25 C
Yangon
- Advertisement -spot_img

TAG

PDF

ဂန့်ဂေါမြို့အနီး တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကို စုံစမ်းထောက်လှမ်းနေသော ပျူစောထီး ၂ ဦးကို အရှင်ဖမ်းမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ မကွေးတိုင်း၊ ဂန့်ဂေါမြို့အနီး တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကို စုံစမ်းထောက်လှမ်းနေသော ပျူစောထီး ၂ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း Black Dragon Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ဂန့်ဂေါမြို့အနီး တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို စုံစမ်းထောက်လှမ်းနေသည့် ပျုစောထီး...

ကရင်ပြည်နယ်တွင် DKBA ၊ KNA နှင့် BGF တို့ ၏ ကျားဖြန့် လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည် လည်ပတ်နေမှုကို စစ်တပ်က လျစ်လျူရှုပြီး စစ်အင်အားတိုးချဲ့မှုများကိုသာ အဓိကထားလုပ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ကရင်ပြည်နယ်တွင် DKBA ၊ KNA နှင့် BGF တို့ ၏ ကျားဖြန့် လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည် လည်ပတ်နေမှုကို စစ်တပ်က လျစ်လျူရှုပြီး စစ်အင်အားတိုးချဲ့မှုများကိုသာ အဓိကထားလုပ်နေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ DKBA က...

ငါန်းဇွန်မြို့နယ်တွင် စစ်တပ် စစ်ကြောင်း၊ ရဲစခန်းနှင့် ထွေ/အုပ် ရုံးတို့ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၁၀ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း၊ ရဲစခန်းနှင့် ထွေ/အုပ်ရုံး တို့ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၁၀ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၂ ဦး...

စစ်ကိုင်းမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် စစ်ကိုင်းမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး ခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ စစ်ကိုင်းမြို့နယ် မန္တလေး-မုံရွာ-ရွှေဘိုလမ်း နှင့် စစ်ကိုင်း...

ဘီးလင်းမြို့နယ်၊ တောင်စွန်းနယ်မြေရဲစခန်းမှ နယ်ထိန်း ရဲဒုတပ်ကြပ် ဇော်မင်းထွန်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် တောင်စွန်းနယ်မြေရဲစခန်းမှ နယ်ထိန်း ရဲဒုတပ်ကြပ် ဇော်မင်းထွန်းကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဘီးလင်းမြို့ပြ အာဠာဝအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဘီးလင်းမြို့နယ် တောင်စွန်းသံတားကြီး ကော့ကမယ်ကျေးရွာရှိ တောင်စွန်းနယ်မြေရဲစခန်းမှ...

လောင်းလုံးနှင့် မြောင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စစ်ပြဲရွာကို စစ်ကြောင်းထိုးလာသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုရှိကြောင်း လောင်းလုံးမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် လောင်းလုံးမြို့မှ စစ်ပြဲရွာ ရေပုံးကျောင်းသို့...

ဝက်လက်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို လိုက်လံ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှု များပြားပြီး Jammer ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို လိုက်လံ တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှု များပြားပြီး Jammer ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့မှ...

ကန့်ဘလူမြို့နယ်တွင် အင်အား ၁၀၀ ကျော် တပ်စွဲထားသော ကိုးထောင်ဘို့ရွာ စစ်‌တပ်အထိုင်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၃၁ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အင်အား ၁၀၀ ကျော် တပ်စွဲထားသော ကိုးထောင်ဘို့ရွာ စစ်‌တပ်အထိုင်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်း...

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ ဟဲပါးကျေးရွာကို KIA ပူးပေါင်းတပ်က ပြန်လည် သိမ်းပိုက်လိုက်ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ ဟဲပါးကျေးရွာကို KIA ပူးပေါင်းတပ်များက ပြန်လည်သိမ်းပိုက်လိုက်ပြီး SNA နှင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးကန် အရှေ့ဘက်ကမ်းရှိ ဟဲပါးကျေးရွာကို...

ဖြူးနှင့် ရွာငံမြို့နယ်တွင် စစ်တပ် တပ်စွဲထားသောနေရာနှင့် စစ်သားများ လိုက်ပါလာသောကားကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ပဲခူးတိုင်း ၊ ဖြူးမြို့နယ် မုန်း-အုတ်ဖြတ်လမ်းပိုင်းရှိ စစ်တောင်းမြစ် တံတားပေါ်တွင် အထိုင်ချ တပ်စွဲထားသောနေရာကို စနိုက်ပါဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Falcons စွန်ရဲ (Local PDF) မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇန်နဝါရီလ...

Latest news

- Advertisement -spot_img