25 C
Yangon

ပခုက္ကူမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်ကောင်စီစစ်ကြောင်း ညပိုင်း မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး၊ ပုလဲမြို့နယ်တွင်လည်း စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၂၈ ရက်နေ့ ည ၁၀ နာရီကျော်အချိန်တွင် PKU Ranger အဖွဲ့က ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်သဖြင့် စစ်သား ၂ ဦးသေဆုံးသွားကြောင်း PKU Ranger က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၁၀ နာရီကျော်တွင် ပခုက္ကူ မြို့အတွင်းကင်းပတ်လာသော စစ်ကောင်စီတပ်ကို PKU Ranger အဖွဲ့သားများက ပထမအကြိမ်မိုင်းဆွဲ တိုက်ခိုက်ကြောင်း၊ ပေါက်ကွဲမှုဖြစ်စဉ်ကိုလာရောက်စစ်ဆေးသော စစ်ကောင်စီတပ်ကို ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်းဒဏ်ရာရရှိကြောင်း သိရှိရသည်။

“မနေ့ညက ပေါက်ကွဲတဲ့အသံကတော့ တော်တော်ကို ကျယ်တာ။ အိမ်တွေတောင် သိမ့်သိမ့်တုန်တယ်။ နှစ်ခါ ပေါက်ကွဲတာ။ လူနာတင်ကားသွားတာ မြင်ရတယ်လို့ ပြောတယ်” ဟု ပခုက္ကူဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၈ နာရီ အချိန် စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ဇီးဖြူရွာတွင် အခြေချထားသော ပျူစောထီးသင်တန်း နှင့် စစ်ကောင်စီတပ် များကို ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA)၊ပုလဲ ပကဖ၊အောင်ဆန်းတပ်ဖွဲ့၊သံမဏိ MPDF၊Chindwin Attack Force အဖွဲ့တို့က ဝေဟင်နှင့်မြေပြင်မှ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံးကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ ကြာမြင့်ပြီး ပြည်သူ့တော်လှန်ရေး တပ်မတော်ဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း People revolution army (PRA)က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ-ညပိုင်းကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article