25.6 C
Yangon
- Advertisement -spot_img

TAG

Spring Revolution

Khit Thit သတင်းဌာန၏ ဇူလိုင် ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၁ စီး ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းမှာ ပျက်ကျသွားပြီး ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ထိုင်းနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ ပါဝင်ပတ်သက်တာမျိုး...

မန္တလေး၊ တံတားဦးမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိ ငလျင် လှုပ်ခတ်မှု မန္တလေးပြည်သူများ လမ်းပေါ် ပြေးထွက်ရသည်အထိ ထိတ်လန့်၊ စစ်ကိုင်း၊ မြင်းခြံနှင့် ပြင်ဦးလွင်တို့တွင်လည်း ခံစားရ

ရန်ကုန်၊ ဇူလိုင် ၃ မန္တလေး၊ တံတားဦးမြို့အနီးကို ဗဟိုပြု၍ ယနေ့နံနက်ပိုင်း ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ရာ မန္တလေးပြည်သူများ ထိတ်လန့်ပြီး လမ်းပေါ်သို့ ထွက်ပြေးခဲ့ရကြောင်း မန္တလေးမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၃ ရက်နေ့...

မြန်မာနိုင်ငံ၏စီးပွားရေး အနုတ်လက္ခဏာ ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်၏ခန့်မှန်းချက် အချက်အလက် မှန်ကန်မှုနှင့် ပြည့်စုံမှု မရှိဟု မင်းအောင်လှိုင်က တုံ့ပြန်

ရန်ကုန်၊ ဇူလိုင် ၃ မြန်မာနိုင်ငံ၏စီးပွားရေး အနုတ်လက္ခဏာကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားမှုမှာ အချက်အလက်များ မှန်ကန်မှုနှင့် ပြည့်စုံခြင်း မရှိကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တုံ့ပြန်ပြောဆိုလိုက်သည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ်က မိမိတို့နိုင်ငံ၏ စီးပွားရေးကို ယခင်က...

စစ်ကောင်စီ၏ တိုက်လေယာဉ် ၁ စီး ညအချိန် ပျံသန်းနေစဉ် ရုတ်တရက် ပျောက်ဆုံးသွားပြီး ရှာမတွေ့သေး

ရန်ကုန်၊ ဇူလိုင် ၃ အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ် ၁ စီးမှာ ဇူလိုင်လ ၁ ရက်နေ့ ညပိုင်း ပျံသန်းနေစဉ် ရုတ်တရက်ပျောက်ဆုံးသွားပြီး ရှာမတွေ့သေးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ဇူလိုင် ၁ ရက်နေ့ ညပိုင်း စစ်ကောင်စီ၏ တိုက်ခိုက်ရေး လေယာဉ်သည် ညအချိန် ခရီးဝေး လေ့ကျင့်ပျံသန်းဆောင်ရွက်စဉ်...

Khit Thit သတင်းဌာန၏ ဇူလိုင် ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြု ထိတွေ့ဆက်နေတဲ့ တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင် ဖြစ်ခွင့်မပေးဖို့ မြန်မာ အကြမ်းဖက် စစ်ကောင်စီက လက်ရှိ အာဆီယံ ဉက္ကဌဆီကို ကန့်ကွက်စာပေးပို့ထားပြန်တယ်လို့ သိရပါတယ်။ ကရင်နီပြည်နယ် ဖားဆောင်းမြို့က...

မြင်းခြံထောင်တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုခဲ့ကြသည့် နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီက ‌ရိုက်နှက် ခြေချင်းခတ် တိုက်ပိတ်ထား

ရန်ကုန်၊ ဇူလိုင် ၂ မြင်းခြံထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့၍ မြင်းခြံ‌ထောင်ရှိ ဝန်ထမ်းများက ရိုက်နှက်ပြီး ခြေချင်းခတ် တိုက်ပိတ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဇွန်လ ၁၉ရက်နေ့ မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသားများက ဒေါ်အောင်ဆန်းစုကြည်၏...

မဟာအောင်မြေတွင် အိမ်ထောင်သည် ကလေးဖခင် ကိုသန်းထွန်းအောင်ကို စစ်မှုထမ်းရမည်ဟုဆိုကာ စစ်တပ်က ဝင်ရောက်ဖမ်းဆီး၊ မအူပင်တွင်လည်း ကျန်းမာရေးမကောင်းသူ ကိုသော်ဇင်ကို တပ်သားသစ် အဖြစ် ဖမ်းဆီးခေါ်ဆောင်

ရန်ကုန်၊ ဇူလိုင် ၂ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် အိမ်ထောင်သည် ကလေးဖခင် ကိုသန်းထွန်းအောင်ကို စစ်မှုထမ်းရမည်ဟုဆိုကာ စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၇ နာရီ ၃၅ မိနစ်အချိန် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊...

မင်းလှမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀၀ နီးပါး မီးလောင်ပြာကျ

ရန်ကုန်၊ ဇူလိုင် ၂ ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀၀ နီးပါး မီးလောင်ပြာကျခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၂၀ ရက်နေ့မှ စတင်ပြီး မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်က...

ထိုင်း၏ လက်ရှိနိုင်ငံရေး အခြေအနေများတွင် ထိုင်းရောက် မြန်မာများ ပါဝင်ပတ်သက်ခြင်း မပြုကြရန် NUG အစိုးရက သတိပေးကြေညာချက်ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၂ ထိုင်းနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများကို ပြည်ပရောက် မြန်မာနိုင်ငံသားများ ပါဝင်ပတ်သက်ခြင်း မပြုလုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် အသိပေး မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအရပ်ရပ်တို့နှင့် ပတ်သက်၍ ထိုင်းနိုင်ငံအတွင်း...

ပုသိမ်မြို့ အမှတ် ၃ ရပ်ကွက် မြို့မရဲစခန်းဘေးရှိ ဆိုင်ခန်းများကို စစ်တပ်က အတင်း အဓမ္မ ဖယ်ရှားခိုင်း

ရန်ကုန်၊ ဇူလိုင် ၂ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် ၃ ရပ်ကွက် မြို့မရဲစခန်းဘေးရှိ ဆိုင်ခန်းများကို အကြမ်းဖက် စစ်တပ်က အတင်း အဓမ္မ ဖယ်ရှားခိုင်းနေကြောင်း ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၃၀ ရက်နေ့တွင် ပုသိမ်မြို့နယ်၊ ပုသိမ်မြို့ မဟာ‌ဗန္ဓုလလမ်းမကြီး အမှတ် ၃...

Latest news

- Advertisement -spot_img