25 C
Yangon

KIO တပ်မဟာ ၂ နယ်မြေ၊ နမ္မတီးမြို့နယ်အတွင်း စစ်ကောာင်စီထုတ်ကုန် ဘီယာများကို ဖျက်ဆီး (ရုပ်/သံ)

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂၊ တပ်ရင်း ၁၁ အုပ်ချုပ်နယ်မြေ လဂဘွမ့်မြို့နယ်၊ နမ္မတီးတိုက်နယ်တွင် အကြမ်းဖက်စစ်ကောင်စီထုတ်ကုန် မြန်မာဘီယာများနှင့် Andaman Gold ဘီယာများကို ကချင်တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်တွင် ဖျက်ဆီးခဲ့ကြသည်။

ယနေ့နံနက် ၇ နာရီဝန်းကျင်တွင် နမ္မတီးမြို့ လမ်းခွကျေးရွာတွင် KIA တပ်ဖွဲ့များက လိုက်လံစစ်ဆေးပြီး ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

ယမန်နေ့တွင်လည်း မြစ်ကြီးနားမြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များတွင် မြန်မာ၊ ဒဂုံ၊ ABC ဘီယာများ ရောင်းချမှုရှိ မရှိ လိုက်လံစစ်ဆေးပြီး ဘီယာဖာ ၂၀၀ ခန့်ကို KIA က ဖျက်ဆီးခဲ့သေးသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ​က မြစ်ကြီးနားမြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့်စားသောက်ဆိုင်များမှ မြန်မာဘီယာ၊ ဒဂုံ၊ ABC စသောစီဘီယာများကို ယနေ့ ဇန်နဝါရီ ၂၄ရက်နေ့ တစ်ရက်အတွင်း ဘီယာဖာ ၂၀၀ ကျော်ခန့်ကို လက်လံဖျက်ဆီးနိုင်ခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ မြို့နယ်များမှ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း အကြမ်းဖက်စစ်ကောင်စီထုတ်ကုန် ဘီယာများကို ရှာဖွေစစ်ဆေး ဖမ်းဆီးနေကြခြင်းကြောင့် KIO အုပ်ချုပ်နယ်မြေများတွင် စစ်ကောင်စီထုတ်ကုန် ပစ္စည်းများ ရောင်းဝယ်သုံးစွဲမှု နည်းသွားကြောင်း KIO အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။

အလားတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကလည်း ၎င်းတို့ နယ်မြေအတွင်း မြန်မာစစ်တပ်ပိုင် ထုတ်ကုန်များနှင့် ဆက်စပ်ပစ္စည်းများကို ၎င်းတို့ဒေသတွင်း ရောင်းဝယ်သုံးစွဲခြင်းမပြုရန် သတိပေးထားသလို ဖျက်ဆီးမှုများလည်း ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article