26.9 C
Yangon
- Advertisement -spot_img

TAG

politics

မြန်မာအာဏာသိမ်းစစ်တပ်ကို ထင်သာမြင်သာ တိုးတက်မှု မပြသနိုင်ဘဲသွားရောက်တွေ့ ဆုံမှုကြောင့် စစ်ကောင်စီကို တရားဝင်မှု ပေးသကဲ့သို့ ဖြစ်နိုင်၍ အာဆီယံဂုဏ်သိက္ခာ ထိခိုက်စေနိုင်ဟု ကျွမ်းကျင်သူများ သတိပေး

ရန်ကုန်၊ ဇွန် ၁၅ မြေပြင်တွင် ထင်သာမြင်သာရှိသော တိုးတက်မှုတစ်စုံတစ်ရာ မပြသနိုင်ဘဲ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က မြန်မာစစ်ကောင်စီနှင့် သီးခြားစီ သွားရောက်တွေ့ဆုံနေခြင်းသည် စစ်ကောင်စီကို တရားဝင်မှု ပေးလိုက်သကဲ့သို့ ဖြစ်သွားနိုင်ပြီး အာဆီယံ၏ ဂုဏ်သိက္ခာနှင့် စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်ကြောင်း နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများက သတိပေးလိုက်သည်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး 'ဆူဂျီယိုနို' (Sugiono)...

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့ ဇွန်လ ၁၉ ရက်နေ့တွင် “နှင်းဆီလှုပ်ရှားမှု” အဖြစ် နိုင်ငံလုံးဆိုင်ရာနှင့် နိုင်ငံတကာလှုပ်ရှားမှုအဖြစ် တစ်ခဲနက်ဆင်နွှဲမည်ဟု ကြေညာ

ရန်ကုန်၊ ဇွန် ၁၅ စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်များကို တန်ပြန်ပံ့ပိုးပေးရန်နှင့် နိုင်ငံရေးအကျဉ်း သားများအားလုံး ရုန်းထွက်လွတ်မြောက်ရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်မည့် "နိုင်ငံတကာလှုပ်ရှားမှု - ROSE Movement: Roses of Hope" သို့မဟုတ် နှင်းဆီလှုပ်ရှားမှုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏...

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် “Proof of Life” ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်ပြီး တောင်ကိုရီးယားအစိုးရနှင့် ကိုရီးယားလွှတ်တော်ကို အိတ်ဖွင့်ပေးစာ ပေးပို့

ရန်ကုန်၊ ဇွန် ၁၄ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၁ နှစ်ပြည့် မွေးနေ့ “သက်ရှိထင်ရှား သက်သေပြပါ” ၊ “Proof of Life” ကမ်ပိန်း လှုပ်ရှားမှုကို ယနေ့ မွန်းလွဲပိုင်းတွင် ဆိုးလ်မြို့လယ် မြောင်ဒုံ၌...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့တွင် တစ်နိုင်ငံလုံးဆိုင်ရာ “နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)” ပြုလုပ်မည်

ရန်ကုန်၊ ဇွန် ၁၃ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့တွင် တစ်နိုင်ငံလုံးဆိုင်ရာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ပြုလုပ်မည်ဖြစ်ကြောင်း General Strike Coordination Body - GSCB မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်...

မြန်မာစစ်တပ်က အဓမ္မစစ်မှုထမ်းစုဆောင်းခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ အလုပ်သမားအခွင့် အရေးနှင့် လူ့အခွင့်အရေးများ ချိုးဖောက်နေသည့်အတွက် အရေးယူမှုများ ဆက်လက် ဆောင်ရွက်ရန် ILO ညီလာခံ၏ မြန်မာ့အရေး အထူးအစည်းအဝေးက ဆုံးဖြတ်

ရန်ကုန်၊ ဇွန် ၁၂ မြန်မာစစ်တပ်က အဓမ္မစစ်မှုထမ်းစုဆောင်းခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ အလုပ်သမားအခွင့် အရေး နှင့် လူ့အခွင့်အရေးများ ချိုးဖောက်နေသည့်အတွက် အရေးယူမှုများ ဆက်လက် ဆောင်ရွက်ရန် ILO ညီလာခံ၏ မြန်မာ့အရေး အထူးအစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILC) ၏ (၁၁၄) ကြိမ်မြောက်...

