25 C
Yangon

“တပ်ထဲမှာ နိုင့်ထက်စီးနင်းလုပ်တာတွေ၊ စားတာသောက်တာ အဆင်မပြေတာတွေ အများကြီးပါပဲ။ မြန်မာစစ်တပ်နဲ့ ဝေးတဲ့နေရာမှာ ဘယ်နေရာရောက်ရောက် နေမယ်၊ တပ်ထဲမှာ ၃ ပုံ ၂ ပုံ လောက်က ထွက်ပြေးချင်ကြတဲ့သူတွေ” ဟု KNU ထံ အလင်းဝင်လာသည့် တပ်သားရန်ပိုင်စိုး ပြော (ရုပ်/သံ)

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ ဖာပွန် (မူတြော်) ခရိုင်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ လယ်မူပလော (လွယ်မူ) တပ်စခန်းမှ တပ်သားရန်ပိုင်စိုး ကိုယ်ပိုင်အမှတ် တ/၅၄၅၉၁၅ သည် ဇန်နဝါရီလ ၁၆ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး KNU ထံ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။အသက် ၂၈ နှစ်အရွယ် တပ်သား ရန်ပိုင်စိုးသည် ခလရ ၇၃ တပ်ရင်းမှ စစ်သက် ၅ နှစ်ခန့်ရှိသော တပ်သား ၁ ဦးဖြစ်ပြီး အထက်အရာရှိများ၏ အနိုင်ကျင့်မှုများ၊ အစာရေစာ ဝလင်အောင် မစားရခြင်းများကြောင့် ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ပြီး မြန်မာစစ်တပ်နှင့် ဝေးရာ ဘယ်နေရာရောက်ရောက် နေမည်ဟု ပြောဆိုသည်။”လွယ်မူစခန်းက ပြေးလာတဲ့အချိန်က ညနေ ၆ နာရီလောက်မှာပေါ့။ တစ်ရက်ကို ဆန် နို့ဆီဗူးနဲ့ ၁ ဗူးပဲ စားရတယ်၊ ရေဆိုလည်း စစ်ရေဗူးနဲ့ ၁ ဗူးပဲ သောက်ရတယ်။ ထမင်းက အဖြူထည်ပဲ စားရတာ၊ ၇ ရက် ၁ ပတ်လောက်မှ ငါးခြောက်အပိုင်းလေး လက်နှစ်ဆစ်လောက် အပိုင်း ၁ ပိုင်းပဲ စားရတယ်၊ အထက်အရာရှိတွေကတော့ သူတို့ ကြော်လှော်လာတဲ့ဟာတွေ ဆီတွေနဲ့ စားတယ်၊ အဲဒီဟာတွေကလည်း ကျနော်တို့ ထမ်းလာခဲ့ရတဲ့ဟာတွေပဲ၊ စခန်းမှာ ရှိတဲ့ ဆီတို့ ငါးပိတို့ဆိုလည်း သူတို့ပဲ စားတယ်။ သူတို့ အထက်အရာရှိအချင်းချင်း အဆင်မပြေရင်လည်း ကျနော်တို့ကို ခေါ်ပြီး ရိုက်နှက်ပါတယ်၊ အဲဒါတွေကို မကျေနပ်တဲ့သူတွေလည်း အများကြီးပါပဲ၊ ကျနော့် သူငယ်ချင်းတွေ ဆရာကြီးတွေ ရှိပါတယ်၊ မကျေနပ်တဲ့သူတွေက ၃ ပုံမှာ ၂ ပုံလောက်ရှိပါတယ်၊ သူတို့ကို အဆက်အသွယ်ရရင် မနေဖို့ ထွက်ခဲဖို့ ပြောမယ်”ဟု တပ်သားရန်ပိုင်စိုးက မူတြော်သတင်းစဉ်သို့ပြောသည်။လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက် တာဝန်မထမ်းဆောင်လို၍ လက်နက်ချအလင်းဝင်လာသူ စစ်သား ၅၂ ဦးခန့် ရှိပြီဖြစ်ကြောင်း မူတြော်သတင်းစဉ်ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article