28 C
Yangon
- Advertisement -spot_img

TAG

politics

မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက ၅ ချက်ကို ပြန်လည်သုံးသပ်ရန်၊ မြန်မာနိုင်ငံဆိုင်ရာ အဆီယံအထူးသံတမန်ကို ရေရှည်ခန့်အပ်ရန် စဉ်းစားနေဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးပြောဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက ၅ ချက်ကို ပြန်လည်သုံးသပ်ရန်၊ မြန်မာနိုင်ငံဆိုင်ရာ အဆီယံအထူးသံတမန်ကို ရေရှည်ခန့်အပ်ရန် စဉ်းစားနေဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးမာရီယာ သီရီဆာ လာဇာရိုက ပြောဆိုလိုက်သည်။ ထိုင်းနိုင်ငံမှ Thai PBS ၏ ‘Tanloke’ အစီအစဉ်နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက...

နိုင်ငံတကာရာဇဝတ်တရားရုံး-ICC က ဖမ်းဝရမ်းထုတ်လာပါက ဖိလစ်ပိုင် အပါအဝင် အာဆီယံနိုင်ငံများအနေဖြင့် မင်းအောင်လှိုင်ကို ဖမ်းဆီး၍ သည်ဟိတ်မြို့သို့ ပို့ဆောင်ပေးရန် SAC-M တိုက်တွန်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး-ICC က အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပါက ဖိလစ်ပိုင်၊ တီမော၊ မလေးရှား၊ စင်ကာပူနှင့် အင်ဒိုနီးရှားတို့အနေဖြင့် မင်းအောင်လှိုင်ကို ဖမ်းဆီး၍ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ ICC တရားရုံးသို့ ပို့ဆောင် ပူးပေါင်းဆောင်ရွက်ပေးကြရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ-...

မြန်မာနိုင်ငံတွင် သံရုံးများ ပိတ်သိမ်းမည်ဟု ကြေညာခဲ့သော ဥရောပ ၃ နိုင်ငံအနက်မှ ရန်ကုန်ရှိ ဖင်လန်နိုင်ငံသံရုံးကို တရားဝင် စတင်ပိတ်သိမ်းပြီ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၄ အကြမ်းဖက် စစ်တပ် အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင် သံရုံးများ ပိတ်သိမ်းမည်ဟု ကြေညာထားသော ဥရောပ ၃ နိုင်ငံအနက်မှ ရန်ကုန်ရှိ ဖင်လန်နိုင်ငံသံရုံးကို ယခု ဖေဖော်ဝါရီလကုန်တွင် တရားဝင် ပိတ်သိမ်းပြီဖြစ်ကြောင်း ရန်ကုန်ရှိ ဖင်လန်သံရုံးက ထုတ်ပြန်ကြေညာသည်။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအခြေအနေများ ဆိုးရွားလာခြင်းနှင့်...

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်မည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ကတိပြု

ရန်ကုန်၊ဖေဖော်ဝါရီ ၂၄ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်မည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနို (Sugiono)က ကတိပြု ပြောဆိုလိုက်သည်။ ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် ၆၁ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ညီလာခံတွင် ဝန်ကြီး ဆူဂျီယိုနိုက ယခုကဲ့သို့...

ပြည်တွင်း စီးပွားရေးလုပ်ငန်းများအားလုံး ငွေသားအသုံးပြုမှု ဖြစ်နိုင်သမျှ လျှော့ချရန် စစ်တပ်၏ ဗဟိုဘဏ်က အတင်းအကျပ် ဖိအားပေးနေ၊ စစ်တပ်က ငွေကြေးစီးဆင်းမှု အားလုံးကို ထိန်းချုပ်ရန် ကြိုး စားနေပြီး ငွေသားကို ရာခိုင်နှုန်းပေး ထုတ်ယူရသော မှောင်ခိုစျေးကွက်ကြီးထွားလာနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ၊ အရောင်းအဝယ်လုပ်ငန်းများ၊ စက်ရုံနှင့် အလုပ်ရုံများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ငွေသားအသုံးပြုမှုကို ဖြစ်နိုင်သမျှ အနည်းဆုံးအဆင့်သို့ လျှော့ချကြရန် စစ်တပ် လက်အောက်ခံ ဗဟိုဘဏ်က အတင်းအကျပ် ဖိအားပေးနေကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရှိရသည်။ အကြမ်းဖက်စစ်တပ်၏...

