25 C
Yangon

ကန့်ဘလူတွင် စစ်ကောင်စီ၏ ထုတ်ကုန် Tiger နှင့် Adman ဘီယာများကို ဖမ်းဆီးပြီး ကုန်တင်ကားဖြင့်ကြိတ်ကာ မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀ 

စစ်ကိုင်းတိုင်း ကန့်ဘလူ-ကောလင်းလမ်းပိုင်းတစ်နေရာတွင် ယနေ့ ဇန်နဝါ ရီလ ၂၀ ရက်နေ့ နံနက် ၆ နာရီ ၂၀ ဝန်းကျင်  ကန့်ဘလူမှကောလင်းဘက်တက်လာသောကားများတွင် စစ်တပ်ထုတ်ကုန် Tiger နှင့် Adman Beer များ စိစစ်တွေ့ရှိရ၍ ဖမ်းဆီးပြီး ဖျက်ဆီးလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များထံမှ သိရှိရသည်။ 

အဆိုပါ ဘီယာများ သယ်ဆောင်လာသည့် ကားကို တားဆီးစစ်ဆေးပြီး ထုတ်ပြန်သတိပေးထားသည့်သတိပေးချက်များအတိုင်းဖယ်ရှားဖျက်ဆီးကာ ကားသမားများအားလည်းနောက်နောင် ပြည် သူလူထုလက်မခံသော စစ်တပ်ထုတ်ကုန်များအားသယ်ဆောင်ခြင်းမပြုရန် သတိ ပေး၍ပြန်လွှ တ်လိုက်ကြောင်း၊  ပြည်သူပိုင်သစ်များ တင်ဆောင်လာသော ဆိုင်ကယ်တစ်စီးကို ထပ်မံသိမ်းဆည်းရမိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article