35 C
Yangon

စစ်အာဏာသိမ်းမှုကြောင့်  မြန်မာနိုင်ငံမှ ရုပ်သိမ်းထွက်ခွာမည့် Total နှင့် Chevron ကုမ္ပဏီအနေဖြင့် NUG အစိုးရ ငွေစာရင်းများသို့ ဓာတ်ငွေ့ရောင်းရ ငွေလွှဲပြောင်းရန် ကြေညာချက်ထုတ်ပြန်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃ 

စစ်အာဏာသိမ်းမှုကြောင့်  မြန်မာနိုင်ငံမှ ရုပ်သိမ်းထွက်ခွာမည့် Total နှင့် Chevron ကုမ္ပဏီအနေဖြင့် NUG အစိုးရ ငွေစာရင်းများသို့ ဓာတ်ငွေ့ရောင်းရ ငွေလွှဲအပ်ရန် NUG အစိုးရက ကြေညာချက်ထုတ်ပြန်လိုက်သည်။ 

စွမ်းအင်ကုမ္ပဏီများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲမလုပ် ဆောင်တော့ဘဲ ထွက်သွားသည့်ကိစ္စအပေါ်ကြိုဆိုသော် လည်း ဓာတ်ငွေ့ရောင်းချထားသော PTT ကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနငွေစာရင်းများကို ငွေများ လွှဲအပ်ရန်အသိပေးအ ကြောင်းကြားရမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကြေညာချက်ထုတ် ပြန် သည်။ 

မြန်မာနိုင်ငံတွင် လုပ်ကိုင်နေကြသည့် ရေနံနှင့် သဘောဝဓာတ်ငွေ့ကုမ္ပဏီများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်ထားသည့် အမိန့်နှင့် ညွှန် ကြားချက်များကို လိုက်နာဆောင်ရွက်ရမှာဖြစ်ပြီး သဘာဝဓာတ်ငွေအခွန်အခများ ကို NUG အစိုးရ၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန် (၁/၂၀၂၁) အရ ဒုဝန်ကြီးက ညွှန်ကြားသည့် ငွေစာရင်းများကိုသာ လွှဲအပ်ပေးပို့ကြရမည်ဖြစ် ကြောင်း  စစ်အုပ်စုက ထိန်းချုပ်ထားတဲ့ MOGE ငွေစာ ရင်းများသို့ ငွေလွှဲ ပြောင်း ခွင့်မရှိကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article