ကြံ့ဖွတ်ပါတီ ဦးဆောင်သော အစိုးရသစ်ဖွဲ့စည်းရေး လွှတ်တော်များကို စတင်ခေါ်ယူမည်ဟု ကြေညာ၊ မင်းအောင်လှိုင် သမ္မတ လုပ်ရန်အတွက် စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့၏ ဒုတိယသမ္မတ အဖြစ် လွှတ်တော်သို့ အမည်စာရင်း တင်သွင်းဖွယ်ရှိဟု သတင်း ထွက်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ အကြမ်းဖက်စစ်တပ် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော ကြံ့ဖွတ်ပါတီက ဦးဆောင် မည့် အစိုးရသစ်ဖွဲ့စည်းရန်အတွက် လွှတ်တော်များကို လာမည့် မတ်လလယ်ပိုင်းတွင် စတင်ခေါ်ယူထားကြောင်း အကြမ်းဖက်စစ်တပ်က ကြေညာလိုက်သည်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ စစ်တပ်က ထုတ်ပြန်သော လွှတ်တော်ခေါ်ယူရေး ကြေညာချက်များတွင် ပြည်သူ့လွှတ်တော်ကို မတ်...

NUG ဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ ကိစ္စကြောင့် CDM ပြုလုပ်ထားသည့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ လုပ်ငန်းစဉ်များ ပြန်လည်စတင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်၊ ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ်ဝင်ခွင့်လမ်း ညွှန်ဖြစ်မြောက်ရေးအဖွဲ့သည် ၎င်းတို့၏ လုပ်ငန်းစဉ်များကို ပြန်လည်စတင်လိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ တက္ကသိုလ်ဝင်ခွင့်လမ်း ညွှန်ဖြစ်မြောက်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အပေါ် တိုင်ကြားချက်များနှင့်ပတ်သက်၍ ရှင်း လင်းချက်များ...

မင်းအောင်လှိုင် အလွန် ထိပ်ပိုင်းတပ်ချုပ်၊ ဒုတပ်ချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူးများအတွက် ကျော်စွာလင်း၊ ကိုကိုဦး၊ ဇော်ဟိန်း၊ ညွန့်ဝင်းဆွေနှင့်ဇော်မျိုးတင်တို့ ရေပန်းစားလာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတရာထူးရယူရန်အတွက် တပ်ချုပ်ရာထူးကို စွန့်လွှတ်မည်ဖြစ်၍ မင်းအောင်လှိုင်အလွန် ထိပ်ပိုင်းတပ်ချုပ်၊ ဒုတပ်ချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူးများအတွက် ကျော်စွာလင်း၊ ကိုကိုဦး၊ ဇော်ဟိန်း၊ ညွန့်ဝင်းဆွေနှင့်ဇော်မျိုးတင်တို့ ရေပန်းစားလာနေကြောင်း တပ်သတင်းရင်းမြစ်၊ MDSI အဖွဲ့နှင့် CDM ဗိုလ်ကြီးဇင်ယော်တို့က သုံးသပ်ပြောဆိုသည်။ လာမည့်မတ်လအတွင်း စစ်တပ်...

ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲ အများစု အနိုင်ရရှိထားသော်လည်း အစိုးရအဖွဲ့သစ်တွင် အခြားနိုင်ငံ ရေးပါတီများနှင့် တိုင်းရင်းသားများပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရအဖြစ် ဖွဲ့စည်းရန် ဆွေးနွေးနေဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲ အများစု အနိုင်ရရှိထားသော်လည်း အစိုးရသစ်တွင် အခြားနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားများပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်းရန် ဆွေးနွေးမှုများရှိနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖြစ်ပေါ်လာမည့် အစိုးရသစ်တွင် ပါဝင်မည့် နိုင်ငံရေး ရာထူး ဝန်ကြီး၊ ဒုဝန်ကြီးများ...

ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲ မဲအနိုင်ရရှိစေရန် စစ်တပ်က စီစဉ်ပေးခဲ့ပြီး စစ်အရာရှိကြီးများကိုလည်း ကြံ့ဖွတ်အမတ်များအဖြစ် အရွေးချယ်ခံ အနိုင်ရရှိအောင် ဆောင်ရွက်ခဲ့ဟု KNU ဥက္ကဋ္ဌ ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ အကြမ်းဖက်စစ်တပ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ မဲအနိုင်ရရှိစေရန် စစ်တပ်က စီစဉ်ပေးခဲ့ပြီး စစ်အရာရှိကြီးများကိုလည်း ကြံ့ဖွတ်ပါတီမှ အရွေးချယ်ခံကာ အနိုင်ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ကျရောက်ခဲ့သည့် ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့...

Latest news

- Advertisement -spot_img