30 C
Yangon

မြန်မာ့အရေး ပိုမိုထိရောက်စွာ ကူညီပံ့ပိုးပေးရန် ကြိုးစားနေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အတိုင်ပင်ခံ ပုဂ္ဂိုလ်က NUG အစိုးရကို အသိ​ပေး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် Derek Chollet၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kin Moy တို့ ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ၁နာရီကြာ တွေ့ဆုံနွေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။ အဆိုပါ တွေ့ဆုံပွဲကို ၁နာရီကြာ ပြုလုပ်ခဲ့ပြီး အမေရိကန်အစိုးရအနေဖြင့် အာဏာသိမ်းမှု (၁) နှစ်ပြည့်တေ့ာမည့် မြန်မာ့အရေးအတွက် ပိုမိုထိရောက်စွာ ကူညီနိုင်ဖို့ မဟာမိတ်နိုင်ငံများနှင့်အတူလက်တွဲ ကြိုးစားနေကြောင်းပြောကြားခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရမှလည်း အမေရိကန်အစိုးရအနေဖြင့် မြန်မာ့အရေးအတွက် ပိုမိုထိရောက်စွာ ဆက်လက်ကူညီပံ့ပိုးပေးဖို့ ဆွေးနွေးတောင်းဆိုခဲ့ကြောင်း သိရသည်။ ထို့ပြင် အမျိုးသားညီညွတ်ရေး အစိုးရ အနေဖြင့် လက်ရှိ မြေပြင်တွေ တွေ့ကြုံနေရသည့် စိန်ခေါ်မှုများ၊ လူသားချင်း စာနာထောက်ပံ့ရေးအပိုင်းများ၊ တိုင်းရင်းသား အင်အားစု အဖွဲ့အသီးသီးနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများနှင့် လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားနိုင်ဖို့ အာဆီယံ နှင့် ကုလအထူးသံကိုယ်စားလှယ်တို့ ကြိုးပမ်းဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအပေါ် သဘောထားများကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article