31 C
Yangon
- Advertisement -spot_img

TAG

Spring Revolution

မိမိဒေသတစ်ခုတည်းလွတ်မြောက်ရေးထက် ပြည်ထောင်စုတစ်ဝန်းလုံး လွတ်မြောက်ရေးကို မဖြစ်မနေ ထည့်သွင်း စဉ်းစားလုပ် ကိုင်ကြရန် NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတိုက်တွန်း

ရန်ကုန်၊ နိုဝင်ဘာ ၁၀ အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်နေသော တပ်ဖွဲ့များအားလုံးအနေဖြင့် မိမိဒေသတစ်ခုတည်းလွတ်မြောက်ရေးထက် ပြည်ထောင်စုတစ်ဝန်းလုံး လွတ်မြောက်ရေးကို မဖြစ် မနေထည့်သွင်းစဉ်းစား လုပ်ကိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်း ပြောကြားသည်။ ယမန်နေ့ နိုဝင်ဘာလ ၉ ရက်နေ့က ကျင်းပပြုလုပ်သည့် ရန်ကုန်လွှတ်တော် ဒသမအကြိမ်မြောက် အစည်းအဝေး အခမ်းအနားတွင်...

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ကြံ့ဖွတ်ပါတီကနေ ရွေးကောက်ပွဲဝင်ကြတဲ့ လွှတ်တော်အမတ်လောင်း စစ်ဗိုလ်ချုပ်ဟောင်းတွေကို ရွေးကောက်ပွဲ အနိုင် ရရှိအောင် လုပ်ဆောင်ကြဖို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမိန့်ပေးထား ပေမယ့်လည်း အစိုးရသစ်နှင့်လွှတ်တော်သစ်မှာ ဘယ်လိုတာဝန်နှင့်ရာထူးတွေပေးမှာကိုတော့ ထုတ်ဖော် ပြောဆိုတာမရှိဘူးလို့ စစ်ဗိုလ်ချုပ်ဟောင်းတွေက...

စစ်တပ်က သောင်းရင်းမြစ်တစ်လျှောက်ရှိ ကရင်နယ်ခြားစောင့်တပ်-BGF နှင့် KNU/KNLA Peace Council ဂိတ်များကို စစ်ဆေးဖျက်ဆီးဟု သတင်းထုတ်ပြန်သော်လည်း လက်တွေ့ ဂိတ်များ ဆက်လက် လည်ပတ်နေဆဲ

ရန်ကုန်၊ နိုဝင်ဘာ ၁၀ အကြမ်းဖက်စစ်တပ်က ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တစ်လျှောက်ရှိ စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်-BGF နှင့် KNU/KNLA PC ဂိတ်များကို စစ်ဆေးဖျက်ဆီးဟု သတင်းထုတ်ပြန်သော်လည်း လက်တွေ့တွင် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှာ ဆက်လက်လည်ပတ်နေဆဲဖြစ်ကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ကရင်ပြည်နယ် မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းတစ်လျှောက်၌ တရားမဝင်ဂိတ်များဖွင့်လှစ်ပြီး အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက ငွေကြေးများကောက်ခံ၍...

ဝက်လက်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေမှုကြောင့် ကျေးရွာပေါင်း ၂၁ ရွာမှ ပြည်သူ ၂ သောင်းနီးပါး စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၁၀ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေမှုကြောင့် ကျေးရွာပေါင်း ၂၁ ရွာမှ ပြည်သူ နှစ်သောင်းနီးပါး စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေကြောင်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။ အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဝက်လက်မြို့နယ်အတွင်း အောက်တိုဘာလကုန်မှ...

မော်လမြိုင်မြို့ ဈေးကြိုအဝိုင်းတွင် စစ်တပ်သတင်းပေးနှင့် မူးယစ်ဆေးရောင်းဝယ်သူ ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၀ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဈေးကြိုအဝိုင်းတွင် စစ်တပ်နှင့်ပူးပေါင်းပြီး မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးရေးလုပ်ဆောင်နေသူ ၃ ဦး ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ နိုဝင်ဘာလ ၉ ရက်နေ့ ည ၁၀ နာရီ ၃၃ မိနစ်ခန့်တွင်...

