ရန်ကုန်၊ ဇန်နဝါရီ ၂၅
ရွှေဘို- မြစ်ကြီးနားဗျူဟာလမ်းပေါ်ရှိ အင်းတော်မြို့နယ် ၊ မဲဇာဒေသ၊ စက်တောကုန်းကျေးရွာအနီးတွင် အချိန်လွန် ခရီးသွားယာဉ်များကို PDF အမည်ခံ၍ လက်နက်ပြ ခြိမ်းခြောက်ကာ အဓမ္မ ငွေတောင်းနေသည့် ပျူစောထီးအဖွဲ့ဝင် ၂ ဦးကိုဖမ်းဆီးရမိကြောင်း အင်းတော် ပကဖ မှ သတင်းထုတ်ပြန်သည်။
PDF အမည်ခံ ငွေတောင်းခံနေမှုကို အင်းတော်မြို့နယ် ပကဖ တပ်ဖွဲ့ဝင်များက သွားရောက် ဟန့်တားရာမှ ပျူစောထီးအဖွဲ့ဝင်များ ဖြစ်နေသည်ကို သိရှိရပြီး ကျူးလွန်သူ ၄ ဦးအနက်မှ ၂ ဦးကို သက်သေခံပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခြင်းဖြစ်သည်။
ဖမ်းဆီးရမိသည့် ပျူစောထီးတပ်ဖွဲ့ဝင် နှစ်ားကို ကသာခရိုင် PDF တပ်ရင်း ၂ ကို လွှဲပြောင်းအပ်နှံ့ခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်ကာ ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိ နိုင်ငံရေးအခြေအနေ မတည်ငြိမ်သည်ကို အခွင့်ကောင်းယူ၍ ပြည်သူများကို မတရားဖိနှိပ်နေသည့် အကြမ်းဖက် စစ်ကောင်စီအပါအဝင် မည့်သည့်အဖွဲ့အစည်းကို မဆို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း အင်းတော် ပကဖ မှ ကြေညာထားသည်။