25 C
Yangon

တရုတ်နှစ်သစ်ကူး ဖေဖော်ဝါရီ ၁ ရက်နေ့ ဆိုင်မပိတ်ရ ဆိုတဲ့ စစ်ကောင်စီ အမိန့်ကြောင့် မြန်မာတရုတ်အသိုင်းအ၀ိုင်းဒေါသထွက်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ပြည်သူတွေ အသံတိတ်သပိတ်လုပ်မှာ စိုးရိမ်ပြီး အကြမ်းဖက်စစ်ကောင်စီက တရုတ်နှစ်ကူးရက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ ဆိုင် တွေ အားလုံး မဖြစ်မနေဖွင့်ရမယ်လို့ ဖိအားပေးလုပ်ဆောင်နေတဲ့အတွက်ကြောင့် တရုတ်စီးပွားရေးအသိုင်းအဝန်းကြားမှာ အကျပ်ရိုက်ဒေါသထွက်နေကြပါတယ်။

“တရုတ်နှစ်ကူးဆိုတာနဲ့ ဆိုင်တွေ အလုပ်တွေ ပိတ်ပြီးတော့ နှစ်ကူးလုပ်နေကျ။ ဒီနှစ်မှာမှ ကျနော်တို့ကို ဆိုင်တွေ အတင်းလာဖွင့် ခိုင်းတယ်။ မဖွင့်ရင် အရေးယူမယ်ဆိုတဲ့ စာတွေမှာ လက်မှတ်ထိုးခိုင်းတယ်။ ကျနော်တို့တင်မဟုတ်ဘူး။ တရုတ် စီးပွားရေး လုပ်ငန်း ရှင်တွေ၊ အသင်းတွေကြားမှာကို ဒီကိစ္စက ဂယက်ရိုက်နေကြပြီ” လို့ သတင်းရင်းမြစ်တစ်ဦးက PVTV ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာ အသံတိတ်သပိတ်လုပ်ကြဖို့အတွက် လှုံဆော်မှုတွေပြုလုပ်ထားပြီးတော့ အကြမ်းဖက်စစ်ကောင်စီက အသံ တိတ်သပိတ်ပြုလုပ်မယ့်နေမှာ ဆိုင်တွေအားလုံး မဖွင့်မနေရ ဖွင့်ရမယ်ဆိုပြီး အမိန့်ကြေညာချက်တွေထုတ်၊ ရပ်ကွက်တွေ လမ်း တွေထဲ အသံချဲ့စက်တွေနဲ့ လိုက်အော်မှုတွေလုပ်နေတာပါ။

ဒီဇင်ဘာလမှာ လုပ်ခဲ့တဲ့ အသံတိတ်သပိတ်အစီအစဉ်မှာ ပြည်သူတွေအားလုံးပါဝင်ခဲ့ကြတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီက ကြောက်ရွံ့ထိတ်လန့်နေပြီး အဲဒီအချိန်ကလို မဖြစ်ရေးအတွက် နည်းမျိုးစုံနဲ့ လိုက်တားနေတာဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူးပွဲဆိုတာ တရုတ်လူမျိုးတွေအတွက် အလွန်အရေးပါတဲ့ပွဲတစ်ခုဖြစ်ပြီး တရုတ်လူမျိုးတွေက နွေဦးရာသီပွဲတော် ဆိုပြီး သုံးနှုန်းကြတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်နေ့

News & Photo – PVTV 

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article