25 C
Yangon

မင်းတပ်-မတူပီလမ်းပိုင်း တိုက်ပွဲတွင် CDF မတူပီ တပ်ရင်း(၁)မှ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် ကျောင်းဆင်း ဆလိုင်းတုန်မန်း ကျဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ချင်းပြည်နယ် မင်းတပ်-မတူပီလမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် CDF မတူပီတို့ ဇန်နဝါရီလ ၂၇ရက်နှင့် ၂၈ရက်နေ့တို့၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး CDF မတူပီ တပ်ရင်း(၁)မှ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် ကျောင်းဆင်း ဆလိုင်းတုန်မန်း ကျဆုံးခဲ့ကြောင်း ၎င်းနှင့် ခင်မင်ရင်းနှီးသည့် မိတ်ဆွေများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ “တိုက်ပွဲက ၂ရက်ဆက်တိုက် ဖြစ်နေတာ မင်းတပ်-မတူပီလမ်း မိုင်၇၀ ဝန်းကျင်မှာ CDF မတူပီ တပ်ရင်း (၁) က ဆလိုင်းတုန်မန်း ကျဆုံးတယ်လို့ သိရတယ်” ဟု ဆလိုင်းတုန်းမန်း၏ မိတ်ဆွေ တစ်ဦးကပြောဆိုသည်။ ဆလိုင်းတုန်မန်းသည် ၂၀၂၁ မတ်လတွင် အကြမ်းဖက် စစ်ကောင်စီ ၏ ဖမ်းဆီး နှိပ်စက်ခြင်း ခံရပြီးပြန်လည်လွတ်မြောက် လာပြီးနောက်ပိုင်းတွင် CDF မတူပီသို့ဝင်ရောက်ကာ CDF မတူပီနှင့် ပွဲဦးထွက်တိုက်ပွဲမှစ၍ တောက်လျှောက် ပါဝင်လာသော ပညာတတ် လူငယ် ရဲဘော် တစ်ဦးဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article