38 C
Yangon

ကျုံဒိုးမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီ တပ်သားများကို ၃ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား

Must read

ကျုံဒိုးမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီ တပ်သားများကို ၃ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား

ရန်ကုန်၊ ဧပြီ ၂၆

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၃ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း KNDO တပ်ရင်း ၆ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၄၆ တပ်ရင်းမှ အကြမ်းဖက် စစ်သားများ၊ မြလှိုင်+ဝင်းအောင် ဦးဆောင်သော BGF၊ DKBA ဗိုလ်ဘိ ဦးဆောင်သော အဖွဲ့တို့ ပါဝင်သည့် ပူးပေါင်း စစ်ကြောင်းက စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်ကောင်စီ ပူးပေါင်း စစ်ကြောင်းကို ကျုံဒိုးမြို့နယ်၊ ၆ တိုင်ရွာ မွန်ကြီးဆိုင် အနီးတဝိုက်တွင် KNDO တပ်ရင်း ၆ နှင့် ဂဠုန်ပူးပေါင်းတပ်ဖွဲ့တို့က ဧပြီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ ၃ ရက်ဆက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၄၆ မှ ဗိုလ်ကြီး ၁ ဦး ၊ BGF မှ စစ်ကြောင်းမှူး ၁ ဦး သေဆုံးပြီး တပ်ကြပ်ကြီး ၁ ဦး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် အပြင်းအထန် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူခဲ့ပြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

” ၂၆ ရက်နေ့မှာလည်း နံနက် ၁၀ နာရီ ဝန်းကျင်ကနေ ၁၂ နာရီထိ စစ်တပ်ရယ်၊ BGF ရယ်၊ DKBA ရယ် ၃ ဖွဲ့ပေါင်းကို ကျွန်တော်တို့ KNDO ကနေ တိုက်ခိုက်တာ BGF က စစ်ကြောင်းမှူး ၁ ယောက်သေဆုံးပြီးတော့ အများအပြား ဒဏ်ရာရတယ်။ ဧပြီလ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့ တိုက်ပွဲမှာတော့ စစ်တပ်ဘက်က ဗိုလ်ကြီး ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားတယ်” ဟု KNDO တပ်ရင်း ၆ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article