34 C
Yangon

ရန်ကုန်တိုင်းလှိုင်မြို့နယ်၊ ဘုရင့်နောင်စစ်ကြောရေးတပ် ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်သားများ ထိခိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းလှိုင်မြို့နယ်၊ ဘုရင့်နောင်စစ်ကြောရေးတပ်ကို ယနေ့ နံနက် ၅ နာရီ ၂၀ မိနစ်အချိန်တွင် ဗုံးခွဲတိုက်ခိုက်မှု တစ်ရပ်ပြုလုပ်ပြီး စစ်သားများ ထိ ခိုက်ကြောင်း ရန်ကုန်အခြေစိုက် From Zero to Hero တပ်ဖွဲ့က ပြောသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်အချိန် လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမပေါ်ရှိ အမှတ်၁ ဘုရင့်နောင်စစ်ကြောရေးတပ်၏ ဂိတ်ပေါက်၀ကို ဗုံး(၁)လုံးဖြင့် စတင်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ပေါက်ကွဲမှုပြင်းအားကြောင့် စစ်သားတချို့ ထိခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ကျန်ရှိသော ဗုံး(၁)လုံးကိုဖောက်ခွဲမှု ပြုလုပ်ရာတွင်အခက်အခဲတခုကြောင့် ပေါက်ကွဲခြင်းမရှိခဲ့ဘဲ စစ်တပ်က သိမ်းယူသွားကြောင်း၊ ယင်းပေါက်ကွဲမှုပီးနောက် တပ်တွင်းမှLight Truckကားတစီးပေါ်တွင်အရပ်ဝတ်များဖြင့်ထွက်လာပြီးစစ်ကြောရေးစခန်းအနီးတဝိုက်ကို ရှာဖွေမှုများကိုပြုလုပ်ခဲ့ကြောင်း From Zero To Hero သတင်းပြန်ကြားရေးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် တော်လှန်ရေးရဲဘော်များ ဘေးကင်းလုံခြုံမှုရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- လှိုင်မြို့နယ်၊ အမှတ် ၁ ဘုရင့်နောင် စစ်ကြောရေးနှင့်တည်းခိုးခန်း ဂိတ်။ 

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article