မတ္တရာမြို့နယ်၊ ဆည်တော်ကြီးရေလှောင်တမံနှင့်ပတ်ဝန်းကျင်ကို စစ်တပ်က ပြန်လည် သိမ်းပိုက်ပြီးနောက် မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့မှ ပြည်သူများသို့ MDY PDF က စစ်ရေးအခြေအနေ သတိပေးချက်ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၀ အကြမ်းဖက်စစ်တပ်က မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံနှင့်ပတ်ဝန်းကျင်ကို စစ်တပ်က ပြန်လည် သိမ်းပိုက်ပြီးနောက် မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့မှ ပြည်သူများသို့ MDY PDF က စစ်ရေးအခြေအနေ သတိပေးချက်ထုတ် ပြန်သည်။ နိုဝင်ဘာ ၇ ရက်နေ့ အကြမ်းဖက်စစ်တပ်က မတ္တရာမြို့နယ်၊ ဆည်တော်ကြီး ရေလှောင်တမံနှင့်...

ဆားလင်းကြီး၊ ဝက်မှေးရွာတွင် တပ်စွဲထားသည့် စစ်တပ်စစ်ကြောင်းမှ ရဲ ၁ ဦး အလင်းဝင်၊ မြ၀တီသို့ စစ်ကြောင်းထိုးနေသော တပ်မ ၂၂ စစ်ကြောင်းမှ စစ်သား ၂ ဦးလည်း လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ရန်ကုန်၊ နိုဝင်ဘာ ၁၀ စစ်ကိုင်းတိုင်း ဝက်မှေးကျေးရွာထဲတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲတစ်ဦး PDF အဖွဲ့အတွင်း ဆက်သွယ်အလင်းဝင်ရောက်လာကြောင်း ဒေသတွင်း PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းတွင် PDF တပ်ဖွဲ့သို့ ဆက်သွယ်၍ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ အလင်းဝင်လာချိန်တွင်...

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ပြည်သူတွေရဲ့မျှော်လင့်ချက်၊ ဆန္ဒတွေ၊ အမြန်ဆုံးပြည့်၀စေဖို့ ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်သွားမယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကတိပြုပြောဆိုလိုက်ပါတယ်။ မြန်မာ့ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်သူ အကယ်ဒမီ ဝတ်မှုန်ရွှေရည်ဟာ မင်းအောင်လှိုင် မိသားစုနဲ့ စီးပွားဘက်ဖြစ်သလို အာဏာသိမ်းစစ်တပ်ရဲ့ လက်ကိုင်တုတ်ဖြစ်ပြီး ဝါဒဖြန့်ရုပ်ရှင်ကားတွေ...

စစ်တပ်က လိုအပ်နေသော နိုင်ငံခြားငွေ မရရှိမှုအတွက် ဟွန်ဒီဖြင့် လုပ်ခလစာများကို ငွေလွှဲနေသော ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့်အေဂျင်စီများကို အရေးယူရန် ညွှန်ကြား

ရန်ကုန်၊ နိုဝင်ဘာ ၁၀ အကြမ်းဖက်စစ်တပ်က လိုအပ်နေသော နိုင်ငံခြားငွေ မရရှိမှုအတွက် ဟွန်ဒီဖြင့် ငွေလွှဲနေသော ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့်အေဂျင်စီများကို အရေးယူရန် ညွှန်ကြားထားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရှိရသည်။ ပြည်ပရောက် လုပ်ခ၊ လစာ နိုင်ငံခြားငွေများကို တရားမဝင် ငွေလွှဲလမ်းကြောင်း ဖြစ်သည့် ဟွန်ဒီဖြင့် လွှဲနေသော မြန်မာနိုင်ငံသားများကို နိုင်ငံကူးလက်မှတ်...

ကြံ့ဖွတ် အမတ်လောင်း စစ်ဗိုလ်ချုပ်ဟောင်းများကို ရွေးကောက်ပွဲ အနိုင်ရအောင် လုပ်ကြရန် မင်းအောင်လှိုင်က အမိန့်ပေးထားသော်လည်း အစိုးရသစ်နှင့်လွှတ်တော်သစ်တွင် မည်သည့်ရာထူးနှင့်နေရာပေးမည်ကို အသိမပေးဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ကြံ့ဖွတ်ပါတီမှ ရွေးကောက်ပွဲဝင်ကြသည့် လွှတ်တော်အမတ်လောင်း စစ်ဗိုလ်ချုပ်ဟောင်းများကို ရွေးကောက်ပွဲ အနိုင် ရရှိရေး လုပ်ဆောင်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမိန့်ပေးထားသော်လည်း အစိုးရသစ်နှင့်လွှတ်တော်သစ်တွင် မည်သည့်တာဝန်နှင့်ရာထူးများပေးမည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိဟု စစ်ဗိုလ်ချုပ်ဟောင်းများက ထုတ်ဖော်ပြောဆိုကြသည်။ လာမည့် ဒီဇင်ဘာလအတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် ကြံ့ဖွတ်ပါတီတွင်း ရွေး...

Latest news

- Advertisement -spot_img