ရန်ကုန်၊ စက်တင်ဘာ ၆
စစ်တပ်၏ ဗုံးကျဲမှုကြောင့် နမ့်ခမ်းမြို့တွင် ကလေးငယ်၂ ဦး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ပြီး ဖယ်ခုံမြို့တွင် ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ယနေ့ စက်တင်ဘာလ ၆ရက်၊ နံနက် ၁ နာရီ ၃၅မိနစ်အချိန်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် နမ့်ခမ်းမြို့ ညစျေး(ပါင်ပွဲ)အနီးရှိ ပြည်သူလူထုနေအိမ်များပေါ်နှင့် ကျားဖြူခမ်းမအနီးသို့ ပေါင် ၅၀၀ ဗုံးများကျဲချခဲ့ပြီး ယင်းသို့ ကျဲချမှုကြောင့် ကလေးငယ် ၂ ဦး၊ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးသွားခဲ့ကြောင်း၊ ကလေးငယ် ၂ ဦး အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် ၆ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ပြီး သေဆုံးသွားသည့် အထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးပါဝင်ကြောင်း သိရှိရသည်။
နမ့်ခမ်းမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုတွင် ကရုဏာပရဟိတအဖွဲ့ဝင် အိုက်လင်းနှင့် ကိုယ်ဝန်ဆောင် ဇနီးသည်၊ ကလေး ၁ ဦး တို့လည်း သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၁၂ နှစ်အရွယ် စိုင်းလိန်လိန်ဆိုသော ကလေးငယ် ၁ ဦး၊ ဒေါ်ဆောင်ဌေး၊ မရွှေအိမ်တို့လည်းပါဝင်ကြောင်း သိရှိရသည်။
အလားတူ ယမန်နေ့ည ၉ နာရီ ၃၀ မိနစ် အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ဘန် ကောက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ်များ၊ ဆရာမများနှင့် ပြည်သူ ၉ ဦးသေဆုံးခဲ့ရကြောင်း၊ မိသားစုလိုက် သေဆုံးမှုလည်းရှိပြီး ညအိပ်ချိန်ဖြစ်၍ အားလုံး အနားယူ အိပ်စက်ကြချိန်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချခြင်းဖြစ်ကြောင်း သိရှိရသည်။
သေဆုံးသူအရေအတွက် အနေဖြင့် ကလေး ၅ ဦး၊ အမျိုးသမီး ၂ ဦးနှင့် စစ်ဘေးရှာင် ၂ ဦးတို့ ပါဝင်ကြောင်း၊ ဒဏ်ရာရသူ ၆ ဦးရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ – သေဆုံးသွားကြသည့် အပြစ်မဲ့ပြည်သူနှင့်ကလေးငယ်များ။
Photo- CJ ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar