26 C
Yangon

ပဲခူးတိုင်း၊ တာပွန်မြို့တွင် လျှပ်စစ်ဝန်ထမ်း စာရေးမ  မီတာခငွေ သိန်း ၉၀ ယူဆောင်ထွက်ပြေး၍ မီတာဆောင်ပြီးသားလူများကို မီတာခ ထပ်ဆောင်ခိုင်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇ 

ပဲခူးတိုင်း၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၊ တာပွန်မြို့တွင် လျှပ်စစ်ဝန်ထမ်းစာရေးမ တစ်ဦးက မီတာခငွေ သိန်း ၉၀ ယူဆောင်ထွက်ပြေးသွား၍  မီတာဆောင်ပြီးသား လူများကို ထပ်မံ ပေးဆောင်ရန် မီတာရုံးက စာထုတ်လာကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

“မီတာခဆောင်ပြီးသား လတွေကို ထပ်ကောက်နေပါတယ်။ မီတာရုံးကစာရေးမတယောက်က သိန်း ၉၀ ယူသွားပါတယ်။ စစ်ခွေးတွေက မီတာမဆောင်တဲ့ အိမ်တွေကို မီးဖြတ်ပါတယ်။ တချို့တွေက မီတာဆောင်ပြီး ချလန်စာရွက်တွေ သိမ်းမထားတော့ ပြန်ဆောင်ရမလို ဖြစ်နေတယ်။ မီတာခပေးထားတဲ့ ချလန်စာရွက်ပေးနိုင်တဲ့သူတွေက စာရွက်ပြပြီး ပြန်ဆောင်စရာမလိုတော့ဘူး။ အခုက အဲလိုတွေဖြစ်နေတယ်။ သူတို့အရှုပ်ကို ပြည်သူကို လာပတ်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

တာပွန်မြို့ လျှပ်စစ်ရုံးက မီတာမဆောင်လျှင် မီတာပုံးဖြုတ်သိမ်းအရေးယူမည်ဟု စာထုတ်ပြန်လာပြီး ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၅ ရက်အတွင်း မီတာဆောင်ကြရန် ပြည်သူကို ခြိမ်းခြောက်စာများ ပေးပို့လာကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article