30 C
Yangon

ရန်ကုန်သန်လျင်တွင် ဗုံးပေါက်ကွဲပြီး  စစ်သားများ ထွက်ပြေး၊ လမ်းမတော်လျှပ်စစ်ရုံးတွင်လည်း ဗုံးကွဲ၊ မန္တလေးတွင် ရဲနှင့်ပတ်သက်သည့်လူဆိုးအဖွဲ့ တိုက်ခိုက်ခံရပြီး တချို့သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆ 

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာ၊ အောက်စျေး အနီး တွင် ယနေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ဗုံးပေါက်ကွဲပြီး စစ်သားများ ထွက်ပြေးကြောင်း သန်လျင်ပျောက်ကျားတပ်ဖွဲ့ထံ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ 

“ဗုံးကွဲသံတော့ ကြားတယ်ဗျ။ တော်တော်ကျယ်တယ်။ စစ်သားတွေ ထိလား မထိလားတော့ဘူး။ ဒီည ၈ နာရီခွဲကျော်လောက်မှာကြားတာ။ လမ်းမှာလည်း လူက သိပ်မရှိတော့ဘူးဆိုတော့ ဘာတွေ ဆက်ဖြစ်လဲတော့ မသိဘူး” ဟု သန်လျင်ဒေသခံတစ်ဦးက ပြောသည်။ 

အလားတူ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီအချိန် လမ်းမတော်မြို့နယ် လျှပ်စစ်ရုံးတွင်လည်း ဗုံးပေါက်ကွဲခဲ့ကြောင်း၊ လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။ 

အလားတူ မန္တလေးမြို့ အမရပူရမြို့နယ်ရှိ ခိုးဆိုးလုနှိုက်အဖွဲ့တစ်ဖွဲ့ကို ယမန် နေ့ည ၁၀ နာရီဝန်းကျင်တွင် တိုက်ခိုက်နှိမ်နင်းခဲ့ကြောင်း၊ ရဲများနှင့်ပတ်သက်နေသည့် လူဆိုးခေါင်းဆောင်တချို့ သေဆုံးခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Mandalay Ranger Force(MRF)က ထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article