25 C
Yangon

ရန်ကုန်မြို့လယ်ခေါင်နှင့် မြောက်ဥက္ကလာပတွင် ဗုံးပေါက်၊ အင်းစိန်တွင် စစ်ကောင်စီသတင်းပေးနှင့် လောင်း ကစားဒိုင် ပစ်သတ်ခံရ 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅ 

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်တွင်ယနေ့ ညနေ ၄ နာရီ ၅ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဗုံးပေါက်ကွဲသံကတော့ ကျယ်တယ်။ ဘယ်နားမှာ အတိအကျမသိရပေမယ့်။ မြောက်ဥက္ကလာ ၀ဇီယာဘက်၊  သနန္ဒာလမ်းဆုံဘက်မှာ ကားတွေကို ၄ နာရီခွဲလောက်အထိ ပိတ်ဆို့ပြီး စစ်တယ်။ လူတွေလည်း အစစ်ခံရတယ်။ အိတ်တွေပါ စစ်တာ” ဟုဒေသခံတစ်ဦးက ပြောသည်။ 

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြိုနယ်၊ အနော်ရထာလမ်းနှင့် ရွှေဘုံသာလမ်းထောင့်တွင် ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ယာဉ်ထိန်းရဲကင်းအတွင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ထို့ပြင် ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြိုနယ်၊ ရွာမအရှေ့ရပ်ကွက် ရွာမဘူတာအနီးရှိ ကွမ်းယာ ဆိုင်တစ်ဆိုင်တွင်  စစ်ကောင်စီသတင်းပေး၊ လူမိုက် ဒလန် မူးယစ်ဆေးနှင့်လောင်းကစား ဒိုင် ဘဌေး အသတ်ခံရကြောင်း သိရှိရသည်။ 

ကွမ်းဝယ်နေသူ ဘဌေးကို ဆိုင်ကယ်တစ်စီးဖြင့် လူငယ်နှစ်ဦးက  သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ဘဌေးသည် ကျည်ထိမှန်ဒဏ်ရာ ၅ ချက်ဖြင့်ပွဲချင်းပြီးသေဆုံးသွားကြောင်း၊  ကွမ်းယာရောင်းသည့်အမျိုးသမီးမှာ ကျည်ထိမှန်ဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်းသိရသည်။ 

“သတ်တာကတော့ ရဲစခန်းရှေ့တည့်တည့်ကြီးမှာကို သတ်တာ ။ ရွာမအရှေ့ရပ်ကွက်မှာနေတဲ့ ရဲသတင်း ပေးပါ။ ပွဲချင်းပြီးသေပါတယ်” ဟု မျက်မြင်တစ်ဦးက ပြောသည်။ 

အလားတူ ဇန်နဝါရီလ ၂၄ ရက်နေ့ ညပိုင်းတွင်လည်း  တောင်မြောက်လမ်းဆုံရှိ တောင်ဒဂုံ ရဲစခန်းတွင် ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- ရန်ကုန်မြို့လယ်ခေါင်တွင် သဲအိတ်များ ကာရန်နေသော အကြမ်းဖက်စစ်ကောင်စီတပ်များ။ 

Photo – CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article