25 C
Yangon

စစ်ကောင်စီ၏ သဘာ၀ဓာတ်ငွေ့ဝင်ငွေရလမ်းအားလုံးကို နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် HRW က တောင်းဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ပြင်သစ်စွမ်းအင် ကုမ္ပဏီ TOTAL နှင့် အမေရိကန် Chevron တို့က မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာ မည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ သဘာ၀ဓာတ်ငွေ့ ဝင်ငွေရလမ်းအားလုံးကို ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် Human Right Watch (HRW)က တောင်းဆိုလိုက်သည်။ 

စစ်ကောင်စီ၏ ရက်စက်သော လူအခွင့်အရေးချိုးဖောက်မှုများကို တားဆီးရန် သဘာဝဓာတ်ငွေ့ ၀င်ငွေအားလုံးကို ပိတ်ဆို့အရေးယူရေး ဘုံရပ်တည်ချက်ချမှတ်ရန် ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများကို HRW က တောင်းဆိုထားသည်။

TOTAL နှင့် CHEVRON က မြန်မာနိုင်ငံက ထွက်ခွာမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကြေညာခဲ့သော်လည်း  မြန်မာစစ်တပ်သည် သဘာဝဓာတ်ငွေ့နှင့် အခြားတူးဖော်ထုတ်လုပ်ရေးကဏ္ဍများမှ  ၀င်ငွေရရှိစေရန် ဆက်လက်လုပ်ဆောင်လိမ့်မည်ဖြစ်၍ ပိတ်ဆို့အရေးယူမှုများ အမြန်ချမှတ်ရန် နိုင်ငံတကာကို HRW က တောင်းဆိုလိုက်ခြင်းဖြစ်သည်။ 

TOTAL နှင့် CHEVRON က  မြန်မာပြည်မှ ထွက်ခွာပြီးနောက် အခြားကုမ္ပဏီများက ဓာတ်ငွေ့လုပ်ငန်းများကို လွှဲပြောင်းယူမည်ဖြစ်သောကြောင့် စစ်အစိုးရထံ သဘာဝဓာတ်ငွေ့ ဝင်ငွေ ဆက်လက်ရရှိမည်ဟု HRW က သတိပေးသည်။

“အာဏာသိမ်းပြီး တစ်နှစ်နီးပါးအကြာအထိ နိုင်ငံတကာရဲ့ ထိရောက်တဲ့ အရေးယူမှုမရှိဘဲ  စစ်တပ်က  ကြောက်မက်ဖွယ်ကောင်းတဲ့ သတ်ဖြတ် ရက်စက်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်။ အစိုးရတွေက သူတို့အပေါ် ပိုသိသာထင်ရှားတဲ့ ငွေကြေးဆိုင်ရာ အရေးယူမှုတွေ မပေးမချင်း သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ဖိနှိပ်မှုတွေကို ရှောင်လွှဲသွားမှာ မဟုတ်ဘူး။”ဟု HRW ၏ အာရှရေးရာ စည်းရုံးရေးဒါရိုက်တာ John Sifton က ဇန်နဝါရီ ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့စီမံကိန်းများသည် စစ်ကောင်စီအတွက် နှစ်စဉ် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိပြီး ၎င်း၏တစ်ခုတည်းသော နိုင်ငံခြားငွေ ရရှိရာ ရင်းမြစ်ကြီးတစ်ခုဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article