မြန်မာ့နိုင်ငံရေးအထူးပြုလေ့လာနေသည့် ISP Myanmar ဦးဆောင်သူ အမေရိကန်နိုင်ငံသား ဦးမင်းဇင် ကို တရုတ်အစိုးရက ကူမင်းမြို့တွင် ဖမ်းဆီး၊ တရုတ်နိုင်ငံတော်လုံခြုံရေး ထိခိုက်စေမှုဖြင့် စွပ်စွဲထားဟုဆို

ရန်ကုန်၊ ဇွန် ၁၂ မြန်မာ့နိုင်ငံရေးကို အထူးပြုလေ့လာနေသည့် အမေရိကန်နိုင်ငံသား သုတေသီလည်းဖြစ် ISP Myanmar ဦးဆောင်သူလည်းဖြစ်သူ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေမှုဖြင့် စွပ်စွဲထားကြောင်း အဆိုပါဖမ်းဆီးမှုနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ ပြောကြားချက်များကို ကိုးကား၍ နယူးယောက်တိုင်းမ်သတင်းစာက သတင်းဖော်ပြသည်။ အမေရိကန်ပြည်ထောင်စု၊ U.C. Berkeley...

မြန်မာနိုင်ငံအခြေစိုက် ကျားဖြန့်ဂိုဏ်းတစ်ခုက လိမ်လည်ရယူထားသော အမေရိကန်ဒေါ်လာ သန်း ၃၀ ကို အမေရိကန် FBI က သိမ်းယူလိုက်ဟု ထုတ်ဖော်ကြေညာ

ရန်ကုန်၊ ဇွန် ၁၁ မြန်မာနိုင်ငံအခြေစိုက် ကျားဖြန့်ဂိုဏ်းတစ်ခုက လိမ်လည်ရယူထားသော အမေရိကန်ဒေါ်လာ သန်း ၃၀ ကို အမေရိကန် FBI က သိမ်းယူလိုက်ကြောင်း အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးဗူရို (FBI) အကြီးအကဲတစ်ဦးဖြစ်သူ အင်ဒရူး ဘိုင်လေ (Andrew Bailey) က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင်...

မြန်မာ့လူငယ်များ ကြောက်လန့်မှု ကင်းကင်း၊ လူဂုဏ်သိက္ခာနှင့်အညီ ရှင်သန်ရပ်တည်နိုင်ခွင့် ကင်းမဲ့နေပြီး မျိုးဆက်တစ်ခုလုံး ဆုံးရှုံးမည့်အန္တရာယ်ရင်ဆိုင်နေရဟု ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ

ရန်ကုန်၊ ဇွန် ၁၁ မြန်မာနိုင်ငံတစ်ဝန်းရှိ လူငယ်များသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ပညာရေးကဏ္ဍများတွင် ထိခိုက်မှုများကို ရင်ဆိုင်နေရရုံမျှမက ကြောက်လန့်မှုကင်းကင်းဖြင့် လူ့ဂုဏ်သိက္ခာနှင့်အညီ ရှင် သန်ရပ်တည်နိုင်ခွင့်များ ကင်းမဲ့နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံ အမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင် တင်ပြပြောဆိုလိုက်သည်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ဇွန်လ ၁၀...

မြန်မာစစ်တပ်ကို အရေးယူပိတ်ဆို့မှု အသစ်များ ထပ်မံချမှတ်ရန် ဗြိတိန်အစိုးရကို ဗြိတိန်သျှပါလီမန်က ဖိအားပေးမှုများ အရှိန်မြှင့်လာ

ရန်ကုန်၊ ဇွန် ၁၁ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသော မြန်မာစစ်တပ်ကို အရေးယူပိတ်ဆို့မှု အသစ်များ ချမှတ်ရန် ဗြိတိန်အစိုးရကို ဗြိတိန်ပါလီမန်က ဖိအားပေးမှုများ အရှိန်မြှင့်လာကြောင်း Burma Campaign UK ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ဗြိတိန်အစိုးရအနေဖြင့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ပံ့ပိုးကူညီပေးရန် တောင်းဆိုသည့်...

နိုင်ငံတကာစာမျက်နှာတွင် မြန်မာ့အရေး ရပ်တည်ပေးရန်နှင့် မေ့ပျောက် မသွားစေရန် ကနေဒါအစိုးရကို တိုက်တွန်းဆွေးနွေးဟု ဖက်ဒရယ်ကောင်စီ-SCEF အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဇင်မာအောင် ပြော

ရန်ကုန်၊ ဇွန် ၁၀ နိုင်ငံတကာစာမျက်နှာမှာ မြန်မာ့အရေး ရပ်တည်ပေးဖို့နှင့် မြန်မာ့ပြည်သူများကို မေ့ပျောက် မသွားစေ ရန် ကနေဒါအစိုးရကို တိုက်တွန်းဆွေးနွေးခဲ့တယ်လို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ-SCEF အတွင်းရေးမှူးအဖွဲ့ဝင်၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုပါတယ်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ကနေဒါခရီးစဉ်နဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းစဉ်မှာ ဒေါ်ဇင်မာအောင်က အဲဒီလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ ကနေဒါအစိုးရအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ...

Latest news

- Advertisement -spot_img