34 C
Yangon

လွိုင်ကော်မြို့ထဲတွင် ဆိုင်ကယ်စီး ပြည်သူတစ်ဦး ဦးခေါင်းတေ့၍ ပစ်သတ်ခံထားရ၊ စစ်တပ်လက်ချက်ဟု ဒေသခံတချို့ပြောဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄ 

ကရင်နီပြည်နယ်၏ မြို့တော် လွိုင်ကော်မြို့ထဲတွင် ဆိုင်ကယ်စီးနင်းလာသော ပြည်သူတစ်ဦးကို ယမန်နေ့က ဦးခေါင်းတေ့၍ ပစ်သတ်ထားပြီး အဆိုပါ အ လောင်းမှာ ကောက်သူမရှိဘဲ ယနေ့ ဇန် နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းအထိ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

“လွိုင်ကော်မင်္ဂလာရပ်ကွက်၊ စျာန်အရှေ့မှာ ဆိုင်ကယ်နဲ့ လူ၁ ယောက် အပစ်ခံထား ရတယ်။ ခေါင်းကို အပစ်ခံထားရတယ်ပြောတယ်။ မနေ့ကတည်းက အပစ်ခံထားရတာ။ အခုလည်း အလောင်းကောက်မယ့်သူမရှိဘူး။ ပရဟိတအသင်းတွေကိုတော့ အကြောင်းကြားထားတယ်ပြောတယ်။ အလောင်းကောက်ပေးဖို့ ” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

လွိုင်ကော်မြို့ထဲတွင် စစ်ကောင်စီတပ်များက ကင်းပုန်းအများအပြား ဝင်နေကြပြီး အဆိုပါ ပြည်သူ ပစ်ခတ်သတ်ဖြတ်ခံရမှုသည် စစ်ကောင်စီတပ်များ၏ လက်ချက်ဟု ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article