25 C
Yangon

ရန်ကုန်တောင်ဒဂုံရဲစခန်းတွင် ဗုံး ၂ လုံးဆင့်ပေါက်ပြီး အရေးပေါ်လူနာတင် ကားဝင်ရောက်သွားကာ ထိခိုက်သေဆုံးမှုရှိနိုင်၊  မြောက်ဥက္ကလာတွင်လည်း ဗုံးပေါက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉ 

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ရဲစခန်းတွင် ယနေ့ညပိုင်း ဗုံး ၂ လုံးဆင့်ပေါက်ပြီး အရေးပေါ်လူနာတင်ကားများဝင်ရောက်သွားသဖြင့် ထိခိုက်သေမှုရှိနိုင်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီကျော်ဝန်းကျင်အချိန် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ရဲစခန်းတွင်ဗုံး ၂လုံးဆင့်ပေါက်ကြောင်း အရေးပေါ်ကားများချက်ချင်းရောက်လာသဖြင့် အထိအခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

အလားတူ ဇန်နဝါရီလ ၁၉ ရကန်နေ့ နံနက် ၁၀ နာရီဝန်းကျင် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီလမ်း၊ ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဗုံးပေါက်ကွဲကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိကြောင်း၊ စစ်ကောင်စီတပ်များက လမ်းပိတ်ဆို့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article