21 C
Yangon
- Advertisement -spot_img

TAG

NUG

မောင်တောမြို့နယ်တွင် ARSA အဖွဲ့က အရပ်သား ခရီးသည်တင် ကားတစ်စီးကို ဓားပြတိုက်ပြီး အမျိုးသမီး ၂ ဦး ကို ပစ်သတ်

ရန်ကုန်၊ အောက်တိုဘာ ၂၃ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြိုယုရွာအနီးတွင် ARSA အကြမ်းဖက်က ခရီးသည်တင် ကားတစ်စီးကို ဓားပြတိုက်ပြီး အမျိုးသမီး ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀...

စစ်တပ်က စစ်မှုထမ်းတပ်သားသစ်များကို မူယစ်ဆေးဝါး သုံးစွဲခွင့်ပေးထားဟု အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကျော် ဖွင့်ဟဝန်ခံ

ရန်ကုန်၊ အောက်တိုဘာ ၂၃ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သားများကို မူယစ်ဆေးဝါးသုံးစွဲခွင့်ပေးထားကြောင်း အလင်းဝင်စစ်မှုထမ်းတပ်သား အောင်ကျော်က ဖွင့်ဟဝန်ခံလိုက်သည်။ အောက်တိုဘာလ ၁၇ ရက်နေ့ စစ်မှုထမ်း တပ်သားသစ် ကိုအောင်ကျော်က နောင်ချိုမြို့နယ်အတွင်း တံတားပြင်ဆင်နေသည့် စစ်တပ် စစ်ကြောင်းနှင့်အတူ လိုက်ပါလာစဉ် ထွက်ပြးလွတ်မြောက်လာကာ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ကိုအောင်ကျော်မှာ မန္တလေးမြို့ ကျောက်ဝိုင်းတွင်...

နတ်တလင်းတွင် စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲခံရသော ရွှေကြာပင်ရွာသား ကိုဝင်းဇော်ထွန်း ရှေ့တန်း တိုက်ပွဲတွင် သေဆုံးပြီး စစ်မှုထမ်းတပ်သား ကိုသီဟလည်း လက်တစ်ဖက် ပြတ်ဒဏ်ရာရ၊ စစ်တပ်က မည်သည့်ခံစားခွင့်မှ မပေး

ရန်ကုန်၊ အောက်တိုဘာ ၂၃ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားသော ရွှေကြာပင်ရွာသား ကိုဝင်းဇော်ထွန်း ရှေ့တန်း တိုက်ပွဲတွင် သေဆုံးပြီး ရုန်းကုန်းရွာသား ကိုသီဟလည်း လက်တစ်ဖက် ပြတ်သွားပြီး ပြင်းထန်ဒဏ်ရာရထားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုနှစ် မတ်လပိုင်းနှင့်...

ကော့ကရိတ်၊ ပေါက်နှင့် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က Y-12 ၊ ဂျက်ဖိုက်တာ၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ပျက်စီးပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ အောက်တိုဘာ ၂၃ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၄...

မြ၀တီမြို့နယ်၊ KK Park မှ ကျားဖြန့်လုပ်ကိုင်သော နိုင်ငံခြားသား ၆၀၀ ကျော် မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာပြီး အရေအတွက် ထပ်မံမြင့်တက်လာနိုင်၊ တရုတ်တချို့ သောင်ရင်းမြစ်အတွင်းသို့ ခုန်ချ ရေကူးထွက်ပြေးကြ

ရန်ကုန်၊ အောက်တိုဘာ ၂၃ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ KK Park မှ ကျားဖြန့်လုပ်ကိုင်သော နိုင်ငံခြားသား ၆၀၀ ကျော် မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာပြီး အရေအတွက် ထပ်မံမြင့်တက်လာနိုင်ကြောင်း နယ်စပ်သတင်းရင်းမြစ်များနှင့် ထိုင်းသတင်းဌာနများ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ပြီး KK Park...

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က အကြမ်းဖက် စစ်တပ်ရဲ့ သန်လျင်တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းလူ ဟာ လူမိုက်တွေနဲ့ ပျူစောထီးတွေကို ခါးပိုက်ဆောင်တပ်ဖွဲ့အဖြစ် မွေးထားပြီး လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ၊ စစ်မှုထမ်း...

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စစ်တပ်၏ ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်သူများကို အရေးယူမည်ဟု ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး က သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်သူများအား အရေးယူမည်ဖြစ်ကြောင်း ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် စစ်တပ်၏ ဖိနှိပ်မှုကြောင့် ဓနုဒေသအတွင်း နိုင်ငံ ရေးတက်ကြွလှုပ်ရှားသော လူငယ်များသည်...

စစ်ကိုင်း-ဝက်လက်-အရာတော် မြို့နယ် အစပ်သို့ စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တော်လှန်ရေးတပ်များက ပူးပေါင်းကြားဖြတ် တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၃ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် အရာတော်မြို့နယ် အစပ်သို့ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက် ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သူများပြားကြောင်း တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၂၁ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် အရာတော်မြို့နယ်...

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်ရရှိမည်မဟုတ်ဟု အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က ထုတ်ပြော၊ စစ်လော်ဘီများက မင်းအောင်လှိုင် အစည်းအဝေးတက်ခွင့်ရသည်ဟု ဝါဒဖြန့်မှုများ အဆုံးသတ်

ရန်ကုန်၊ အောက်တိုဘာ ၂၃ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် အာဆီယံ ထိပ်သီးအစည်း အဝေးသို့ တက်ခွင့်ရရှိမည်မဟုတ်ကြောင်း အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က တရား၀င် ထုတ်ဖော်ပြောဆိုလိုက်သည်ဟု မလေးရှား Bernama သတင်းဌာနက သတင်းဖော်ပြသည်။ အောက်တိုဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့ အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်...

ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် တရုတ်ဝမ်ပေါင်ကုမ္ပဏီအတွင်း တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ကျေးရွာများသို့ ပစ်ခတ်နေပြီး ပြည်သူ ၁ ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၃ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသည့် စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာများသို့ ပစ်ခတ်နေပြီး ပြည်သူ ၁ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်နေ့တွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီအတွင်းရှိ စစ်တပ်က...

Latest news

- Advertisement -spot_img