26 C
Yangon

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်တွင် လက်နက် ပစ်ခတ်သံများထွက်ပေါ်နေပြီး အဆောက်အဦးအချို့ မီးလောင်နေ၊ ယမန်နေ့ တိုက်ပွဲတွင် KDF ရဲဘော် ၁ ဦး စနိုက်ပါဖြင့် ပစ်ခံရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ကရင်နီပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ နည်းပညာတက္ကသိုလ် အနီးတွင် ဇန်နဝါရီလ ၂၁ ရက် နံနက် ၁၁ နာရီကျော်အချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ထွက်ပေါ်နေပြီး  နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။

“နည်းပညာနားမှာရှိတဲ့ စက်မှုလယ်ယာနားလေးမှာ နေအိမ်တစ်လုံး မီးလောင်တယ်။ ကျွန်တော်တို့ အထင်တော့ စစ်တပ်က မီးရှို့တဲ့ ပုံစံမျိုး ထင်တာပဲ ကျွန်တော်တို့တော့ ။ လက်နက်ကြီးကတော့ ခုချိန်အထိ ဆက်တိုက် ပစ်နေတာပဲ ။ သူတို့ ၆ မိုင်ဘက် ပစ်တယ်၊ ရွာတန်းရှည်၊မိုင်းလုံးနားမှာလည်း ပစ်သံတွေ ကြားနေရတယ်” ဟု Karenni Democratic Front (KDF) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဘီလူးချောင်းအနီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ကရင်နီဒီမိုကရက်တစ်တပ်ဦးတို့ ထိတွေ့မှု အနည်းငယ် ဖြစ်ပွားခဲ့ပြီး KDF ဘက်မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF) မှ သတင်းထုတ်ပြန်သည်။ 

“ သူတို့ဘက်က နယ်မြေရှင်းလင်းရေး လုပ်ရင်းနဲ့  ကျွန်တော်တို့ဘက် ကျွံလာမှာ စိုးတဲ့အတွက် ကျွန်တော်ကနေ ကင်းသွားပြန်ကြည့်တဲ့ ပုံစံလုပ်တဲ့အချိန်မှာ သူတို့ မြင်သွားတာဗျ။ ကျွန်တော်တို့ဘက် ရဲဘော်တစ်ယောက် စနိုက်ပါ ကျည်ထိမှန်သွားပါတယ်။ သူတို့ပစ်ခတ်တဲ့အချိန်တွေ များတယ် ကျွန်တော်တို့ဘက်က အဲဒီလောက်မပစ်ခဲ့ဘူး။ လူနာကို ပြန်ကောက်ရအောင်လို့ပဲ ကျွန်တော်တို့ဘက်က ပစ်ခဲ့တာ” ဟု KDF တာဝန်ခံက ဆက်ပြောသည်။

စနိုက်ပါ ထိမှန်သည့် ရဲဘော်မှာ စိုးရိမ်ရသည့် အနေအထားဖြစ်ကြောင်း၊ ကျည်ဆန်သည် ကျောမှ ဖောက်ဝင်ကာ အဆုတ်မှာ ကျည်စိုက်နေတာကြောင့် ခွဲစိတ်ကုသရန် လိုအပ်နေကြောင်း KDF ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article