38 C
Yangon

ပင်လည်ဘူးမြို့ပေါ်ရှိ ရဲစခန်းနှင့်စစ်ကောင်စီတပ်စခန်းကို PDF ဝင်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိ၊ နိုင်ငံတစ်ဝန်း စစ်သား ၁၉ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀ 

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ပေါ်ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ ကာ ကွယ်ရေးဖွဲ့က PDF ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဝင်တိုက်ခဲ့ပြီး စစ်သား ၆ ဦး အရှင်ဖမ်းမိကာ လက် နက်ခဲယမ်းများ သိမ်းဆည်းမိကြောင်း၊ စစ်ကောင်စီတပ်သား အများအပြား သေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၃ နာရီ ၄၅ မိနစ်အချိန် ပင်လည်ဘူးမြို့ပေါ် ရဲ စခန်းနှင့် စစ်ကောင်စီတပ်စခန်း ရိပ်သာကုန်းတို့ကို PDF က ဝင်တိုက်ခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်ကော်ငစီတပ်သားအများအပြားကျဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း၊ စစ်သား ၆ ဦးအရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ PDF ဘက်မှ ၁ ဦးကျဆုံးကာ ၈ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။ 

မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က   ယနေ့စာရင်းကောက်ခံရရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article