31 C
Yangon
- Advertisement -spot_img

TAG

NUG

မိုးမိတ်ခရိုင် ပကဖက စစ်သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စစ်သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဒေသမှ လူငယ်များက တော်လှန်ရေးရဲဘော်များအဖြစ် ဝင်ရောက် စစ်သင်တန်းတက်ခဲ့ကြကြောင်း သိရှိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese...

ရေတာရှည်မြို့နယ်နှင့်နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ်များက လေယာဉ်ဖြင့် ဗုံးများကျဲချမှု နှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အိမ်မွေးတိရိစ္ဆာန်များ သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၆ ပဲခူးတိုင်းရေတာရှည်မြို့နယ်နှင့်မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ်များက လေယာဉ်ဖြင့် ဗုံးများကျဲချမှု နှင့် လက်နက် ကြီးဖြင့် ပစ်ခတ်မှုတို့ကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အိမ်မွေးတိရိစ္ဆာန်များ သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၅ ရက်နေ့ ည ၈...

မြောက်ဥက္ကလာပမြို့နယ်၊ စိန်ပန်းမြိုင်ယာဉ်ထိန်းရဲလိုင်းခန်းကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၆ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ စိန်ပန်းမြိုင်ယာဉ်ထိန်းရဲလိုင်းခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။ ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့ ည ၈ နာရီ ၂၇ မိနစ်အချိန်က မြောက်ဥက္ကလာပမြို့နယ်ရှိ စိန်ပန်း မြိုင် ယာဉ်ထိန်းရဲတန်းလျားကို...

ရှမ်း-ကရင်နီပြည် အစပ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု စစ်ရှောင်ပြည်သူ ၉ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၆ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည် အစပ် ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က ယမန်နေ့ ညပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ စစ်ဘေးရှောင် ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီခွဲအချိန်...

တရားမဝင် အကြမ်းဖက် မြန်မာစစ်ကောင်စီကို တရုတ်နိုင်ငံက ပံ့ပိုးနေမှုများ ရပ်တန့်ရန် ၊ NUG ၊ NUCC နှင့် EROs များကို အသိအမှတ်ပြုရန် မြန်မာအရပ်ဘက်အဖွဲ့ ၂၇၆ ခု က တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၆ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းထားသော တရားမဝင် အကြမ်းဖက် မြန်မာစစ်ကောင်စီကို တရုတ်နိုင်ငံက ပံ့ပိုးနေမှုများ ရပ်တန့်ရန် ၊ NUG ၊ NUCC နှင့် EROs များကို အသိအမှတ်ပြုရန် မြန်မာအရပ်ဘက်အဖွဲ့ ၂၇၆ ခု က တောင်းဆိုလိုက်ကြသည်။ မြန်မာပြည်တွင်းအကျပ်အတည်းကို လျှင်မြန်စွာဖြေရှင်းနိုင်ရေးအတွက်...

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက်စစ်ကောင်စီက မူဝါဒအပြောင်းအလဲလုပ်လိုက်တဲ့အတွက် စက်သုံးဆီနဲ့ စားအုန်းဆီတွေ ပိုမိုရှားပါးလာတော့မှာဖြစ်ပြီး လက်ရှိမှာ ဆေးဝါးတွေ ပြတ်လပ်နေတယ်လို့ သိရပါတယ်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဟိန်းဇဲဒေသအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ရေတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ် ၁...

နိုင်ငံတစ်ဝန်းလုံးတွင် ဓာတ်ဆီနှင့်ဒီဇယ်စျေးနှုန်းများ တစ်လီတာလျှင် ငွေကျပ် ၁၀၀ ကျော် ထပ်မံမြင့်တက်သွားပြန်

ရန်ကုန်၊ စက်တင်ဘာ ၆ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီ အပါအဝင် စက်သုံးဆီစျေးနှုန်းများ တစ်လီတာလျှင် ငွေကျပ် ၁၀၀ ကျော် ထပ်မံမြင့်တက်သွားကြောင်း သိရှိရသည်။ ယနေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် 92 နှင့် 95 အမျိုးအစား ဓာတ်ဆီ တစ်လီတာလျှင် ၁၂၅ ကျပ်နှုန်းမြင့်တက်သွားပြီး ပရီမီယံဒီဇယ်ဆီ...

နမ့်ခမ်းမြို့ကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေ​ယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ်၊ ကိုယ်ဝန် ဆောင် မိခင်၊ မိသားစုလိုက် သေဆုံးမှု အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၆ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နမ့်ခမ်းမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်၊ ကိုယ်ဝန်ဆောင် မိခင်၊ မိသားစုလိုက် သေဆုံးမှု အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း Ta'ang...

ပြည်ပရောက် မြန်မာအလုပ်သမားများ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းခြင်းမပြုပါက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမပေးခြင်း၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းနှင့် OWIC ကတ် ထုတ်မပေးခြင်းများဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ကြေညာ

ရန်ကုန်၊ စက်တင်ဘာ ၆ ပြည်ပနိုင်ငံများတွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအနေဖြင့် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းခြင်းမပြုပါက နိုင်ငံကူးလက်မှတ် သက်တမ်း တိုးမပေးခြင်း၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းနှင့် OWIC ကတ် ထုတ်မပေးခြင်းများဖြင့် အရေးယူဆောင်ရွက်မည်ဟု စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း...

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ တိုင်းပြည်ရဲ့ အာဏာကို မတရားလုယူထားတဲ့ နိုင်ငံတော်ပုန်ကုန်မှုအပြင် ပြည်သူလူထုအပေါ် သစ္စာဖောက်ဖျက်မှုတွေကျူးလွန်နေတဲ့ အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတော် နဲ့ ပြည်သူလူထုရဲ့ ရန်သူအဖြစ် သတ်မှတ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကနေ ဒီကနေ့ စက်တင်ဘာလ...

Latest news

- Advertisement -spot_img