29 C
Yangon

အသံတိတ် သပိတ်တွင် ပြည်သူများ မပါဝင်ရန် ခြိမ်းခြောက်သော လက်ကမ်းစာစောင်များ ဖြန့်ကျဲခြင်း၊ ဓာတ်တိုင်များတွင် ကပ်ခြင်းနှင့် ဆိုင်းဘုတ်ထောင်ခြင်းများ စစ်ကောင်စီက လုပ်ဆောင်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇ 

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်ချိန်တွင် ပြုလုပ်မည့် အသံတိတ်သပိတ်တွင် ပြည်သူများ မပါဝင်ရန် ခြိမ်းခြောက်သော လက်ကမ်းစောင်များ ဖြန့်ဝေခြင်း၊ ကျဲချခြင်း၊ ဓာတ်တိုင်များတွင် ကပ်ခြင်း၊ ဆိုင်းဘုတ်များ ထောင်ခြင်းများကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်းမှစတင်၍ လုပ်ဆောင်နေကြောင်း သိရှိရသည်။ 

“အသံတိတ် သပိတ်မှာ မပါဖို့ ခြိမ်းခြောက်တဲ့ လက်ကမ်းစာစောင်တွေကို စစ်ကိုင်း မန္တလေး လမ်း နှင့် ရတနာပုံတက္ကသိုလ် သို့ သွားတဲ့ လမ်းဆုံ မီးပွိုင့်ထောင့်ကဈေး နန်းရတနာဈေး ပေါက်မှာ ကျဲချသွားတယ်။ အရပ်ဝတ် လက်နက်ကိုင်တွေ၊ နောက်ပြီး ဓာတ်တိုင်တွေ တိုင်းမှာ လိုက်ကပ်ထားတယ်။ သူတို့တွေ အတော်ကို ကြောက်နေကြသလိုပဲ။ ဒီအသံတိတ် သပိတ်မှာ ပါရင် အရေးယူမယ်ဆိုတာမျိုးတွေ လုပ်နေတယ်” ဟု မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ VOMDY က ပြောသည်။ 

အလား ရထားဂိတ်၊ ကားဂိတ်၊ အဝေးပြေးဝင်းများ၊ စျေးထိပ်များနှင့် လူစည်ကားရာနေရာများတွင်လည်း အသံတိတ် သပိတ်တွင်ပါဝင်ခြင်းမပြုရန် ခြိမ်းခြောက်သည့် အနီရောင် ပိုစတာများကိုလည်း စစ်တပ်က လိုက်လံ ချထားကြောင်း ဒေသခံများက ပြောဆိုသည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့သည် စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်ဖြစ်ပြီး တော်လှန်ရေးအင်အားစုက အသံတိတ် သပိတ်ဆင်နွှဲကြရန် နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article