၊ လက်နက် ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နဲ့...

ထိုင်းနိုင်ငံရောက် MOU မြန်မာအလုပ်သမား ၁ သိန်းကျော်ထံမှ လစဉ် လစာငွေ ၂၅ ရာခိုင်နှုန်း စစ်ကောင်စီ၏ဘဏ်များထံသို့ ပြန်ပို့ပေးရေး ပြည်ပအလုပ်အကိုင်အေဂျင်စီများက ဆောင်ရွက်ပေးရန် စစ်တပ်က အမိန့်ထုတ် ဖိအားပေး

ရန်ကုန်၊ အောက်တိုဘာ ၉ ထိုင်းနိုင်ငံရောက် MOU မြန်မာအလုပ်သမား ၁ သိန်းကျော်ထံမှ လစဉ် လစာငွေ ၂၅ ရာခိုင်နှုန်း စစ်ကောင်စီ၏ဘဏ်များထံသို့ ပြန်ပို့ပေးရေး ပြည်ပအလုပ်အကိုင်အေဂျင်စီများက ဆောင်ရွက်ပေးရန် စစ်တပ်က အမိန့်ထုတ် ဖိအားပေးနေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံသို့ MOU...

Latest news

- Advertisement -spot_img