25 C
Yangon

ချင်းတောင်ဒေသရှိ CDF နှင့် PDF ပူးပေါင်း ၁၇ ဖွဲ့ အတွက် Save Myanmar USA က ရန်ပုံငွေ ​ဒေါ်လာ ၄၀၀၀၀ နီးပါး ရှာ​ဖွေရရှိ၊ ပွဲ ၃ ခုမှ အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ ကောက်ခံရရှိခဲ့

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇ 

ချင်းတောင်ဒေသရှိ CDF and PDF အဖွဲ့ပေါင်း ၁၇  ဖွဲ့ စုဖွဲ့ ထားသည့် ” Chin land Joint Defense Committee ” အတွက် ရန်ပုံငွေ ယူအက်စ် ဒေါ်လာ ၄၀၀၀၀ နီးပါး ကောက်ခံ Save Myanmar USA က ရှာဖွေရရှိကြောင်း သတင်းထုတ်ပြန်သည်။ 

ဇန္နဝါရီလ (၁၆) ရက်နေ့ မြန်မာစံတော်ချိန် မနက်(၈)နာရီ က ၊ အမျိူးသားညီညွတ်ရေးအစိုးရ၏ တာဝန်ခံ မှုဖြင့်၊  Save Myanmar (USA) က တာဝန်ယူပြီး၊ ” မဟာဗျူဟာမြောက် (၃)ပွင့်ဆိုင် အွန်လိုင်း အလှူငွေကောက်ခံပွဲ ” အမှတ်စဉ် ၃ ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ရန်ပုံငွေရှာပွဲသို့ NUG ဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်ဝေစိုးနှင့် ဦးထင်လင်းအောင်တို့ တက်ရောက်မိန့်ခွန်းပြောကြားကြောင်း၊ PDF-Zoland မှ ဆရာမ Emma နှင့် Pu Dong Khup တို့ တက်ရောက်ကြပြီး ဆရာမ Emma မှ ကျေးဇူးတငစကား ပြောကြားကြောင်း သိရှိရသည်။

Save Myanmar – USA က   မြေပြင်တွင် အသက်စွန့် တိုက်ပွဲဝင်နေကြသည့် လိုကယ် ပီဒီအက်ဖ် များ  နွေဦးတော်လှန် ရေး အောင်နိုင်ရေးအတွက် အရေးကြီး၍ ပံ့ပိုးကူညီရမည်ဖြစ် ကြောင်း နှင့်တာဝန်ခံပူး‌ပေါင်းပါဝင် ပေးသည့် ၊ အမျိုးသားညီညွတ်ရေး အစိုးရမှဝန်ကြီးများ နှင့်  နွေဦးတော်လှန်ရေး အစမှ သည်၊ အဆုံးရောက်သည်အထိ ၊ အစွမ်းကုန် ကူညီသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။ 

၊ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များ ပါဝင်သည့်  (၃)ပွင့်ဆိုင် မဟာဗျူဟာမြောက် အွန်လိုင်း အလှူငွေ ကောက်ခံပွဲ များကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန် နောက်ဆုံးပတ်မှ စတင်ကျင်း ပခဲ့သည့် ပွဲပေါင်း ၃ ခုမှ  စုစုပေါင်း အလှူငွေ အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀နီးပါး ကောက်ခံ ရရှိခဲ့ပြီး  လှူဒါန်း‌နေပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article