27 C
Yangon

မိုးဗြဲမြို့ပြင်သို့ စစ်တပ်စစ်ကြောင်းများ ထွက်လာသဖြင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က စစ်ဘေးရှောင်စခန်းများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက် ခိုက်နေ

Must read

ရန်ကုန်၊ မေ ၂၁

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ပြင်သို့ စစ်ကောင်စီစစ်ကြောင်းများ ထွက်လာသဖြင့် မကြာခဏ တိုက်ပွဲဖြစ် ပွားနေပြီး အထိနာသော စစ်တပ်က စစ်ဘေးရှောင်စခန်းများကို လက်နက်ကြီး၊ ဒရုန်း များဖြင့် ဗုံးကျဲတိုက်ခိုက်နေ ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် မိုးဗြဲ PDF တပ်ဖွဲ့တို့ ထံမှ သိရသည်။

မေလ ၁၃ ရက်နေ့မှစတင်ပြီး မိုးဗြဲမြို့အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်ပူး ပေါင်းတပ် ဖွဲ့များက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာမှုကြောင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာလျက်ရှိ ကြောင်း သိရသည်။

“မေလ ၁၃ ရက်နေ့ကစပြီး တိုက်ပွဲတွေက တောက်လျှောက်ဖြစ်နေတာ၊ စကစဘက်က အင်အား အလုံးအရင်းနဲ့ပို့ပြီး ထိုးနေလို့ ထိတွေ့မှု ခဏခဏ ဖြစ်တယ်။ စခတွေဘက် အင်အားများသွားလို့ တောက်လျှောက်ထိုးနေတာ။ မိုးဗြဲအနောက်ဘက်မြို့ပြင်ဘက်ပေါ့ အခုထိုးနေတာ။ မနေ့ညကလည်း ထိတွေ့မှုရှိတယ်။ စခတွေဘက်က အထိ နာတယ်။ အဲဒါကြောင့် စစ်ဘေးရှောင်စခန်းတွေကို လက် နက်ကြီး၊ ဒရုန်းတွေနဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာ” ဟု တော်လှန် ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ထိုသို့ အထိနာသော စစ်ကောင်စီတပ်က စစ်ဘေးရှောင်စခန်းများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲတိုက် ခိုက်လျက်ရှိကြောင်း၊ ထို့အပြင် မိုးဗြဲမြို့အတွင်း ကာကင်းယူထားသည့် ကျေးရွာ၊ ရပ်ကွက်အတွင်း မှ လူနေအိမ်အချို့မှ ပြည်သူ ပိုင်ပစ္စည်းများကိုလည်း ခိုးယူခြင်း၊ နေအိမ် မီးရှို့ဖျက်ဆီးခြင်း၊ ဘာသာရေး အဆောက်အအုံ၊ ပြည်သူပိုင်အဆောက်အအုံများကို ဖျက်ဆီးဖြုတ်ယူ ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း မိုးဗြဲ PDF က အသိပေးထားသည်။

စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများ ရှိနေသေသောကြောင့် အချိန်မရွေးတိုက်ပွဲ ကြီး၊ ငယ်ဖြစ် ပွားနိုင်ပြီး မိဘပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိဖြင့် ဂရုစိုက်နေထိုင်ပေးကြပါရန်နှင့် လုံခြုံ သည့် နေရာသို့ ပြောင်း ရွှေ့နေထိုင်ပေးကြရန် မေတ္တာ ရပ်ခံထားသည်။

Mobye People Defense Force – MB-PDF အနေဖြင့် တော်လှန်ရေးမှအစ ယနေ့တိုင်အထိ တော် လှန် မဟာမိတ်အဖွဲ့များနှင့်အတူ တိုက်ပွဲဝင်လျက်ရှိပြီး ဆက်လက်၍လည်း စစ်အာဏာရှင်ကျရှုံး သည် အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုထားသည်။

ပြည်သူများအနေဖြင့်လည်း ရှေ့တန်းကာကင်းတွင် တာဝန်ထမ်းဆောင်သော တော်လှန်ရဲဘော် အတွက် အရေးပေါ်စားနပ်ရိက္ခာ ၊ ဆေးဝါးနှင့် အမိုးအကာများ နှင့် စစ်ရေးအထောက်အပံ့များကို တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ- Mobye People Defense Force – MB-PDF ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article