30 C
Yangon
- Advertisement -spot_img

TAG

PDF

ကျင်ဒွေးမြို့ကို ၄ လကျော်ကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ပြီဟု ချင်းညီနောင်အဖွဲ့များက တရားဝင် ကြေညာ၊ စစ်တပ်ဘက်မှ သေဆုံးမှု များပြားပြီး လက်နက်များ သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၁ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်ပြီဖြစ် ကြောင်း ချင်းညီနောင်အဖွဲ့များက ယနေ့ တရားဝင်ကြေညာသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ မှစတင်၍ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ နယ်၊ ကျင်ဒွေးမြို့ရှိ စစ်ကောင် စီစခန်းကို နယ် မြေခံ CDF-ကန်ပက်လက်နှင့်အတူ...

မုံရွာနှင့် ဘုတလင်မြို့နယ် အစပ် တန်ပိုဂိတ်အနီး ကင်းပတ်နေသော စစ် ကြောင်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်

ရန်ကုန်၊ မေ ၁ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်အစပ်၊ တန်ပိုဂိတ်အနီးတွင် ကင်းပတ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဧပြီလ ၃၀ ရက် နေ့ မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်စပ်ကြား တန်ပိုဂိတ်အနီး၌...

ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံအနီး စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲ ဖြစ်ပွားသဖြင့် လမ်းများပိတ်ပြီး ယာဉ်အသွားအလာများ ၁ နာရီ နီးပါး ရပ်ဆိုင်းသွား

ရန်ကုန်၊ မေ ၁ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံအနီးတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားသဖြင့် လမ်းများပိတ်ပြီး ယာဉ်အသွားအလာများ ၁ နာရီ နီးပါးခန့် ရပ်ဆိုင်းသွားကြောင်း ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ မေလ ၁ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်မှစတင်ပြီး...

စစ်အာဏာရှင် ချေမှုန်းရေး တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများအကြား သွေးခွဲ၊ သပ်လျှိုမှုများ များသထက် များလာနေ၍ သတိထားရန် NUG ဝန်ကြီးချုပ် သတိပေး

ရန်ကုန်၊ မေ ၁ စစ်အာဏာရှင် ချေမှုန်းရေး တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများအကြား သွေးခွဲ၊ သပ်လျှိုမှုများ များသထက် များလာနေ၍ သတိထားရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက သတိပေးပြောဆိုသည်။ ယမန်နေ့ ပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် ၁၅/၂၀၂၄ တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ ခေတ်စနစ်ပြောင်း တော်လှန်ရေး...

Khit Thit သတင်းဌာန၏ မေ ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာက အကြမ်းဖက်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ ဒုဗိုလ်မှူးကြီးတင်ကိုအပါအဝင် စစ်သား ၁၁ ဦးသေဆုံးပြီး စစ်သား ၁၅ ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ မန္တလေး PDF က...

သရက်ချောင်းတွင် ခမရ ၄၀၁ တပ်က PDF အယောင်ဆောင်ပြီး ဆက်ကြေးကောက်ကာ မူးယစ်ရမ်းကား

ရန်ကုန်၊ မေ ၁ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ရန်ကုန်ကားလမ်းပိုင်းတွင် ခမရ ၄၀၁ မှ တပ်သားများက PDF အယောင်ဆောင်ပြီး ခရီးသည်ယာဉ်များကို ဆက်ကြေးကောက်ကာ မူးယစ်ရမ်းကားနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ သရက်ချောင်းမြို့နယ်၊ မြိတ်- ရန်ကုန်ကားလမ်းပိုင်းတွင် ယခင်က PDF များ က ဂိတ်ချခဲ့သော နေရာဟောင်းတစ်ခုရှိပြီး...

မြင်းခြံမြို့နယ်၊ ကျောက်ကန်ရွာကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၁ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း အမှတ် ၁ (27 Revolution Forces Drone) အဖွဲ့...

ဆိပ်ဖြူမြို့နယ်တွင် စစ်ကား ၃ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ မေ ၁ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကား ၃ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ ဧပြီလ ၂၇ ရက်နေ့...

ပေါ်တာဆွဲခံရသော လူငယ်တချို့ အမြဲတမ်း စစ်သားအဖြစ် ရောင်းစားခံရမှုများရှိပြီး စစ်သားတစ်ဦးလျှင် အခြေခံပေါက်စျေး ငွေကျပ် ၁၅ သိန်းရှိကာ ၁၀ တန်းအောင်ဆိုလျှင် ၂၅ သိန်းစျေးပေါက်

ရန်ကုန်၊ မေ ၁ ရန်ကုန်အပါအဝင်မြို့ကြီးများတွင် လူငယ်တချို့ကို စစ်တပ်က အကြောင်းမရှိ အကြောင်းရှာ ဖမ်းဆီးပေါ်တာဆွဲမှုများရှိနေပြီး ယင်းဖမ်းဆီးခံရသော လူငယ်များအနက်မှ တချို့မှာ အမြဲတမ်း စစ်သားအဖြစ် ရောင်းစားခံရမှုများရှိနေကြောင်း ရောင်းစားခံရသည့် မိသားစုဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာမှ လူငယ်တချို့သည် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုမထမ်းလိုသဖြင့် ရန်ကုန်မြို့ထဲဘက်သို့...

မတ္တရာမြို့နယ်တွင် စစ်ကြောင်းနှင့် စစ်ကူထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရွာရှိ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

မတ္တရာမြို့နယ်တွင် စစ်ကြောင်းနှင့် စစ်ကူထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရွာရှိ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် ရန်ကုန်၊ ဧပြီ ၃၀ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် စစ်ကူထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ...

Latest news

- Advertisement -spot_img