38 C
Yangon

ဘုတလင်မြို့နယ်၊ ညောင်ပင်ကန်ရွာကို လမ်းရှင်းရန် ထွက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိ

Must read

ဘုတလင်မြို့နယ်၊ ညောင်ပင်ကန်ရွာကို လမ်းရှင်းရန် ထွက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၂၆

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ပင်ကန်ရွာကို လမ်းရှင်းရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့တွင် ဘုတလင်မြို့နယ်၊ ညောင်ပင်ကန်ကျေးရွာကို နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် လမ်းရှင်းရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး ၈၀ မမ ၁၅ လုံး ၊ ၆၀ မမ ၂၀ လုံး၊ ၄၀ မမ၁၅ လုံး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင် သိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦး သေဆုံးပြီး ၈ ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်ကလည်း RPG ၃ လုံး ၊ ၆၀ မမ ၊ ၈၀ မမ၊ စက်လက်များ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ ၆၀ မမ ၁ လုံး G3 ကျည်ဘောက်၊ MA1 ကျည်ဘောက်၊ G3 ကျည် ၅ တောင့်၊ MA1 ကျည် ၅၄ တောင့်နှင့် လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဘုတလင်မြို့နယ် ပကဖ၊ မုံရွာခရိုင် တပ်ရင်း ၂၀ (BOB တပ်ရင်း) ၊ တိုက်နယ် ၁ ၊ တိုက်နယ် ၂ ၊ မဟာ အဖွဲ့၊ ရမ်းဘီလူး အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article