24.9 C
Yangon
- Advertisement -spot_img

TAG

PDF

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာနိုင်ငံမှာ ပြည်သူရွေးကောက်တင်မြှောက်ထားခြင်းမရှိပဲ တိုင်းပြည်ရဲ့အာဏာကို လုယူထားတဲ့ တရားမဝင် အကြမ်းဖက် မြန်မာစစ်ကောင်စီကို တရုတ်နိုင်ငံက ပံ့ပိုးနေမှုတွေ ရပ်တန့်ဖို့ နဲ့ မြန်မာပြည်သူ အများစု ကိုယ်စားပြုထားတဲ့ NUG ၊...

ကန်ပက်လက်မြို့အဝင် စစ်တပ် စစ်ဆေးရေးဂိတ်မှ စစ်သားများက ကျင်းလိန်ရွာသား ဦးဇော်၀င်းထိုက်ကို ပစ်သတ်

ရန်ကုန်၊ စက်တင်ဘာ ၆ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အဝင် အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်မှ စစ်သားများက ကျင်းလိန်ရွာသား ဦးဇော်၀င်းထိုက်ကို ပစ်သတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ စက်တင်ဘာလ ၄ ရက်နေ့တွင် ကန်ပက်လက်မြို့အဝင် စစ်တပ်ဂိတ်၌ ဆောမြို့နယ်၊ ကျင်းလိန်ရွာသား အသက် ၃၁ နှစ်အရွယ် ဆိုင်ကယ်ကယ်ရီသမား...

မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD အထူးကွန်မန်ဒို အမှတ်စဉ် ၁ သင်တန်းဆင်းပွဲ ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၆ မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD က အထူးကွန်မန်ဒို သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၅ ရက်နေ့တွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ အဆိုပါ သင်တန်းတွင် သင်တန်းသား ၃၃ ဦး တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲတွင် NMSP-AD မှ အဖွဲ့ခေါင်းဆောင် နိုင်ဇေယျ၊ ဒု-အဖွဲ့ခေါင်းဆောင်...

မြင်းမူ၊ တောချောင်းဦးရွာရှိ စစ်တပ် အထိုင် စခန်းကို ၇ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား

ရန်ကုန်၊ စက်တင်ဘာ ၆ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ တောချောင်းဦးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင် စခန်းကို ၇ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ဦး ထက်မနည်း ထိခိုက် သေဆုံးမှုရှိကြောင်း Black Eagle Defence Force - MMU...

မင်းတပ်မြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၆ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်ရှိ ကျေးရွာတစ်ရွာကို ဒီကနေ့ စက်တင်ဘာ ၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ဒီနေ့ နံနက် ၂ နာရီ ၄၀ မိနစ်အချိန် မင်းတပ်မြို့နယ်၊ တိုက်နယ် ၄...

ရန်ကုန်ရှိ မြို့နယ်များတွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေ အကြောင်းပြ၍ ငွေကြေးတောင်းရမ်းမှုများ ပိုများလာပြီး ရှေ့တန်း မထွက်ရဟုဆိုကာ လိမ်လည် စည်းရုံးမှုများပါ လုပ်ဆောင်လာ

ရန်ကုန်၊ စက်တင်ဘာ ၆ ရန်ကုန်မြို့ရှိ မြို့နယ်များတွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေ အကြောင်းပြ၍ ငွေကြေးတောင်းရမ်းမှုများ ပိုများလာပြီး ရှေ့တန်း မထွက်ရဟုဆိုကာ လိမ်လည် စည်းရုံးမှုများပါ လုပ်ဆောင်လာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ စက်တင်ဘာလ ၁ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက...

မြိုင်နှင့်နွားထိုးကြီးတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၆ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ် က တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ...

စလင်းမြို့နယ် လင်းဇင်းတိုက်နယ် ရဲစခန်းမှ ရဲတပ်သား မင်းသူကို တော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်ရာမှ သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၆ မကွေးတိုင်း၊ စလင်းမြို့နယ် လင်းဇင်းတိုက်နယ် ရဲစခန်းမှ ရဲတပ်သား မင်းသူကို တော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း ဒေါင်း ညီနောင် မြို့ပြပြောက်ကျားအဖွဲ့ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီတွင်...

ပုသိမ်ကြီးတွင် စစ်မှုထမ်းရန် ပြည်သူများကို ခြိမ်းခြောက် ငွေတောင်းနေသူ ပျူစောထီးနှင့် သတင်းပေး ၃ ဦး တို့ ပစ်ခတ်ခံရပြီး ၃ ဦးလုံးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၆ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် စစ်မှုထမ်းရန် ပြည်သူများကို အတင်း အဓမ္မ ဖိအားပေး ခြိမ်းခြောက် ငွေတောင်းနေသူ ၃ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးလုံးသေဆုံးခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ စက်တင်ဘာလ ၄...

နမ့်ခမ်းမြို့ နှင့် ဖယ်ခုံမြို့နယ် စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကြောင့် သေဆုံးသူ ပြည်သူ ၂၀ ဦးမှာ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုနှင့် အပြစ်မဲ့ ပြည်သူများဖြစ်ပြီး ပရဟိတသမားတစ်ဦးပါဝင်

ရန်ကုန်၊ စက်တင်ဘာ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ လူနေရပ်ကွက်များနှင့် ဖယ်ခုံမြို့၊ ဘန်ကောက်စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကြောင့် သေဆုံးသူ ပြည်သူ ၂၀ ဦးမှာ ကလေးငယ်များ၊ အမျိုးသမီးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုနှင့် အပြစ်မဲ့ ပြည်သူများဖြစ်ပြီး ပရဟိတသမားတစ်ဦးပါဝင်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ စစ်တပ်၏...

Latest news

- Advertisement -spot_img