30 C
Yangon

မန္တလေးတွင် စစ်ကောင်စီထုတ် မြန်မာဘီယာရောင်းချသည့်ဆိုင် ၄ ခုကို မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့က ဖောက်ခွဲ မီးရှို့သတိပေး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

မန္တလေးရှိ စစ်ကောင်စီထုတ် မြန်မာဘီယာရောင်းချသည့် ဘီယာဆိုင် ၄ ခုကို မန္တလေး PDF ပူးပေါင်းတပ် ဖွဲ့က ဖောက်ခွဲသတိပေးလိုက်ကြောင်း မန္တလေး PDF ပူးပေါင်းတပ်က ယနေ့ ညနေပိုင်းတွင် သတင်းထုတ် ပြန်သည်။

ဇန်နဝါရီ ၂၇ ရက်နေ့ ညနေ ၆ နာရီ ၃၀ အချိန် JMPDF သည် မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် KPDF (ကရင်ပြည် အခြေစိုက် ကရင်နီတပ်ဦး၊ Phoenix (ရေစကြိုအခြေစိုက်)၊ Mandalay PDF တို့ ပူးပေါင်း၍ ၁၉ လမ်း၊ ၅၆ x ၅၇ ကြား နန်းရှေ့မှ စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာရောင်းချသော ဘီယာဆိုင်ကို လက်လုပ်မိုင်းဖြင့် ပစ်၍သတိပေးခြင်း၊ ရဲမွန်‌တောင် ၅၇ လမ်းမှ KTV တစ်ခုကို မိုင်းကျွေး သတိပေးခြင်း၊ ၂၃ x ၈၉ လမ်း စစ်ကောင်စီဒေါက်တိုင် ဘီယာဆိုင် ၁ဆိုင်ကို မီးရှို့သတိပေးခြင်း၊ လမ်း ၆၀ သမန်းကုန်း အင်းခရုဘုရားအနီး စစ်ကောင်စီဒေါက်တိုင် ဘီယာဆိုင် ၁ဆိုင်ကို မီးရှို့သတိပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

“စုစုပေါင်း Mission ၄ ခု လုပ်ဆောင်ခဲ့‌ကြောင်း သိရ။ နောက်ရက်များတွင်လည်း ထုတ်ပြန်ချက်ကို မလိုက် နာသော ဆိုင်များကိုလည်း အထက်ပါကဲ့သို့ပင် ပညာဆက်ပေးသွားပါဦးမည် ဖြစ်ကြောင်း”ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

JMPDF က ဇန်နဝါရီ ၂၄ ရက်နေ့ ရက်စွဲဖြင့် ဘီယာဆိုင်များ၊ KTV များကို အသိပေးစာထုတ်ပြန်ခဲ့ပြီု မလိုက် နာသော ဆိုင်များကို ၃ရက်စောင့်ကြည့်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article