25 C
Yangon

မတူပီမှ ထွက်လာသော စစ်ကောင်စီယာဉ်တန်း အကြိမ်ကြိမ်တိုက်ခိုက်ခံရပြီး စစ်သား ၈ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ချင်းပြည်နယ်၊ မတူပီမြို့မှ ပြန်လည်ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းသည် မတူပီ-မင်းတပ်လမ်းပိုင်းတွင် ချင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံရပြီး စစ်သား ၈ ဦးသေဆုံးပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရထားကြောင်း ချင်းတပ်ဖွဲ့များထံမှ သိရှိရသည်။

ယနေ့ ဇန်နဝါရီလ ၂၇ ရက် နံနက်ပိုင်းတွင်း သံချပ်ကာ အမြှောက်ကား ၂ စီးပါ အဆိုပါ စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးထားကြောင်း CDF မင်းတပ် တပ်ဖွဲ့ဝင် ၁ ဦးထံမှ သိရှိရသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် မတူပီမှ ဇန်နဝါရီလ ၂၄ ရက်တွင် ပြန်လည်ထွက်ခွာလာပြီး ချန်ပြန်းရွာဟောင်းအနီးတွင် CDF Matupi က တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရကြောင်း၊ မတူပီ-မင်းတပ်ကားလမ်း မိုင်တိုင် ၈၀ အနီး၌ ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက် နံနက် ၉ နာရီတွင် စစ်ယာဉ်တန်းရောက်ရှိနေစဉ် CDF Matupi က ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရကြောင်း CDF မတူပီက သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပတ်ဝန်းကျင်သို့ ပစ်ခတ်ခဲ့သော်လည်း CDF တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ထိခိုက်ကျဆုံးမှုမရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ စစ်ကောင်စီယာဉ်တန်းတွင် စစ်ကားအစီးရေ များခြင်းသည် မတူပီဗျူဟာ တပ်ရင်းများအတွက် စစ်သည်အင်အား၊ ရိက္ခာများ ဖြည့်တင်းရန်နှင့် ဘားတိုက်အသစ်များ ဆောက်လုပ်ရန် အိမ်ဆောက်ပစ္စည်းများ သယ်ဆောင်ခြင်းသည့်အတွက်ကြောင့်ဖြစ်ကြောင်း၊ ၎င်းယာဉ်တန်းများကို ခြေလျင်တပ်ရင်းများက လုံခြုံရေး ယူပေးရကြောင်း စစ်ကောင်စီ၏ မတူပီဗျူဟာမှ ဦးစီးအရာရှိ တတိယတန်း စစ်ထောက်တစ်ဦးဖြစ်ပြီး လက်ရှိတွင် CDM ပြုလုပ်ထားသူ ဗိုလ်ကြီး ကောင်းသူဝင်းက ရန်ကုန်ခေတ်သစ်သို့ ရှင်းပြသည်။

ဓါတ်ပုံ – စစ်ကောင်စီ၏ မတူပီဗျူဟာမှ ပြန်လည်ထွက်ခွာလာသည့် စစ်ယာဉ်တန်း (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article