31 C
Yangon
- Advertisement -spot_img

TAG

Spring Revolution

ချောင်းဦးမြို့နယ် အမြင့်ရဲစခန်းမှ ထွက်လာသော ရဲများကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၇ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အမြင့်ရဲစခန်းမှ ထွက်လာသော ရဲများကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ...

ဗိုလ်ချုပ်ဟောင်းများ၏ မဲဆွယ်စည်းရုံးရေးတွင် စစ်သား၊ ပျူစောထီးနှင့်ရဲများ ကြံ့ဖွတ်အင်္ကျီဝတ်၍ လိုက်ပါ လုံခြုံရေးယူ

ရန်ကုန်၊ နိုဝင်ဘာ ၇ ကြံ့ဖွတ်ပါတီမှ ဗိုလ်ချုပ်ဟောင်းများက နယ်မြေဆင်း၍ မဲဆွယ်စည်းရုံးရေးမှာ လုပ်ဆောင်နေရာတွင် စစ်သား၊ ပျူစောထီးနှင့်ရဲများကို အရပ်ဝတ်များအပြင် ကြံ့ဖွတ်အင်္ကျီပါဝတ်ခိုင်း၍ လိုက်ပါလုံခြုံရေးယူပေးနေကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။ လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ စတင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် အောက်တိုဘာ ၂၈ ရက်မှ စတင်ကာ...

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက် စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကြီးကို ထောက်ခံရေး ဝါဒဖြန့်လှုပ်ရှားမှုတွေမှာ သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း အပါအဝင် နာမည်ကျော်အနုပညာရှင်တွေကို စစ်တပ်က စတင်ဖိအားပေးနေပြီး ၊မင်းသမီး ဖွေးဖွေးကိုလည်း စစ်တပ်က ခေါ်ယူမေးမြန်းမှုတွေ...

ကော့ကရိတ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ပြားကာ သေဆုံးစစ်သား အလောင်းများကို ဖြစ်သလို စွန့်ပစ်ထား

ရန်ကုန်၊ နိုဝင်ဘာ ၇ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က ထိ ခိုက် သေဆုံးမှုများပြားကာ သေဆုံးစစ်သားအလောင်းများကို ဖြစ်သလိုစွန့်ပစ် မြှုပ်နှံထားကြောင်း ကရင် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။ ယမန်နေ့ နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းက ကော့ကရိတ်မြို့နယ်မြောက်ပိုင်း၊ ထီဖိုးစံကျေးရွာနှင့် ကွီ...

ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၇ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တပ်စွဲထားသော နေရာများကို တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီ ၃၀...

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်သူများ၊ ခြိမ်းခြောက်မဲပေးခိုင်းသူများ အပါအဝင် ပတ်သက်သူများကို ပိုင်ဆိုင်မှုများ ချိတ်ပိတ်မည့်အပြင် အနည်းဆုံးထောင်ဒဏ် ၁ နှစ်မှ ထောင်ဒဏ် ၅ နှစ်အထိချမှတ်မည့် လုပ်ထုံးလုပ်နည်းများ ချင်းပြည်ကောင်စီက ပြဋ္ဌာန်း

ရန်ကုန်၊ နိုဝင်ဘာ ၇ အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့်သူတွေ၊ ခြိမ်းခြောက်မဲပေးခိုင်းသူတွေ၊ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်မယ့်သူတွေကို ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် ချိတ်ပိတ် သိမ်းဆည်းမယ့်အပြင် ထောင်ဒဏ် အနည်းဆုံး ၃ နှစ်ကနေ ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ချင်းပြည်ကောင်စီက ပြဋ္ဌာန်းလိုက်ပါတယ်။ စစ်ကော်မရှင်ရဲ့...

ကျုံဒိုးမြို့တွင် ထွက်ပြေးလာသော ကျားဖြန့်ဝန်ထမ်းများကို လက်မခံရန်နှင့် ညမထွက်ရ ညွှန်ကြားချက်တို့ကို လိုက်နာရန် KNU က အမိန့်ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၇ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင်ထွက်ပြေးလာသော ကျားဖြန့်ဝန်ထမ်းများကို လက်မခံရန်နှင့် ညမထွက်ရ ညွှန်ကြားချက်တို့ကို လိုက်နာရန် ကရင်အမျိုသားအစည်းအရုံး-KNU က အမိန့်ထုတ်ပြန်လိုက်သည်။ အကြမ်းဖက် စစ်အာဏာသိမ်း စစ်တပ်ကိုယ်တိုင် ပါဝင်ဆောင်ရွက်နေသည့် ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် လောင်းကစားလုပ်ငန်း များကို ဟန်ပြနှိမ်နင်းမှုများ စစ်တပ်က လုပ်ဆောင်နေကြောင်း၊ ထို့ကြောင့် ယင်းသို့...

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နူကလီးစွမ်းအင် အကောင်အထည်ဖော်ရေးအတွက် ဝန်ကြီး ၁၃ ဦးပါ အမျိုးသားကော်မတီ ဖွဲ့စည်းပြီး လိုအပ်နေတဲ့ ရန်ပုံငွေနဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေကိုရှာဖွေဖို့ သတ်မှတ်လုပ်ဆောင်နေတယ်လို့ စစ်တပ်က ထုတ်ပြန်ထားတဲ့ပြန်တမ်းအရ သိရပါတယ်။ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊...

မန္တလေးတွင် စစ်တပ်က ဆိုင်ကယ်စီးလာသော လူငယ်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ရန် လိုက်လံ ဖမ်းဆီးစဉ် ရပ်ထားသော ကားကို ဝင်တိုက်ပြီး ၁ ဦးသေကာ ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၇ မန္တလေးတွင် စစ်တပ်က ဆိုင်ကယ်စီးလာသော လူငယ်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ရန် လိုက်လံ ဖမ်းဆီးစဉ် ရပ်ထားသော ကားကို ဝင်တိုက်ပြီး ၁ ဦးသေကာ ၃ ဦးဒဏ်ရာရရှိကြောင်း ယင်းဖြစ်စဉ်တွင်ဒဏ်ရာရရှိသူ ၁ ဦး၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့...

စစ်တပ်၏ ရွေးကောက်ပွဲ ထောက်ခံရေး ဝါဒဖြန့်လှုပ်ရှားမှုများတွင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း အပါအဝင် နာမည်ကျော်အနုပညာရှင်များကို စတင် ဖိအားပေး ပါဝင်ခိုင်း၊ မင်းသမီး ဖွေးဖွေးကို စစ်တပ်က ခေါ်ယူမေးမြန်း

ရန်ကုန်၊ နိုဝင်ဘာ ၇ အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲ ထောက်ခံရေး ဝါဒဖြန့်လှုပ်ရှားမှုများတွင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း အပါ အဝင် နာမည်ကျော်အနုပညာရှင်များကို စတင် ဖိအားပေး ပါဝင်ခိုင်းနေပြီဖြစ်ကြောင်း အနုပညာအသိုင်းအ၀ိုင်းက ပြောဆိုသည်။ အောက်တိုဘာလ ၃၀ ရက်နေ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ...

Latest news

- Advertisement -spot_img