31 C
Yangon
- Advertisement -spot_img

TAG

Spring Revolution

ကြံ့ဖွတ် အမတ်လောင်း စစ်ဗိုလ်ချုပ်ဟောင်းများကို ရွေးကောက်ပွဲ အနိုင်ရအောင် လုပ်ကြရန် မင်းအောင်လှိုင်က အမိန့်ပေးထားသော်လည်း အစိုးရသစ်နှင့်လွှတ်တော်သစ်တွင် မည်သည့်ရာထူးနှင့်နေရာပေးမည်ကို အသိမပေးဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ကြံ့ဖွတ်ပါတီမှ ရွေးကောက်ပွဲဝင်ကြသည့် လွှတ်တော်အမတ်လောင်း စစ်ဗိုလ်ချုပ်ဟောင်းများကို ရွေးကောက်ပွဲ အနိုင် ရရှိရေး လုပ်ဆောင်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမိန့်ပေးထားသော်လည်း အစိုးရသစ်နှင့်လွှတ်တော်သစ်တွင် မည်သည့်တာဝန်နှင့်ရာထူးများပေးမည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိဟု စစ်ဗိုလ်ချုပ်ဟောင်းများက ထုတ်ဖော်ပြောဆိုကြသည်။ လာမည့် ဒီဇင်ဘာလအတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် ကြံ့ဖွတ်ပါတီတွင်း ရွေး...

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက် စစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲအတုကြီးအတွက် ကြံ့ဖွတ်ပါတီက ဗိုလ်ချုပ်ဟောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေးတွေမှာ စစ်သားတွေ ၊ ရဲတွေနဲ့ ပျူစောထီးတွေက ကြံ့ဖွတ်ပါတီအင်္ကျီဝတ်ပြီး လိုက်ပါ လုံခြုံရေးယူခိုင်းထားတယ်လို့ ကြံ့ဖွတ်ပါတီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ ချင်းပြည်နယ်အတွင်း...

ယင်းမာပင်နှင့်မြိုင်မြို့နယ်တို့တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု နေအိမ်များ ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၇ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်သဖြင့် နေအိမ်များ ပျက်စီးသွားကြောင်း ယင်းမာပင်မြို့နယ်မှ တော်လှန်ရေးတပ်ခေါင်းဆောင် ဗိုလ်သံမဏိက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်း ယင်းမာပင်မြို့နယ် သစ်ရာပင်ရွာရှိ လူနေအိမ်များပေါ် သို့ စစ်တပ်က တိုက်လေယာဉ်ဖြင့်...

စဉ့်ကူးမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ရွှေပြည်ရွာ စာသင်ကျောင်းနှင့် ညောင်ကုန်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အလွန်များပြား၍ သေဆုံးသူ ထပ်တိုးနိုင်

ရန်ကုန်၊ နိုဝင်ဘာ ၇ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ရွှေပြည်ရွာ စာသင်ကျောင်းနှင့် ညောင်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အလွန်များပြား၍ သေဆုံးသူ ထပ်တိုးနိုင်ကြောင်း စဥ့်ကူး...

ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသော တရားမဝင် မြန်မာအလုပ်သမား ၄၇ ဦးကို စစ်အုပ်စုထံသို့ လွှဲပြောင်း၊ လူငယ်များ အိမ်ပြန်မရောက်ဘဲ စစ်မှုထမ်းအဖြစ် စစ်တပ်က ပုံမှန်ခေါ်ယူနေ

ရန်ကုန်၊ နိုဝင်ဘာ ၇ ထိုင်းနိုင်ငံ အတွင်း အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံကာ လွတ်ရက်စေ့ တဲ့ မြန်မာလုပ်သား ၄၇ ဦးကို နိုဝင်ဘာ ၅ရက် က ထိုင်းအာဏာပိုင်တွေကစစ်အုပ်စုတပ် ထံ လွှဲပြောင်းပေးခဲ့တယ်လို့ ထိုင်းနိုင်ငံ၊ ရနောင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။ မြန်မာနိုင်ငံသား အမျိုးသား ၃၃ ဦး၊...

ကော့ကရိတ်မြို့နယ်၊ ထီဖိုးစံရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးခန့်သေဆုံးပြီး သေနတ် ၈ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၇ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထီဖိုးစံရွာသို့ စစ်ကြောင်းထိုးလာသော အကြမးဖက် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ ဦးခန့်သေဆုံးပြီး သေနတ် ၈ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ထီဖိုးစံကျေးရွာကို...

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲ မဲထွက်ပေးရန် ခြိမ်းခြောက်အကျပ်ကိုင်မှုများကို တိုင်ကြားနိုင်ပြီး ထိရောက်စွာ အရေးယူမည်ဟု NUG က ကြေညာ

ရန်ကုန်၊ နိုဝင်ဘာ ၇ စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲ မဲထွက်ပေးရန် ခြိမ်းခြောက်အကျပ်ကိုင်မှုများကို တိုင်ကြားနိုင်ပြီး ထိရောက်စွာ အရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ကြေညာသည်။ အတုအယောင်ရွေးကောက်ပွဲတွင် မဲထွက်ပေးရန် ခြိမ်းခြောက်အကျပ်ကိုင်မှုများအား တိုင်ကြားနိုင်ကြောင်း၊ မည်သူမဆို ပြည်သူလူထုကို အတုအယောင်ရွေးကောက်ပွဲတွင် မဲထွက်ပေးရန်၊ ကြိုတင်မဲပေးရန် တနည်းနည်းဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု၊ ရွေးကောက်ပွဲဆိုင်ရာ...

ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားလမ်းတွင် စစ်တပ်က ခရီးသွားလူငယ် ၁၃ ဦးကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်း

ရန်ကုန်၊ နိုဝင်ဘာ ၇ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အတွင်းရှိ ရွှေဘို-မြစ်ကြီးနားလမ်းတွင် အကြမ်းဖက် စစ်တပ်က ခရီးသွားလူငယ် ၁၃ ဦးကို စစ်မှု ထမ်း အဖြစ် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ နိုဝင်ဘာလ ၃ ရက်နေ့တွင်...

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၇ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကြောင်း ရခိုင်ဒေသ သတင်းရင်းမြစ်များထံမှ သိရှိရသည်။ ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာသို့...

ချောင်းဦးမြို့နယ် အမြင့်ရဲစခန်းမှ ထွက်လာသော ရဲများကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၇ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အမြင့်ရဲစခန်းမှ ထွက်လာသော ရဲများကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ...

Latest news

- Advertisement -spot_img