36 C
Yangon

မူတြော်ခရိုင်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီ စစ်သား ၁၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်အတွင်း ဇန်နဝါရီလ ၂၄ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ ၁၁ ဦးသေဆုံးကာ အနည်းဆုံး ၁ ဦး ဒဏ်ရာရကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၄ ရက် နံနက် နံနက်အစောပိုင်းတွင် KNLA တပ်ဖွဲ့ဝင်များ၏ မိုင်းဖြင့်တိုက်ခိုက်ခြင်းခံရပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး ၁ ဦး ဒဏ်ရာရကြောင်း၊ နံနက် ၆ နာရီ ၄၂ မိနစ်တွင် ဖာပွန်မြို့ ယွန်းစလင်းအနောက်ဘက်ကမ်းရှိ စစ်ကာင်စီတပ်ဖွဲ့ကို KNLA က ဝင်တိုက်ရာ ၂ ဦးသေဆံးကြောင်း သိရှိရသည်။

မူတြော်၊ တာကောလူဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ကို KNLA တပ်ဖွဲ့များက ဇန်နဝါရီလ ၂၄ ရက်တွင် ၃ ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးပြီး ရိက္ခာတင် လား ၁ ကောင် သေဆံးကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

KNU တပ်မဟာ ၅ နယ်မြေအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီက တပ်အင်အားများ တိုးချဲ့နေပြီး KNLA နှင့် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဓါတ်ပုံ – KNLA တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article